#Local_News
Published 27 September 2024
▪️ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ကုန်စိမ်းတင်လာသည့် စကားဝါမြေခရီးသည် ယာဉ်တိမ်းမှောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၂၇ရက်နေ့၊ မနက် ၅နာရီ ၅၅မိနစ် အချိန်ခန့်က ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၅၇/၄နှင့် ၅၇/၅ ကြားတွင် ကုန်စိမ်းများ တင်ဆောင်လာသော စကားဝါမြေ ခရီးသယ်ယာဉ်တိမ်းမှောက်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဘောနီအမြန်လမ်းမီသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး (ဦးခေါင်းနောက်စေ့ ထိခိုက်ဒဏ်ရာမစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 September 2024
▪️ ပို့ကုန်ရငွေများပြန်လည်သွင်းပြီးဖြစ်၍ ကုမ္ပဏီ (၅၉)ခုကို အမည်ပျက်စာရင်း(အမည်မည်းစာရင်း)မှ ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဗဟိုဘဏ်အနေဖြင့်(၂၀၁၉)ခုနှစ်တွင် ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသော ကုမ္ပဏီ (၁၃၇)ခုကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အမည်မည်း စာရင်းသွင်းပြီးအရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
▪️ အရေးယူခံရသည့် ကုမ္ပဏီ (၁၃၇)ခုအနက် ကုမ္ပဏီ (၅၉)ခုတွင် ပို့ကုန်ရငွေ အပြည့်အဝပြန်လည်ဝင်ရောက်ပြီးဖြစ်သောကြောင့် အဆိုပါကုမ္ပဏီ (၅၉)ခုနှင့်ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ဒါရိုက်တာအဖွဲ့ဝင်မျာစကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမည်မည်းစာရင်းမှ ပယ်ဖျက်လိုက်ပြီးပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်းကို စက်တင်ဘာလ (၂၇)ရက်ထုတ်နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
၂၆ စက်တင်ဘာ ၂၀၂၄
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ အကြမ်းဖက်လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်း၊ရွေးကောက်ပွဲလမ်းကြောင်းများမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး နစက က ကမ်းလှမ်းဖိတ်ခေါ်လိုက်ပါတယ်။
စက်တင်ဘာ ၂၆ ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တဲ့ နစကရဲ့ ကြေညာချက်မှာ ယင်းကဲ့သို့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။
“ လက်နက်ကိုင်လမ်းစဉ် နှင့်အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန် အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ အကြမ်းဖက် သောင်းကျန်သူအဖွဲ့ အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်း ကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်။" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Òယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ကောက် ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှ လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက် နေချိန်လည်းဖြစ်သည်Ó လို့လည်း နစကရဲ့ကြေညာချက်ကဆိုပါတယ်။
တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို စစ်ဘက်၊ အရပ်ဘက် မျှတစွာဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့တယ်လို့လည်း နစကရဲ့ သတင်းထုတ်ပြန်ပါတယ်။
Òနစကရဲ့အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို မမှိတ်မသုန် ဦးတည်ဆောင်ရွက် နေသော်လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက် အအုံများ၊ ပြည်သူတို့၏အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးရမှုများစွာ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိုများစွာအဟန့်အတားဖြစ်စေခဲ့ရတယ်Ó လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
#ymg/knl
#Daily_News
Published 26 September 2024
၁။ အခုရက်ပိုင်းရန်ကုန်မိုးများလာ၍ ငမိုးရိပ်ဆည်ရေပိုလွှဲမှ (၃)ပေနီးပါးကျော်လာ
၂။ ခရမ်းချဉ်သီးလေးဆခန့်နှင့် ဂေါ်ဖီပန်းပွင့်ဈေးနှုန်း ၅ ၀ရာခိုင်နှုန်းအထိ မြင့်တက်
၃။ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ချောင်းနားနီးသည့်ရပ်ကွက်အချို့ရေဝင်ရောက်မှုရှိ
၄။ အမေရိကန်၌အတိုးနှုန်းများလျှော့ချသွားသော်လည်း ပြည်သူအများစုစားဝတ်နေရေးကြပ်တည်းနေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
"ကလေးနှစ်ဦးက အခုထက်ထိ သူ့မိဘတွေနဲ့ အဆက်အသွယ်မရသေးဘူး။ သူ့မိဘတွေလည်း ေ-သလားရှင်လားတော့မသိသေးပါဘူး။ ရေဘေးရှောင်စခန်းမှာကယ်ထားတာ(၁၃)ရက် (၁၄)ရက်လောက်တော့ရှိပြီ"လို့ တောင်ငူအခြေစိုက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
#Local_News
Published 26 September 2024
#မိန်းကလေးငယ်နှစ်ဦး #မိဘများနှင့်အဆက်အသွယ်မရ
#YMG/tthl #Yangon_Times
တစ်ရက်တာအတွင်း ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၃၀ နဲ့ ရွှေရည်ညွှန်းဈေးကျပ် ခြောက်သောင်းခွဲကျော်အထိမြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 26 September 2024
#ကမ္ဘာ့ရွှေဈေးမြင့်တက် #ရွှေရည်ညွှန်းဈေးမြင့်တက်
#YMG/NN #Yangon_Times
အခုရက်ပိုင်းအတွင်းမှာ ငမိုးရိပ်ချောင်းရေလျှံတဲ့အတွက် ချောင်းအနီးရှိ ရပ်ကွက်တွေထဲ ရေဝင်ရောက်မှုရှိခဲ့သလို လှည်းကူးမြို့နယ်ထဲရှိ ငမိုးရိပ်ချောင်းထဲ ခြေချော်ကျလို့ ပျောက်ဆုံးသူလည်းရှိခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 26 September 2024
#လှည်းကူးမြို့ #ရပ်ကွက်အချို့ရေဝင်ရောက်
#YMG/tthl #Yangon_Times
Page 751 of 2467