Published_ 11 March 2024
ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ ချစ်ကြည်ရေး ဘိုးလင်းပြိုင်ပွဲအား Bao Long Bowling and Golf Sport Bar ၌ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက မတ် ၉ ရက်၌ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါပြိုင်ပွဲ၌ မြန်မာသံအမတ်ကြီးက မြန်မာသံရုံးမှ ACB အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ချစ်ကြည်ရေးဘိုးလင်းပြိုင်ပွဲကို တာဝန်ယူကျင်းပရသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာနအတွင်းရေးမှူးချုပ်ရုံး (ACC) တို့အကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု မြှင့်တင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံ-တရုတ် တူညီသည့် အနာဂတ်အသိုက်အဝိုင်း အကောင်ထည်ဖော်ဆောင် နိုင်ရေးကိုရှေးရှု၍ ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ ပိုမိုခိုင်မြဲသည့် ဆက်ဆံရေးကို ရရှိစေနိုင်မယ်လို့ ဆိုပါတယ်။
ACB Bowling ပြိုင်ပွဲသို့ မြန်မာသံအမတ်ကြီးအပါအဝင် ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာန၊ အတွင်းရေးမှူးချုပ်ရုံး (ACC) တို့မှ အဆင့်မြင့်အရာရှိကြီများ နှင့် တာဝန်ရှိသူများက တစ်သင်းလျှင် ကစားသမား (၄)ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာအိုနိုင်ငံမှ ပထမဆု၊ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယဆု၊ ဖိလစ်ပိုင်နိုင်ငံမှ တတိယဆု ရရှိခဲ့ ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ တုရင်တောင်စွယ်တော်မြတ် စေတီအတက်/အဆင်းလမ်း တွင် ဘုရားဖူး ယာဉ်(၁)စီး တိမ်းမှောက်ကာ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက် အရသိရသည်။
မတ်လ ၁၁ရက် ၁၁နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာသတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းမှ ယာဉ်(၂)စီး၊ Bagan Rescue အသင်းမှ အဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးယာဉ်မှာ စွယ်တော်မြတ်စေတီအားဖူးမျှော်ပြီး ပြန်ဆင်းလာရာ ယာဥ်ကြံ့ခိုင်မှု အားနည်းမှုကြောင့် ဘရိတ်ပေါက်ပြီး လမ်းဘေးတိမ်းချော်ပြီး ကားမှောက်သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဥ်ပေါ်တွင် ယာဥ်မောင်းအပါအဝင် ဘုရားဖူခရီးသည် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး၊ ပေါင်း ၁၃ ဦးပါရှိပြီး ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၁ ဦး အမျိုးသမီး ၄ ဦး ပေါင်း ၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများအား ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ် ၅ အရန်မီးသတ်မှ လူမှုကူညီရေးယာဥ် ၂ စီးနှင့် Bagan Rescue အသင်းပိုင် Ambulance ယာဥ် ၁ စီးတို့ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


Published_ 11 March 2024
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ထိုင်းဘုရင်ကိုးကွယ်သည့်ဘုန်းတော်ကြီးနှင့် ထိုင်းဒုရဲချုပ်တို့လာရောက်ဖူးမြော်ခဲ့ကြောင်းဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ(၈)ရက်တွင်ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကိုးကွယ်သော ထိုင်းနိုင်ငံဘုန်းတော်ကြီး Somdet Phar Maharatchamongkhonlamuli Aiemsa. Ard နှင့် ထိုင်းနိုင်ငံ ဒုတိယရဲချုပ် Pol.Gen. Chinnapat Sarasinတို့ပါဝင်သော ထိုင်းကိုယ်စား လှယ်အဖွဲ့တို့ လာရောက်ဖူးမြော်ခဲ့ခြင်းဖြစ်သည်။
အဆင်ပါအဖွဲအား အလှည့်ကျသဘာပတိ ဦးအောင်မြတ် နှင့် ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်း တို့ မှ ခရီးဦးကြိုဆို၍ အဆိုပါ အဖွဲ့မှ ဆံတော်မြတ်ရတနာ ၊ ဆံတော်တိုက်ပြခန်း ၊ နန်းဦးဘုရားကြီး တို့အား ပန်း၊ရေချမ်း၊ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး ရွှေသင်္ကန်းအလှူတော်ငွေကျပ် ( ၂၉၂၀၀၀/) ( ကျပ်နှစ်သိန်းကိုးသောင်းနှစ်ထောင်တိတိ) ၊ ထိုင်းဘတ် ( 38100) နှင့် US $ ( 400) အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာ ဓာတ်ပုံအား အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်ဟုဆိုသည်။
ထို့နောက် ဗိုလ်တထောင်ရောဟဏီ ဘိုးဘိုးကြီး ၊ အစ်မတော်မြနန်းနွယ် နှင့် တန်ဆောင်းအသီးသီးရှိ ဘုရားများအား လှည့်လည်ဖူးမြှော်ကြည်ညို ကြ၍ နံနက် ( ၁၀ : ၀၀) မိနစ်အချိန်တွင် ပြန်လည် ထွက်ခွာသွားကြောင်း ဖော်ပြထားသည်။
Yangon Times/tthl
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဧပြီလနောက်ပိုင်းမှာ မွေးမြူရေးဆိတ်တွေအနေနဲ့ ရောဂါဖြစ်ပွားမှုနည်းပြီး စားကျက်မြေလည်း ကောင်းမွန်တဲ့အချိန် ဖြစ်တဲ့အတွက် ဆိတ်မွေးမြူသူတွေအနေနဲ့ တိုးချဲ့မွေးမြူမှု အများဆုံးပြုလုပ်တဲ့ ကာလဖြစ်တယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
"ဒီနေ့မြန်မာစာကတော့ လွယ်တယ်။ အချိန်မစေ့ခင်ပြီးလို့ထွက်လာသူတွေရှိတယ်။
မိဘတွေအနေနဲ့ကတော့ အအောင်အကျမရှိ Grate A,B,C နဲ့ခွဲမှာဆိုတာကို မသိကြောင်းနဲ့ ဒီနှစ်အတွက်စာမေးပွဲ အောင်ဖို့ သိပ်စိတ်ပူပေမယ့် အမှတ်ကောင်းကောင်းမရမှာ ဂုဏ်ထူးရမှတ်မရမှာကို စိုးရိမ်တယ်။
Yangon Times/tthl
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မော်တင်စွန်းဘုရားပွဲတော်စတင်၊ နဂါးစာအာဟာရဒါနပြုလုပ်သူများပြား
' မော်တင်စွန်းဘုရားပွဲတော် ကာလမလို့ နဂါးစာပူဇော်တာ များပါတယ်၊ မူလဒါယကာဇေယျသေနနဂါးမင်းကို ပူဇော်ကြတာပါ၊ နဂါးစာဖော်တော်တစ်ခုကျပ်နှစ် သောင်းကနေ နှစ်သိန်းအထိရှိ ပါတယ်၊ အဓိဌာန်ဆုတောင်းပြည့်သူတွေက လည်း ထပ်လှူကြတယ်၊ မလာနိုင်သူတွေက ငွေလှမ်းလွှဲပြီး ပူဇော်တာတွေလည်းရှိပါတယ်
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ကန်ရိုး သုသာန် ရှေ့ တွင် ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တို-က်မိမှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။
မတ်လ (၁၀)ရက်၊ ည (၁၀) နာရီ (၂)မိနစ်အချိန်ခန့်က Fit shuttle အဖြူရောင်မှာ မောင်းနှင်လာရာ အရှိန်လွန်ပြီး လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တို-က်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးမှာ (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ပရဟိတအသင်းအဖွဲ့ Ambulance ယာဉ်များဖြင့် တောင်ငူဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group

Page 748 of 2202