#Local_News
Published 25 September 2024

▪️ ကရင်ပြည်နယ်တွင် စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေနစ်မြုပ်၍ မိုးစပါး(၁၄၄၅၀)ဧကခန့်ပျက်စီးခဲ့ကြောင်း သိရသည်။

 

▪️ စက်တင်ဘာလ (ဒုတိယအကြိမ်) ရေကြီး ရေလျှံမှုတွင် မိုးစပါး ၃၅၃၉၁ ဧကခန့်ရေကြီးနစ်မြုပ်ခဲ့ကာ ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၅၀ ဧကခန့်ပျက်စီးခဲ့သည်။

 

▪️ အဆိုပါထိခိုက်ပျက်စီးမှုကို ကရင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ရက်(၉၀)မျိုးစပါး တင်း ၂၀၀၀ ခန့်အား ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့ကို အဓိကထားထောက်ပံ့ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။

 

▪️ အရည်အသွေးမြင့်မားသည့် သွင်းအားစုများကို အချိန်ကိုက်အချိုးညီ ထည့်သွင်းနိုင်ရေးနှင့် တောင်သူစိတ်ဓာတ် မြင့်တင်ရေးအပိုင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချိန်မီ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေးနည်းပညာနှင့် စက်ယန္တရားများ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဌာနရှိ ယန္တရားများအပြင် အစုအဖွဲ့များ၊ တောင်သူများရှိ ယန္တရားများကိုပါ စုဖွဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times