#Local_News
Published 25 September 2024

▪️ မြန်မာရေဘေးသင့်ပြည်သူများအတွက်ပြင်သစ် - မြန်မာကုန်သည်ကြီးများအသင်းနှင့် ကုမ္ပဏီများမှကျပ်သိန်း(၆၀၀)တန်ဖိုးရှိပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။

 

▪️ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူမှုကရုဏာအကူအညီများပေးရာတွင် အသုံးပြုရန်အတွက် ရည်ရွယ်လှူဒါန်းခြင်းဖြစ်သည်။

 

▪️ မြန်မာရေဘေးသင့်ပြည်သူများအတွက် ပြင်သစ် - မြန်မာကုန်သည်ကြီးများအသင်းနှင့် ကုမ္ပဏီများ၊ မိတ်ဖက်အဖွဲ့အစည်းများ မှ ကျပ်သိန်း (၆၀,၆၀၀,၀၀၀) တန်ဖိုးနှင့်ညီမျှသော Basic Food Pack အရေအတွက် - ၅၀၀ နှင့် Hygiene Parcel - ၈၀၀ ကို ကြက်ခြေနီအသင်းရုံးခွဲသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times