#Local_News
Published 25 September 2024


▪️ နေပြည်တော်စည်ပင် ဧည့်ရိပ်သာ၏ အခန်းငှားရမ်းခနှုန်းထားများအား ပြင်ဆင်ကောက်ခံသွားမှာဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ပြင်ဆင်ကောက်ခံရာတွင် အခန်းငှားရမ်းခနှုန်းထားများကို စက်တင်ဘာ (၂၄) ရက်မှ စတင်၍  ရိုးရိုးခန်းလျှင် ဝန်ထမ်းနှုန်းထားဖြင့် (၁၂၆၀၀)ကျပ်နှင့် ပြင်ပနှုန်းမှ ငှားရမ်းသူများအတွက် (၁၈၉၀၀) ကျပ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ Aircon ခန်း ငှားရမ်းခများကို ဝန်ထမ်းများအား (၂၅၂၀၀) ကျပ်နှင့် ပြင်ပမှ ငှားရမ်းသူများအတွက် (၃၁၅၀၀) ကျပ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့ပြင် မိသားစုလိုက်တည်းခိုနိုင်သည့် ငုရွှေဝါဆောင်အတွက် (၅) ဦးစာလျင် (၆၃၀၀၀) ကျပ်ဖြစ်ပြီး ထပ်တိုး (၁) ဦးလျင် (၁၂၆၀၀) ကျပ်ဖြင့် (၃) ဦးအထိ ထပ်တိုးတည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း၊ ရိုးရိုးခန်းနှင့် Aircon ခန်းများတွင် ဧည့်သည် (၃) ဦးအထိ တည်းခိုနိုင်ကြောင်းလည်း သိရသည်။

 

#YMG/NN #Yangon_Times