#Local_News
Published 10 December 2023
မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် ရေခဲသေတ္တာ(၁၅၁)လုံးအပါအဝင် တရားမဝင်ပစ္စည်းမျာသိမ်းဆည်းရမိပြီး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှသိရသည်။
ဒီဇင်ဘာ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Glacier Two Door ရေခဲသေတ္တာ ၁၅၁ လုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၆၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ထို့အတူ ဒီဇင်ဘာ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ လိုင်စင်မဲ့ Faw ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ခဲ့သည်ဟုဖော်ပြထားသည်။
ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲနှစ်မှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၆၅၀၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
#Local_News #ရေခဲသေတ္တာ(၁၅၁) လုံး #Fawကားတစ်စီး #တရားမဝင်ပစ္စည်းများသိမ်း ဆည်းရမိ
#tthl #Yangon_Time
#Local_News
Published 10 December 2023
မိုးပျံ ဆောက်လုပ်ဆဲတံတားပေါ်မှပြုတ်ကျပြီးသေဆုံးသူမြန်မာအလုပ်သမားအား ဒီဇင်ဘာ၁၀၌ မလေးရှားနိုင်ငံ၌ သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်းမြန်မာလူမူကူညီရေးအသင်း (မလေးရှား)သိရသည်။
ဖြစ်စဉ်မှာပဲခူးတိုင်း ဇောင်းတူမြို့နယ် ဇီးတောကျေးရွာမှ မလေးရှားနိူင်ငံ ကွာလာလမ်ပူမြို့လာရောက်အလုပ်လုပ်ကိုင်သည့် (ကိုစည်သူဟိန်း)(၂၃)-နှစ်သည်နိုဝင်ဘာ၃၀ ရက်နေ့ ဆောက်လုပ်ရေးလုပ်ငန်းတွင်အလုပ်လုပ်ကိုင်နေစဉ် မိုးပျံတံတားသံချောင်းများအား ဝရိန်ဆော်ခိုက် အက်စီးဒင့်ဖြစ်ကာ ဆောက်လက်စ တံတားပေါ်မှ. ပြုတ်ကျပြီး ကွာလာလမ်ပူမြို့ဆေးရုံကြီးမြို့တွင် သေဆုံးခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ယနေ့နံနက်ပိုင်း၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ချဲရပ်သုသန် ဂျလန်ကွာလီတွင် ရှိသော မီးသဂြိုလ်စက်တွင်သဂြိုလ်ခဲ့ရာ မြန်မာသံရုံး(မလေးရှား)၏ အလုပ်သမားရေးရာသံအရာရှိများ နှင့် မြန်မာနိူင်ငံသားများမှ ကူညီပို့ဆောင်သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။
#Local_News #မိုးပျံဆောက်လုပ်ဆဲတံတား #ပြုတ်ကျပြီးသေဆုံး#YMG/NN #Yangon_Times
#Local_News
Published 10 December 2023
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၆ လက်ကျန်ပွဲစဉ် ၌ မဟာယူနိုက်တက်အသင်းမှ ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုးဂိုးမရှိဖြင့်အနိုင်ရခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၆ လက်ကျန်ပွဲစဉ် ကိုရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယနေ့ညနေ ၄ နာရီ ၌သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းပြီးဆုံးချိန်မှာ မဟာယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရိြှဖင့် ဦးဆောင်ခဲ့ပြီး ပွဲပြီးချိန်အထိ တစ်ဂိုးဂိုးမရှိနှင့်အနိုင်ရခဲ့ကြောင်း သိရသည်။
'မဟာယူနိုက်တက်အသင်းအတွက်ဉီးဆောင်ဂိုးကို ကွင်းလယ်ကစားသမား အောင်လှိုင်ဝင်းကပင်နတီမှတစ်ဆင့် ပွဲကစားချိန် ၃၄မိနစ်မှာသွင်းယူပေးခဲ့ပါတယ်'ဟု မဟာယူနိုက်တက်အသင်းကပြောကြားထားသည်။
ယင်း ပွဲစဉ်ကို Myanmar National League Youtube Channel ၊SKY NET SPORTS 4 ၊ SKY NET SPORTS HD နှင့် CHANNEL 9 HD ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးခဲ့ခြင်းဖြစ်သည်။
မဟာယူနိုက်တက်အသင်းနှင့် ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရရှိထားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၂၀ ပွဲကစား၊ ၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ်၅၀ နှင့်အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး မဟာယူနိုက်တက် အသင်းသည် ၂၀ ပွဲကစား၊ ၆ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်နှင့် အဆင့် ၉ နေရာတွင်ရပ်တည်နေကြောင်းသိရသည်။
#Local_News #မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် #မဟာယူနိုက်တက်အသင်း #တစ်ဂိုးဂိုးမရှိဖြင့်အနိုင်ရ
#YMG NN #Yangon -Times
"EVကားတွေ ဒီရက်ပိုင်းကို Instock ပြတ်သွားတဲ့အထိကို ရောင်းရတယ်" (ကိုမိုး အနုပညာ) car sale center
ပိုင်ရှင် ဦးမိုးကျော်သူ
#Local_News
Published 10 December 2023
#စက်သုံးဆီအခက်အခဲ #EVကားInstockပြတ်
#YMG/NN #Yangon_Times
#LocaL_News
Published 10 December 2023
နိုဝင်ဘာလတစ်လအတွင်းလောင်းကစားမှု ၁၆၀ကျော်ဖမ်းဆီးရမိပြီး ရန်ကုန်မှအများဆုံးဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
အဆိုပါ လောင်းကစားမှု စီမံချက်ရေးဆွဲ ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း လောင်းကစားမှု (၁၆၇) မှုမှ တရားခံ (၃၆၉) ဦးဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှုများတွင် ရန်ကုန်မှ (၅၂) မှုဖြင့်အများဆုံးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်မှ (၂၇) မှုဖြင့်ဒုတိယ အများဆုံး ဖြစ်ကာ မန္တလေးမှ (၂၅) မှု၊ ဧရာဝတီမှ (၁၇) မှု၊ ပဲခူး၊ မကွေးနှင့် မွန်မှ (၁၂) မှုစီ၊ နေပြည်တော်မှ (၄) မှု၊ ကချင် နှင့် တနင်္သာရီတို့မှ (၂) မှုစီ၊ ကရင်၊ နှင့် ရခိုင်တို့မှ (၁)မှုစီ စုစုပေါင်း (၁၆၇) မှု ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ လောင်းကစားမှုမှ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများမှာ လက်ကိုင်ဖုန်း (၁၀၉) လုံး၊ ဆိုင်ကယ် (၂၉) စီး၊ ကား (၅) စီး၊ လက်တော့ပ် (၄) လုံး၊ ဂိမ်းစက် (၇) လုံးနှင့် ထိုင်းငွေ ၆၂၁၀ ဘတ်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရမိသည့် အမှုများမှာ နှစ်လုံးထီအမှု (၁၁၁) မှုမှ တရားခံ (၁၃၅) ဦးကို လောင်းကြေးငွေ ကျပ် ၁၄,၁၂၂,၅၀၀အပါအဝင် ချဲထီအမှု ၊ဖဲမှုနှင့်အခြားအမှု များစသည်ဖြင့် စုစုပေါင်း လောင်းကစားမှု (၁၆၇) ခုမှ ဖမ်းမိတရားခံ (၃၆၉) ဦးနှင့် ၁၉၆,၅ ၈၅,၉၀၂ ကျပ်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
#LocaL_News #လောင်းကစားမှု၁၆၀ကျော် #ရန်ကုန်မှအများဆုံးဖမ်းဆီးနိုင်ခဲ့ #YMG/NN #Yangon-Times
#LocaL_News
Published 10 December 2023
စက်သုံးဆီတစ်လပျမ်းမျှ မက်ထရစ်တန်၅သန်းဝန်းကျင် တင်သွင်းဖြန့်ဖြူး ပေးနေပြီး ယခုလအတွင်းလည်း ပြည်ပမှ ဆီတင် သင်္ဘော (၂၇) စီးထပ်မံတင်သွင်းရန် Suppliers များနှင့် ညှိနှိုင်းထားကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။
ပြည်တွင်း၌ စက်သုံးဆီ လက်ကျန် ပြတ်လပ်နေပြီဖြစ်ပြီး ဝယ်ယူရန် ခက်ခဲမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ၄က ရှင်းလင်းချက်ထုတ်ပြန်စဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းသုံးစွဲမှုပမာဏ၏၉၀ရာခိုင်နှုန်းကျော်မှာ စင်ကာပူနိုင်ငံမှ အဓိကအားဖြင့် အချိန်နှင့် တစ်ပြေးညီဝယ်ယူတင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
'လက်ရှိအခြေ အနေမှာ တစ်လပျမ်းမျှ မက်ထရစ်တန် ၅ဒသမဝသန်းဝန်းကျင် တင်သွင်းဖြန့်ဖြူး ပေးနေပါတယ်။ လစဉ်ပြည်တွင်းမှာ ဖူလုံစွာသုံးစွဲနိုင်ဖို့လိုအပ်တဲ့ စက်သုံးဆီ အမျိုးအစားအလိုက် ပမာဏကိုတွက်ချက်ပြီး အဲဒီပမာဏအတိုင်း သင်္ဘောတွေကို ခန့်မှန်းရောက်ရှိလာမယ့်အချိန်၊ ဆိုက်ကပ်ရမယ့် Jetty တွေရဲ့ အခြေအနေ၊ Terminal တွေရဲ့ သိုလှောင်နိုင်မှုပမာဏ၊ ဘောက်ဆာတွေ ဝင်/ထွက်ထုတ်ယူဖြန့်ဖြူး ပေးနိုင်မှု အခြေအနေတို့နဲ့ ကိုက်ညှိပြီး ပြည်ပနိုင်ငံက ဆီတင်ယာဉ်သင်္ဘောတွေအတွက် Shipment Plan ကိုရေးဆွဲတင်သွင်းနေတာဖြစ်ပါတယ်။ ဒီအပြင် ရာသီအလိုက်၊ ပွဲတော်တွေအလိုက်၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အလိုက်လိုအပ်ချက်တွေကိုလည်း ထည့်သွင်း သုံးသပ်ရေးဆွဲပြီးတင်သွင်းနေတာဖြစ်ပါတယ်'ဟု ၄င်းကဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ၈ရက်အထိသီလဝါသိုလှောင်ကန်စခန်းများ၊အခြားဒေသက သိုလှောင်ကန်စခန်းများ၌စက်သုံးဆီလက်ကျန်အခြေအနေဖြင့် ပြည်တွင်းးလမ်းခရီး သယ်ယူပို့ဆောင်နေမှုများ အပါအဝင် သီလဝါဒေသ Jetty များတွင် ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော ၆ စီး၊ ပင်လယ်ဝ Pilot Station များတွင် ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော ၉ စီး၊ စင်္ကာပူနိုင်ငံမှ ဆီတင်ပြီးထွက်လာသည့် ဆီတင်သင်္ဘော ၁ စီး၊ စုစုပေါင်း ၁၆ စီးရှိသည့်အတွက် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများပြည်သူတွေအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်း သိရသည်။
'ဒီအပြင် နောက်ထပ်ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပက ဆီတင်သင်္ဘော ၂၇စီးနဲ့ ထပ်မံတင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီး လည်းဖြစ်ပါတယ်။'ဟုစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။
ထို့အပြင် စက်သုံးဆီအဓိကဖြန့်ဖြူးပေးနေသည့် သီလဝါဆိပ်ကမ်းမှ သိုလှောင်ကန်စခန်း ၈ ခု၌ တစ်နေ့လျှင် ဘောက်ဆာအစီးရေ ၁၅၀၀မှ ၁၈၀၀ကြား ဝင်ထွက်ပြီးလုပ်ငန်းများဆောင်ရွက်နေသည့် အတွက် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန များဖြင့် ပူးပေါင်းပြီးဖြေရှင်းဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိကြောင်းသိရသည်။
#LocaL_News #တင်သွင်းဖြန့်ဖြူး #ဆီတင်သင်္ဘော(၂၇) စီးထပ်မံတင်သွင်း #YMG/NN #Yangon-Times
#LocaL_News
Published 10 December 2023
ထိုင်းနိုင်ငံ နခေါစီထမ်မရတ်ခရိုင် ဘန်င်ခန်မြို့ လမ်နောင်ဝ်ကျေးရွာ အုပ်စု ၈ နယ်မြေရှိ ကားလမ်းပေါ်တွင် ဘန်ကောက်-ရနောင်းပြေးဆွဲနေသည့် အဝေးပြေးဘတ်စ်ကားပေါ်တွင် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာသည့်မြန်မာအလုပ်သမား များ အဖမ်းခံရကြောင်းထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။
နယ်မြေစစ်ဆေးရေးဂိတ်မှ လုံခြုံရေး အဖွဲ့က အဆိုပါ ဘတ်စ်ကားကို စစ်ဆေးမှု ပြုလုပ်ရာ မှကားမောင်းသူအခန်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅ ဦး ခရီးသည်ထိုင်ခုံတွင် ၂ဦး စုစုပေါင်း ၇ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
ထို့အတူ စုခ်စာမ်ရာစစ်ဆေးရေးဂိတ်တွင် ပစ်ကပ်ကားတစီးတွေ့ရှိသဖြင့် စစ်ဆေးကြည့်ရာ ကားထဲတွင် တရားမဝင်မြန်မာအလုပ်သမား ၆ ဦးတို့ကိုတွေ့ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများကိုခေါ်ဆောင်ပေးလာသည့် ကားသမာဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ယင်း ကားသမား၏အမည် အချက်အလက်တို့ကို တာဝန်ရှိသူများကစစ်ဆေးတွေ့ရှိကြောင်းသိရသည်။
ဖမ်းဆီးမိသူများ အားလုံးကို သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေလျင်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။
#LocaL_News # အဝေးပြေးဘတ်စ်ကားပေါ် #မြန်မာအလုပ်သမားများ အဖမ်းခံရ #YMG/NN #Yangon_Times
Page 761 of 2053