#Local_News
Published 24 September 2024

▪️ လာမည့် (၂၄)နာရီအတွင်း ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာနိုင်၍ အချိန်မီရှောင်ရှားကြရန်  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိ‌‌ပေးထုတ်ပြန်လိုက်သည်။

 

▪️ ယနေ့ စက်တင်ဘာ (၂၄)ရက် နေ့လယ်၁၂နာရီခွဲအချိန် မြစ်ရေတိုင်းထွာချက်များအရ ပဲခူးမြစ်ရေမှာ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခွဲခန့် ရောက်ရှိနေပြီး နောက် (၂၄) နာရီအတွင်း ပဲခူးမြို၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

 

▪️ ထို့ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန သတိပေးနှိုးဆော်ထားခြင်း ဖြစ်သည်။

 

▪️ ထို့အပြင် စစ်တောင်းမြစ်ရေသည် တောင်ငူနှင့်မဒေါက်မြို့သည် စိုးရိမ်ရေမှတ်အထက်တွင်ရှိနေပြီး နောက်၂၄ နာရီအတွင်းပေဝက်စီခန့် ပြန်လည်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်ရှိနိုင်ကြောင်း သတိပေးထားသည်။

 

#YMG/NN #Yangon_Times