သယ်ယူပို့ဆောင်ရေးစရိတ်တင်မကဘဲ အဖက်ဖက်ကကုန်ကျမှု ပိုများလာတာကြောင့် သစ်သီးဈေးနှုန်းတန်ဖိုးပိုမြင့်လာကာ အခြေခံစားသောက်ကုန်မဟုတ်တာကြောင့် ဈေးကွက်တွင် အရောင်းဝယ်အလွန်အေးနေတယ်လို့ ကိုရဲသစ်သီးပွဲရုံပိုင်ရှင်က အခုလိုပြောပါတယ်။
Published_ 30 August 2023
#ရာသီပေါ်သစ်သီးဈေးကွက် #အရောင်းအဝယ်အလွန်အေး
#YMG/LW
#Yangon_Times
တရုတ်ယွမ် သုံးသိန်း တန်ဖိုးရှိသည့်ဆိုလာလမ်းမီးတိုင် အစုံ (၆၀) လှူဒါန်း
Published_ 30 August 2023
#ဆိုလာလမ်းမီးတိုင် #ယူနန်ပြည်နယ်
#YMG/my
#Yangon_Times
#Local_News
Published-30 August 2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွာမအနောက်ရပ်ကွက်တွင် ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်ရာ ကားခေါင်းခန်းတွင် ယာဉ်မောင်းညှပ်နေ၍ ခက်ခက်ခဲခဲကူညီမှုများဆောင်ရွက်ခဲ့ရကြောင်း တွဲလက်လူမှုကူညီရေးအသင်းက သိရသည်။
ယနေ့သြဂုတ်လ ၃၀ ရက်မွန်းလွဲ ၁၂နာရီ ၂၀မိနစ်အချိန်ခန့်က ရွာမအနောက်ရပ်ကွက်၊ မင်းစေတီမှတ်တိုင်နှင့်ဆရာတော်ကြီး မှတ်တိုင်ကြားတွင် ယာဥ်တိုက်မှုဖြစ်ခဲ့၍ ပရဟိတအသင်းများနှင့် အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကူညီမှုများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
"ကားခေါင်းမှာ ညှပ်နေတဲ့အမျိုးသားကို ပရဟိတအသင်းတွေပူးပေါင်းပြီး ကားခေါင်းထဲက ကယ်ထုတ်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့အမျိုးသားက စိုးရိမ်စရာတော့မရှိပါဘူး"ဟု ယင်းလူမှုကူညီရေးအသင်းကသိရသည်။
ဒဏ်ရာရရှိသူအမျိုးသားအား အင်းစိန်မြို့နယ်မီးသတ်လူနာတင်ယာဥ်ဖြင့် အင်းစိန့်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်းသိရသည်။
#Local_News # အရှိန်မထိန်းနိုင်ဘဲသစ်ပင်ကိုဝင်တိုက် #ယာဥ်မောင်းအားခက်ခက်ခဲခဲကယ်ထုတ် #Yangon_Times/PP #Yangon_Times
စားသောက်ကုန်နဲ့ အသီးအနှံတွေကို သဘာဝအရသာအရည်အသွေး၊ အရောင်အဆင်းပျက်စီးမှုမရှိစေပဲ၊ ပို့ဆောင်စရိတ်သက်သာပြီး တဆင့်ပြန်လည်ရောင်းချသူတွေထံ အချိန်တိုအတွင်း လျှင်မြန်စွာဖြန့်ဖြူးရောင်းချနိုင်ဖို့အတွက်ဖွင့်လှစ်ထား
Published_ 30 August 2023
#စားသောက်ကုန် #အအေးခန်းကုန်သိုလှောင်ရုံကြီး
#YMG/LW
#Yangon_Times
‘စက်တင်ဘာလထဲ အယ်နီညိုစတင်မှာဖြစ်ပေမယ့် စက်တင်ဘာလထဲမှာတော့ မိုးရွာသွန်းနိုင်ခြေရှိသေးတဲ့အတွက် မိုးခေါင်ရေရှားလာချိန်မှာ စိုက်ပျိုးရေးအတွက် ပြန်သုံးဖို့ ဆည်ရေတွေကြိုစုထားဖို့လိုတယ်’
ဦးလှထွန်း(ညွှန်ကြားရေးမှူး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
Published_ 30 August 2023
#မိုးစပါး #အယ်နီညို
#tthl
#Yangon_Times
#Local_News
Published 30 August 2023
လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမဆောက်လုပ်ရေး မှတ်တိုင်အနီးတွင် သြဂုတ်လ ၂၉ရက် ည ၉နာရီ ၄၅မိနစ်တွင် ဖယ်ရီယာဉ်နှင့်Taxi ယာဉ်တို့ တိုက်မှုဖြစ်ပွားကာ ဖယ်ရီယာဉ်ပေါ်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သြဂုတ်လ ၃၀ နံနက် ၆နာရီ ၅၀ မိနစ်တွင် စက်ဘီးနှင့်ဖယ်ရီယာဉ်တို့တိုက်မှုကြောင့် စက်ဘီးစီးလာသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် လူမှုကူညီရေးအသင်းများထံက သိရသည်။
''ရန်ကုန်-ပုသိမ် လမ်းမဆောက်လုပ်ရေး မှတ်တိုင်နားမှာပဲ မနေ့ညကတစ်မှု အခုမနက်တစ်မှုဖြစ်တယ်၊ မနေ့ညကဖြစ်တာက အရှိန်နဲ့မောင်းလာတဲ့ Taxi က ရှေ့ကားတစ်စီးကိုကျော်ရပ်ထားတဲ့ ဖယ်ရီကား မမြင်ဘဲ ဝင်တိုက်မိသလိုဖြစ်သွားတာ ဖယ်ရီပေါ်မှာ ပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၃ဦးဒဏ်ရာရတယ်၊ အမျိုးသားကတော့ ခြေထောက်ကြေမွသွားတယ်၊ စိုးရိမ်ရတယ်၊ အမျိုးသမီးသုံးယောက်ကတော့ ခေါင်းကွဲတာတို့ တခြားထိခိုက်ရှနာ (မစိုးရိမ်ရ)အခြေနေရှိတယ်၊ အခုမနက် အဲ့နားပဲဖြစ်တာက စက်ဘီးနဲ့ လမ်းဖြတ်ကူးတာကို ဖယ်ရီကားက ဝင်တိုက်တာ။ စက်ဘီးသမားက ဦးခေါင်းအနောက်ပိုင်း အတော်ထိသွားတယ်၊ စိုးရိမ်ရတယ်''ဟု မေတ္တာပါရမီလူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်း(လှိုင်သာယာ)မှ ကိုအောင်ခိုင်က ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်သာယာမြို့နယ်ဆေးရုံနှင့်မြောက်ဥက္ကလာဆေးရုံတို့တွင် ဆေးကုသမှုခံယူနေကြောင်း၊ ယာဉ်တိုက်မှု ပက်သက်သည့် ယာဉ်မောင်းများကို လှိုင်သာယာ မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
#YMG/LW #Local_News #ယာဉ်တိုက်မှုနှစ်မှုဖြစ်ပွား #ဒဏ်ရာရရှိသူ၅ဦးရှိ
#Yangon_Times
#Local_News
Published 30 August 2023
ပြည်ပနိုင်ငံသို့တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလုပ်သမား မပြေလည်မှုများ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများ ဖြစ်ပေါ်လာပါက အဆိုပါ အလုပ်သမားကိုစေလွှတ်ခဲ့သည့် လိုင်စင်ရအေဂျင်စီ က ရက်ပေါင်း ၃၀ အတွင်း ဖြေရှင်းပေးရမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က ပြောကြားခဲ့သည်။
သြဂုတ်၂၉ရက်ကအလုပ်သမားဝန်ကြီးဌာနနှင့်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ တာဝန်ရှိသူများတွေ့ဆုံသည့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က အခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်ရ အေဂျင်စီများ အနေဖြင့် အလုပ်သမားရေးရာ ပြသာနာများနှင့် ထူးခြားဖြစ်စဉ်များ တစ်စုံတရာပေါ်ပေါက်ပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ပြီး အလုပ်သမားသံအရာရှိနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းသင့်ကြောင်း၊ မိမိစေလွှတ်လိုက်သည့် အလုပ်သမားများကို စတင်ထွက်ခွာချိန်မှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည် အချိန် အထိ တာဝန်အပြည့်အ၀ရှိကြောင်းပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ပြည်ပနိုင်ငံများကိုတရားဝင်အလုပ်သမားစေလွှတ်ခွင့်ရရှိထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄၅၇ ခု ရှိကြောင်း သိရသည်။
#YMG/LW #Local_News #ပြည်ပရောက်အလုပ်သမား #လုပ်ငန်းခွင်ပြဿနာ
#Yangon_Times
Page 1230 of 2353