#Local_News
Published-1 September 2023
တောင်ကိုးရီးယား၊ ဂယောင်နမ်ပြည်နယ် ဟာ့ချောင်ဂွန်ရှိ ယောင်အန်ဆောက်လုပ်ရေး ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသူ မောင်ပြည့်သိန်း၏ သေဆုံးမှုတွင် ကိစ္စအဝဝကို တာဝန်ယူထားသည့်ကိုယ်စားလှယ်စာလွှဲအပ်ပေးထားသည့် အဖွဲ့ကလုပ်ငန်းခွင်ထိခိုက်မှုအမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေကြောင်း ကိုဇော်မိုးအောင်ထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လက ဂယောင်နမ်ပြည်နယ် ဟာ့ချောင်ဂွန်ရှိ ယောင်အန်ဆောင်လုပ်ရေး ကုမ္ပဏီတွင်အလုပ်လုပ်ကိုင်နေသူ အသက်၂၇နှစ်အရွယ် မောင်ပြည့်သိန်းကို မြေတင်ကားတိုက် မိ၍သေဆုံးခဲ့ကြောင်း သိခဲ့ရသည်။
ကုမ္ပဏီဘက်ရှိ ရှေ့နေများက မောင်ပြည့်သိန်းကွယ်လွန်သည်မှာလုပ်ငန်းခွင် သေဆုံးမှုမဟုတ်ကြောင်း ယာဥ်တိုက်၍ သေဆုံးခြင်း ဖြစ်ကြောင်း ကိုးရီးယားရောက် မြန်မာလုပ်သားများကိုကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်ထံက သိရသည်။
ကုမ္ပဏီအနေဖြင့် သန်း ၅ ထောင်အထက် ရင်းနှီးမြုပ်နှံထားပြီး လူဦးရေ ၅၀ အထက် ခန့်အပ်ထားသည့် ကုမ္ပဏီဖြစ်၍ ယမန်နှစ်က စတင်ပြဌာန်းလိုက်သည့် ဥပဒေအရ တာဝန်ရှိသူများကို အပြစ်ပေး အရေးယူခွင့် ရှိနေကြောင်းလည်း ဆိုသည်။
မောင်ပြေသိန်း၏ ကိစ္စအဝဝကို တာဝန်ယူထားပြီး ကိုယ်စားလှယ်စာ လွှဲအပ်ပေးထားတဲ့ မိဒွန်း ရှေ့နေအဖွဲ့၊ ဂယောင်နမ်နိုင်ငံခြားသားကူညီရေးစင်တာ၊ နိုင်ငံလုံးဆိုင်ရာဒီမိုကရေစီ အလုပ်သမားသမဂ္ဂ၊ ကိုရီးယားမြန်မာ ပူးတွဲလုပ်ဆောင်ရေးအဖွဲ့၊ ဂယောင်နမ်းမြန်မာအသင်းနဲ့ နိုင်ငံခြားသား ကူညီရေးအဖွဲ့တို့က မောင်ပြေသိန်း၏ လုပ်ငန်းခွင် ထိခိုက်မှုအမှုမှန် ပေါ်ပေါက်ရေးအတွက် အစွမ်းကုန်ကြိုးစားနေကြောင်းလည်း ဆိုသည်။
ရှေ့လျှောက် နိုင်ငံခြားသား လုပ်သားများ လုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှေ့နေများအဖွဲ့က ပြောသည်။
မောင်ပြေသိန်းရဲ့ အသုဘ အစီအစဥ်ကို အထက်ပါ အဖွဲများက ခမ်းခမ်းနားနား ကျင်းပပေးရန် စီစဥ်နေကြောင်းလည်းသိရသည်။
#Local_News #မြန်မာတစ်ဦးသေဆုံးသည့်ကိစ္စ #အမှုမှန်ပေါ်ပေါက်ရေး
#Yangon_Times/ PP
အောင်ဘာလေသိန်းထီ ဖွင့်ပွဲမှာ ကျပ်သိန်းငါးထောင်ဆုကို (င ၄၁၆၇၉၂) နံပါတ်ကနေ ဆွတ်ခူးရရှိ
Published_ 1 September 2023
#အောင်ဘာလေသိန်းထီ #ကျပ်သိန်းငါးထောင်ဆု
#YMG/my
#Yangon_Times
‘ဂျပန်နိုင်ငံအနေနဲ့ ဂျပန်ကုမ္ပဏီတွေကမြန်မာလုပ်သားတွေကိုတိုက်ရိုက်အလုပ်ခေါ်နိုင်မှာဖြစ်သလို ကုမ္ပဏီ တစ်ခုကနေတစ်ခုကိုလည်းပြောင်းရွှေ့လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေလည်းရရှိလာမှာဖြစ်တယ်’
ဒေါက်တာမင်းညို(ဂျပန်သင်တန်းကျောင်းတည်ထောင်သူ)
Published_ 1 September 2023
#ဂျပန်ကုမ္ပဏီ #အေးဂျင့်ခပေးစရာမလို
#tthl
#Yangon_Times
တရုတ်ပြည်က အများဆုံး ဝယ်ယူပေမယ့် လက်ရှိကာလဟာ တရုတ်ပြည်ဘက်က ဖရဲသီးစိုက်ပျိုးထုတ်လုပ်ချိန်ဖြစ်တာကြောင့် အဝယ်အလွန်နည်းပြီး အခြားအကြောင်းများကြောင့်လဲ ပြည်ပတင်ပို့ရန် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
Published_ 1 September 2023
#YMG/LW
#Yangon_Times
#Local_News
Published_ 1 September 2023
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ပြသမည့် လူနာများအနေဖြင့် အွန်လိုင်းအသုံးပြုပြီး Viber၊Messengerဖြင့် ကြိုတင်ဘိုကင်တင်နိုင်ပြီးပြသရမည့်ဌာန၊နေ့ရက်နှင့်အချိန်များကို ပြန်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းဖြင့်ကြိုတင်ဘိုကင်တင်ထားခြင်းအားဖြင့် ကင်ဆာလူနာများ၊နှလုံးလူနာများစသည့်ဆေးရုံတွင်ကြာရှည် စောင့်ဆိုင်းရန်ခက်ခဲသည့် လူနာများအတွက်အဆင်ပြေစေမည်ဖြစ်သည်။
အွန်လိုင်းဖြင့် ဘိုကင်တင်လိုသူများအနေဖြင့်မိမိ၏ဖုန်းViberမှာ caremebotဟုရိုက်၍ စက်ရုပ်လေးနှင့် Application ပေါ်လာပါကယင်းထဲကိုဝင်ရောက်ကာဘိုကင်တင်ရမည်ဖြစ်သလိုမိမိတို့၏ Facebookမှာ caremebotဟုရိုက်၍ caremebotရဲ့ မတ်ဆင်ဂျာထဲကိုဝင်ပြီး ဘိုကင်တင်ကြရမည်ဖြစ်သည်ဟုဆိုသည်။
Caremebotဖြင့်ဘိုကင်တင်လိုသူများအနေဖြင့် ပထမဦးဆုံးအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရွေးပြီး ပြသလိုသည့် နေ့ရက်အချိန်ကိုရွေးကာ ပြသလိုသည့် လူနာကိုယ်ရေးအချက်အလက်များကို ဖြည့်ခြင်း၊ လူနာ ဆေးမှတ်တမ်း(သို့မဟုတ်)လွှဲစာကို ဓာတ်ပုံရိုက်ပြီး သတ်မှတ်အချိန်အတွင်းတင်ရမည်ဖြစ်သည်။
ဆေးရုံမှဘိုကင်အတည်ပြုခြင်းကို စောင့်ဆိုင်းကာ ဆေးရုံမှဘိုကင်အတည်ပြုပြီး ဘိုကင်နံပါတ်၊ပြသရမည့်ဌာနနှင့် နေ့ရက်အချိန်တို့ကို လူနာနှင့်လူနာရှင်ထံ ပြန်ပို့ပေးမည်ဖြစ်ကြောင်းနှင့်အကယ်၍ မှားယွင်းနေပါက ဘိုကင်အသစ် ပြန်တင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
#tthl #Local_News #Viber၊ Messenger #ကြိုတင်ဘိုကင်တင်ထား
#Yangon_Times
#Local_News
Published 1 September 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၁၁၈/၁)အနီးတွင် စက်တင်ဘာလ ၁ရက် နံနက် ၇နာရီခွဲခန့်တွင် ခြောက်ဘီးကားတစ်စီးမှ တာယာပွင့်ပြီး သစ်ပင်ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။
MITSUBISHIFUSO(၆)ဘီးယာဉ်သည်ယာဘက်ဘီးတာယာပွင့်ပြီး မြေသားလမ်းပေါ်ရှိသစ်ပင်အားဝင်ရောက်တိုက်မိမှုဖြစ်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးအနက်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူကို ၁၁၅ မိုင် ကြက်ခြေနီအသင်းမှ ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YGM/LW #Local_News #ယာဥ်တိုက်မှုဖြစ်တစ်ဦးထိခိုက်ဒဏ်ရာရ
#Yangon_Times
#Local_News
Published-1 September 2023
ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို CBT စနစ်ဖြင့် အောက်တိုဘာ(၄)ရက် မှ (၂၀)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း POEA-EPS က သိရသည်။
ကိုရီးယားသမ္မတနိုင်ငံတွင် အနိမ့်ဆုံး(၃)နှစ်ထက်ပို၍ တရားဝင်ကောင်းမွန်စွာ နေထိုင်အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သော မြန်မာအလုပ်သမားများအတွက် ထပ်မံသွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ရည်ရွယ်ပြီး Computer Based Test(CBT) စနစ်ဖြင့် သီးသန့်ပြုလုပ်ပေးသော ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို အောက်တိုဘာလ(၄)ရက် မှ (၂၀)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။
စာမေးပွဲမေးခွန်းများသည် “The Standard Textbook for EPS-TOPIK” စာအုပ်ကို အခြေခံ၍ မေးမြန်းရန်ရှိသည့်အတွက် http://epstopik,hrdkorea.or.kr စသည့် webpage တွင် ဝင်ရောက်ကြည့်ရှု download ရယူနိုင်ပါသည်။
စာမေးပွဲကို ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်၊ ပင်လုံခန်းမ၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်သူများ၏ အောင်စာရင်းကို ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၂၇)ရက်နေ့တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ Facebook ၊ POEA-EPS နှင့် HRD-Korea ၊ EPS-TOPIK website ဖြစ်သောhttp://epstopik.hrdkorea.or.kr တွင် အသိပေးကြေညာသွားမည်ဟု သိရသည်။
#Local_News #အထူးသီးသန့်စာမေးပွဲ #CBT စနစ်
#Yangon_Times/PP
Page 1226 of 2353