Published_ 4 September 2023
လန်ချန်း-မဲခေါင် သစ်သီးပွဲတော်တွင် မြန်မာ့သစ်သီးများဖြစ်သောထောပတ်သီး၊ သရက်သီး၊ သလဲသီးနှင့် မြန်မာ့ထွက်ကုန်ကော်ဖီ၊ လက်ဖက်ရည်၊ ထန်းလျက်၊ လက်ဖက်ခြောက်တို့ကိုပြခန်းဖြင့်ပြသခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ပေကျင်းမြို့၊ Shenglu Vineyard Beijing ၌ ကျင်းပခဲ့သည့် တတိယအကြိမ် လန်ချန်း-မဲခေါင်သစ်သီးပွဲတော်ကျင်းပခဲ့ရာတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။
ယင်းသစ်သီးပွဲဝောာ် ဖွင့်ပွဲအခမ်းအနားသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
အဆိုပါ သစ်သီးပွဲတော်ကို တရုတ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အသီးထွက်ကုန်များအပါအဝင် ထွက်ကုန်ပစ္စည်းများပြသခဲ့သည့်အပြင် တရုတ်နိုင်ငံ၊ ဒေသ အသီးသီးမှလည်း ဒေသထွက်သီးနှံများကို ပြသခဲ့သည်။
အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ တရုတ်နိုင်ငံ၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ လန်ချန်း-မဲခေါင် အတွင်းရေးမှူးချုပ်ရုံးမှ Counsellor ၊ ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ လက်ထောက် အမြဲတမ်းအတွင်းဝန်နှင့် တရုတ်နိုင်ငံ၊ သစ်သီးဖြန့်ဖြူးရေးဈေးကွက်အသင်း၏ ဒုတိယဥက္ကဋ္ဌ တို့အသီးသီးတက်ရောက်ခဲ့ ကြောင်းသိရသည်။
Yangon-Time/tthl
#Local_News
#YMG #Yangon_Times
Published_ 4 September 2023
ကရင်ပြည်နယ် ၊ မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို Drone ၂ စီး ဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့်နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၃ ရက် ည ၇ နာရီခန့်က မြဝတီမြို့၏အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာ မှ KNLA နှင့် PDF တို့က Drone ၂ စီး ဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦအချို့လည်း ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
#Local_News
Published 4 September 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များက အချက် ၅ ချက် ကို ဆွေးနွေး၍ သဘောတူလက်မှတ်ထိုးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင် စက်တင်ဘာလ ၂ ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks) တွင် အထက်ပါအတိုင်း လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ယင်းအချက် ၅ ချက်မှာ ရေကြောင်းလုံခြုံရေး ၊ နှစ်နိုင်ငံပူးပေါင်း ကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စ ၊ နှစ်နိုင်ငံရေ တပ်စစ်ရေယာဉ်များနှင့် အရာရှိ စစ်သည်များ အပြန် အလှန် အလည်အပတ်ခရီးစဉ် ဆိုင်ရာ ကိစ္စ၊ သတင်း အချက် အလက် ဖလှယ် ခြင်း ဆိုင်ရာကိစ္စများနှင့် ပင်လယ်ပြင် ညစ်ညမ်းမှုကာ ကွယ်ရေးဆိုင် ရာကိစ္စများ ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ-ဘင်္ဂလားဒေ့ရှ် #သဘောတူလက်မှတ်ထိုးခဲ့
#Yangon_Times/PP
"တစ်ချို့ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်လေးတွေ၊ ရောဂါတွေပါလာတတ်လို့ ကျန်းမာရေးစစ်ဆေးပေးခြင်းဖြင့် အချိန်မီကုသပေးနိုင်မှာဖြစ်ပါတယ်။ မွေးဖွားပီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာကတည်းက ကလေးမှာရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိ၊ မရှိကို စစ်ဆေးဖို့လိုပါတယ်။ဒါ့အပြင်ကလေးရဲ့ ကိုယ်အလေးချိန်တိုင်းတာတာ၊ အရပ်တိုင်းတာတာ၊ ဦးခေါင်းအရွယ်အစားတိုင်းတာတာတွေလည်းပြုလုပ်ပေးဖို့လိုပါတယ်" .........လို့ပြောပြလာတဲ့ ....... ဒေါက်တာသက်တင်ငြိမ်း (ကလေးအထူးကုဆရာဝန်ကြီး၊ ကန်သာယာအထူးကုဆေးရုံးကြီး)
#Health_Matter #ဒေါက်တာသက်တင်ငြိမ်း(ကလေးအထူးကုဆရာဝန်ကြီး၊ကန်သာယာအထူးကုဆေးရုံးကြီး)
#Published_3 September 2023
#YMG #Yangon_Times
#Local_News
Published-3-September-2023
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ပါရမီဂုံးလမ်းမပေါ်ရှိ ဂုံးတံတားအကျော် ရေမြောင်းအတွင်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း ယနေ့ ဩဂုတ် (၃)ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း မျှဝေခံစားတွဲလက်များ ပရဟိတအသင်းထံက သိရသည်။
ယင်း အမျိုးသားအလောင်းအား ရပ်ကွက်နေပြည်သူအချို့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ အသင်းသို့ အကြောင်းကြားလာခဲ့ခြင်းကြောင့် သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
" လူလတ်ပိုင်းဘဲဗျ။ ဘာ့ကြောင့်သေလည်းဆိုတာလည်းမသိရဘူး။ ဒီပတ်ဝန်းကျင်အနီးအနားကလည်းမဟုတ်ဘူးလို့ ပြောနေကြတယ်။ ဘယ်သူဆိုတာကိုတော့ ကိုယ်ပတ်ဝန်းကျင်အနီးအနားကသူတွေ ကတဆင့် စုံစမ်းနေတုန်းဘဲ"၊ ဟု အနီးပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးက ဆိုသည်။
သေဆုံးနေသူ ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်းကို M.W.K.S လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
#YMG/my #Local_News #ပိုင်ရှင်မဲ့အမျိုးသားအလောင်းတွေ့
#Yangon_Times
#Local_News
Published-3-September-2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပေါက်တောကျေးရွာရှိ ရေလှောင်ကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ၁၈နာရီအကြာမှ သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ယမန်နေ့ စက်တင်ဘာလ (၂)ရက် မွန်းလွဲ(၂)နာရီ (၁၀)မိနစ်အချိန်ခန့်တွင် ယင်းရေလှောင်ကန်အတွင်း ဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ရေနစ်ပျောက်ဆုံးနေကြောင်း ပြင်ဦးလွင်မြို့နယ်၊ မီးသတ်စခန်းနှင့် ရတနာပုံမြို့သစ်နယ်မြေ မီးသတ်စခန်းတို့က သတင်းရရှိခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာ ယနေ့ စက်တင်ဘာလ( ၃)ရက်နံနက် (၈)နာရီ (၃၅)မိနစ်အချိန်တွင် သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရေနစ်သေဆုံးသူအမျိုးသားအလောင်းကို PR(သေမှုသေခင်း)ဖွင့်လှစ်၍ သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။
#YMG/my #Local_News #ပြင်ဦးလွင် #အမျိုးသားတစ်ဦး ရေနစ်သေဆုံး
#Yangon_Times
#Local_News
Published 3 September 2023
ကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာ သင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိက အဆင့်မြင့်ပညာ ကျောင်းများ ကို အဖွဲ့ ၂ ဖွဲ့ဖြင့် စစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
စစ်ဆေးမှုများ ပြုလုပ်ရန် အထက်မြန်မာပြည်ရှိအခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတ ကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့်ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့နှင့် အောက်မြန်မာပြည်ရှိ အခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့် ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့တို့ ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းသိရသည်။
အထက်မြန်မာပြည်ရှိအခြေခံပညာကိုယ်ပိုင်ကျောင်းများ၊နိုင်ငံတကာသင်ရိုးသင်ပုဂ္ဂလိကကျောင်းများနှင့်ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့ တွင် လေ့လာဆန်းစစ်အကဲဖြတ် ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူကာ အဖွဲ့ဝင်များအဖြစ် မန္တလေးတက္ကသိုလ်၊မန္တလေး နိုင်ငံ ခြား ဘာသာတက္ကသိုလ်၊ပညာရေးသုတေသန(စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန)၊မန္တလေးပညာရေးဒီဂရီ ကောလိပ်၊တိုင်းဒေသကြီးပညာရေးမှူး (မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး)၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့က အဖွဲ့ဝင်များအဖြစ် တစ်ဦးစီ ပါဝင်ကြကြောင်း သိရသည်။
အောက်မြန်မာပြည်ရှိအခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာ စကား ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ အဆင့်မြင့်ပညာဦးစီး ဌာန၊ ပညာရေးသုတေသန(စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန) ၊ ဆရာအတတ်ပညာဦးစီးဌာန၊ တိုင်းဒေသကြီး ပညာရေးမှူး ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တို့က အဖွဲ့ဝင်များအဖြစ် တစ်ဦးစီ ပါဝင်ကြကြောင်း သိရသည်။
ယင်း စိစစ်စစ်ဆေးရေးအဖွဲ့ (၂) ဖွဲ့က အဆိုပါ ကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင်ပုဂ္ဂလိကကျောင်း များ၊ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်း များကို Checklist နှင့် Data Collection Form များ အသုံးပြုကာ သတင်းအချက်အလက်များ ကောက်ယူခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ ကျောင်းမှတ်ပုံတင် ရှိ မရှိ ကျောင်းဖွင့်လှစ်သင်ကြားရန် ခွင့်ပြုမိန့် ရှိ မရှိ၊ ကျောင်းအင်္ဂါရပ်၊ဥပဓိရုပ် ပြည့်စုံကောင်းမွန်မှု ရှိ မရှိ စစ်ဆေးခြင်းမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သင်ကြားမှု၊ ကျောင်းသားလက်ခံမှု၊ ငွေကြေး ကောက်ခံမှု၊ အခွန်ထမ်းဆောင်မှု၊ အုပ်ချုပ်မှု၊ ဝန်ထမ်း လစာပေးမှုတို့သည် စည်းကမ်းနှင့် ညီ မညီ စစ်ဆေးခြင်း၊ ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်း တိုးမြှင့် ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းစစ် ဆေးခြင်း များပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန် မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် အမျိုးသား သင်ရိုး ညွှန်းတမ်းကော်မတီက သတ်မှတ်ထားသည့် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် သင်ရိုးညွှန်းတမ်းအ ပြည့်အစုံကို သင်ကြားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ဇာတိသွေး၊ ဇာတိမာန်ထက်သန်စေမည့် အလေ့အကျင့်ကောင်း များ (နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း) ကို ပြုစုပျိုးထောင်ပေးနိုင်မှု ရှိ မရှိ စိစစ်ခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများသည် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ သတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း၊ကျောင်းဆရာများ၏ ရရှိထားသောဘွဲ့ နှင့် သင်ကြားသောဘာသာရပ် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း၊ပြည်ပနိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားများကို ထည့်သွင်းစည်း ရုံး သင်ကြားပို့ချမှု ရှိ မရှိ စစ်ဆေးခြင်း၊အတန်းအလိုက် သင်ကြားမှုများဆောင်ရွက်ရာတွင် နိုင်ငံရေးအရောင်အ သွေးပ ါရှိမှုရှိ မရှိနှင့် ဘာသာရေး၊ နိုင်ငံရေး စွက်ဖက်လွှမ်းမိုးမှု ရှိ မရှိ စစ်ဆေးခြင်း၊ ပညာရေးဝန်ကြီးဌာနသို့ စစ်ဆေးတွေ့ ရှိချက်များကိုသတ်မှတ်ကာလအတွင်း အစီရင်ခံစာ တင်သွင်းခြင်း တို့ကို လုပ်ဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။
#Local_News #ကိုယ်ပိုင်ကျောင်း #သင်ရိုးသင်ပုဂ္ဂလိကကျောင်း
#Yangon_Times/PP
Page 1221 of 2353