#Local_News
Published_ 22 December 2022
မြန်မာနိုင်ငံတွင်ခါးရိုးကောက်လူနာတစ်နှစ်ကို(၁၂)ဦး ခန့်နှစ်စဥ်ခွဲစိတ်ကုသပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
၂၀၂၂ခုနှစ်အောက်တိုဘာ(၁၄)ရက်တွင်မွေးရာပါ ခါးရိုးကောက်သောရောဂါ(Scoliosis) လူနာများအား (Pedical Screw and Rods Posterior Fixation) ဖြင့် ပြန်လည်တည့်မတ်ကုသခြင်း ကို ခါးရိုးကောက်သောရောဂါ(Scoliosis ) လူနာ စုစုပေါင်း (၆)ဦးအား ဆွစ်ဇာလန်နိုင်ငံ၊ Zurich မြို၊ Centre for Spinal and Scoliosis Surgery ဆေးရုံမှ ကျောရိုးခွဲစိတ်ဆရာဝန် ပါမောက္ခ ဒေါက်တာကံမင်းနှင့်ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များနှင့်အတူ အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၊ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်တွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်းသိရသည်၊၊
အဆိုပါ ခါးရိုးကောက်သောရောဂါကုသခြင်းများကို အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်တွင် ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်ရှိ ကျောရိုးခွဲစိတ်ဆရာဝန်များကိုယ်တိုင်သော် လည်းကောင်း၊ ယခုကဲ့သို နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများအား ဖိတ်ခေါ်၍သော် လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၂၀၀၅)ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျမ်းမျှလူနာ(၁၂)ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း ခါးရိုးကောက်သောရောဂါလူနာ (၂၀၀)ကျော်အား အောင်မြင်စွာ ကုသနိုင်ခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_22 December 2022
ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက စပြီးတော့မဲစာရင်းပြုစုဖို့အတွက် လူဦးရေစာရင်းကောက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_22 December 2022
ကိုဗစ်ကြောင့် ပိတ်ထားခဲ့တာ သုံးနှစ်နီးပါးရှိလာပြီဖြစ်တဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကို ပြန်ဖွင့်ဖို့ မသေချာသေးဘူးလို ဒေသခံကုန်သည်တစ်ယောက်က YMG ကို ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 22 December 2022
နာမကျန်းဖြစ်နေတဲ့ ချို့တဲ့နေတဲ့စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ သတင်းစာဆရာအစရှိတဲ့ စာပေလောကသားတွေကို မျှတူမျှအစီအစဉ်နဲ့ ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
22 December 2022
နစကရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာပရပ်ဆုတ်ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမစ္စတာ ဒိုဟုန်ဗီယက်တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ၏တူညီဆန္ဒ(၅)ချက်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စ အပါအဝင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို ရှင်းလင်းပြောကြားပြီး မကြာမီကထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်သည့် အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်တို့ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များအား ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာဆီယံ၏ တူညီဆန္ဒ(၅)ချက်အကောင်အထည်ဖော်လျက်ရှိရာတွင် မြန်မာအစိုးရက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်နေသည့်ကိစ္စ၊ နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည့်ကိစ္စနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စတို့ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် တူညီဆန္ဒ(၅)ချက် မူဘောင်အောက်မှ AHA Center နှင့် ပူးပေါင်းဆောင်ရွက် နေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လိုအပ်သူအားလုံးထံရောက်ရှိရေးနှင့် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှပေးအပ်သည့်ကိစ္စများတွင်လည်း မြန်မာနိုင်ငံလုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိဌာနများနှင့် ပူးပေါင်းကာ ပံ့ပိုးပေးလျက်ရှိကြောင်းကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး အတွက် ကြိုးပမ်းနေမှုများကို မတရားသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG၊ PDF များက ပျက်စီးစေလိုသည့်ဆန္ဒဖြင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေပြီး၊ ယင်းတို့၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဝန်ထမ်းများ သေကြေခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်၊ ဈေးများ အပါအဝင်နိုင်ငံပိုင်နှင့် ပြည်သူပိုင် အဆောက်အဦများ၊ လမ်း၊ တံတား၊ ပို့ဆောင်ဆက် သွယ်ရေးယာဉ်များ၊ လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်းခံနေရကြောင်း၊ ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များသည် နိုင်ငံတကာဥပဒေနှင့် ဂျီနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်နေသည့်အတွက် ဆက်သွယ်ဆောင်ရွက်ရန် မသင့်ကြောင်း၊ ထိုသို့အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အားပေးထောက်ခံခြင်း မပြုသင့်ကြောင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မြန်မာ့သတင်းစဉ်ရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆွေးနွေးပွဲနှင့်ဆက်စပ်လျက် မြန်မာ-ထိုင်းနှစ်နိုင်ငံဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း သီးခြားအစီအစဉ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
#Local_News
Published_ 22 December 2022
လတ်တလောမှာ ရွှေတိဂုံစေတီတော်သို့ တစ်ရက်ကို နိုင်ငံခြားသားဧည့်သည်၊ ပြည်ပဘုရားဖူး(၁၀၀)မှ (၂၀၀)ခန့်ဝင်ရောက်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးဘိုးသင်းထံမှသိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 22 December 2022
၁။ ရွှေတိဂုံစေတီတော်သို့ တစ်ရက်ကိုနိုင်ငံခြားသားဧည့်သည် (၁၀၀)မှ (၂၀၀)ခန့် ဝင်ရောက်
၂။ နာမကျန်းနှင့်ချို့တဲ့သည့် စာပေလောကသားများကို မျှတူမျှအစီအစဉ်ဖြင့် ထောက်ပံ့ပေးနေ
၃။ မြဝတီအမှတ် (၁) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ရန် မသေချာသေးဟုဆို
၄။ အာရေဗျစာအုပ်များရောင်းချနေသည့် လန်ဒန်မှအထင်ကရစာအုပ်ဆိုင် ပိတ်သိမ်းတော့မည်ဟုကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1219 of 1891