#LocalNews
Published _25 December 2022
ပြင်ဦးလွင် ပွဲကောက်ရေတံခွန်တွင် ယနေ့ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၃ နာရီခန့်က ရေနစ်၍ အသက် ၁၅ နှစ်အရွယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းမှာ ပြင်ဦးလွင် ပန်းပွဲတော်သို့လာရောက်သော မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းက ဖြစ်ကြောင်း၊ အသက် ၁၅ နှစ်အရွယ်ခန့်သာရှိသေးသည့် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အမျိုးသားငယ် ၂ ဦးတို့ ပွဲကောက်ရေတံခွန်တွင် ရေကစားရာက ရေနစ်မြုပ်ကြရာ နှစ်ဦး အသက်ရှင်ကာ တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါကူညီဆောင်ရွက်ခဲ့သည့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။
အဆိုပါ အသင်းအနေဖြင့်သေဆုံးသူ၏ ရုပ်အလောင်းကို ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ အသင်း၏ ယာဉ်ဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _25 December 2022
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ လမ်းဘေးတစ်ခုတွင် အသတ်ခံထားရသောဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၅ ရက် တွင် ဖော်ပြထားသည်။
"ညကတည်းက လူသက်ခံရတဲ့အလောင်းတွေ့ရှိတာပါ၊ကန်သာယာရပ်ကွက်၅၉ A လမ်း၁၀၄-၁၀၅ကြားမှာပါ။ဒီနေ့မနက် ၈ နာရီလောက်က သတင်းပေးတဲ့အတွက် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တာပါ"ဟု အဆိုပါ အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါသေဆုံးသူမှာ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ အသတ်ခံရသည်ကို မသိရသေးကြောင်း၊ အလောင်းကို မန္တလေးဆေးရုံကြီးသို့ အသင်းယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
photo- မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 25 December 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း နယူးရီးယား နိုင်ငံတကာနှစ်သစ်ကူးကာလတွင် ဗြောက်အိုး၊မီးရှူး၊မီးဒုံး(ရှူးဒိုင်း)ထုတ်လုပ်ရောင်းချ၊ဖြန့်ဖြူး၊ပစ်ဖောက်ခြင်းများမပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ထုတ်ပြန်ထားသည်၊၊
နိုင်ငံတကာနှစ်သစ်ကူးကာလတွင် ဗြောက်အိုး၊မီးရှူး၊မီးဒုံး(ရှူးဒိုင်း)ထုတ်လုပ်ရောင်းချ၊ဖြန့်ဖြူး၊ပစ်ဖောက်ခြင်းများမပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှစ်စဉ်နှစ်တိုင်း သတိပေးချက်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်တွင်လည်းမပြုလုပ်ရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်၊၊
ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်သစ်ကူးကာလ ဗြောက်အိုး၊မီးရှူး၊မီးဒုံး(ရှူးဒိုင်း)ထုတ်လုပ်ရောင်းချ၊ဖြန့်ဖြူး၊ပစ်ဖောက်မှုများကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်စေခြင်း၊မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင်ပြုလုပ်လာနိုင်ခြင်းကြောင့် ဗြောက်အိုး၊မီးရှူး၊မီးဒိုင်းထုတ်လုပ်ရောင်းချ၊ဖြန့်ဖြူး၊ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published 25 December 2022
၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်တဲ့ အကြမ်းဖက်မှုအခြေအနေတွေအပေါ် ကြိုတင်ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်သွားကြဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ အစည်းအဝေးတစ်ခုကို ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ အဆိုပါအဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။
၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှုအခြေအနေများအပေါ် ကြိုတင်ကာကွယ်ရေးအစီအမံများ၊ လုံခြုံ မှုနှင့်တရားဥပဒေစိုးမိုးရေးထိရောက်မှုရှိရန် စီမံဆောင်ရွက်ထားမှုများ၊ အစွန်းရောက်မှုများ ကြိုတင်ကာကွယ်ရေး နှင့် အကြမ်းဖက်ဖြစ်စဉ်များကို လက်ဦးမှုရယူဖော်ထုတ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်စတဲ့အချက်တွေကို ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တက်ရောက်လာကြတဲ့ ဗဟိုအဖွဲ့ဝင်တွေက “အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေးကဏ္ဍတွင် လုံခြုံရေးနှင့် သတင်းအချက်အလက်များ ရယူစုဆောင်းပူးပေါင်းဆောင်ရွက်ခဲ့မှု၊သတင်းမှန်ပြန်ကြားရေးဆောင်ရွက်မှုများ၊သတင်းအချက်အလက်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းတုများ တိုက်ဖျက်ရေး၊ ပြည်သူများ အကြမ်းဖက်ခံရမှု၊ နိုင်ငံပိုင်/ ပုဂ္ဂလိကပိုင် အဆောက် အဦနှင့်ဈေးများ၊ အရေးကြီးပစ္စည်းများ ဖောက်ခွဲ/ဖျက်ဆီးခံရမှု၊ လျှပ်စစ်တာဝါတိုင်၊ ဖုန်းတာဝါတိုင်များ ဖျက်ဆီးခံရ မှုများနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေး၊ ကြိုတင်ကာကွယ်ရေး နှင့်တားဆီးနှိမ်နင်းရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ခဲ့ မှုများ၊ နယ်မြေအလိုက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ တရားစွဲဆိုရေး၊ ရန်ပုံငွေထူထောင်ရေး ဆောင်ရွက်ထားမှုများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ပရောက်အကြမ်းဖက်သမားများနှင့်ပတ်သက်၍ သံတမန်နည်းလမ်းဆောင်ရွက်မှုတွေ၊ ဥပဒေနှင့် နည်းဥပဒေဆိုင်ရာကိစ္စရပ်တွေကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရှိရပါတယ်။
ymg/knl
#Yangon_Media_Group
#Local_News
Published_ 25 December 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပေကျင်းမြို့၊ CP center ၌ ကျင်းပသည့် အာဆီယံ-တရုတ်စင်တာ တည်ထောင်ခြင်း (၁၁) နှစ်ပြည့် အထိမ်းအမှတ်နှင့် အာဆီယံ- တရုတ် စင်တာ၏ အတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ၏ စတင်တာဝန်ယူခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားတွင် အာဆီယံ-တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတင်းများကို တရုတ်ပြည်သူများ သိရှိစေရန် တရုတ်နိုင်ငံ၏ နာမည်ကြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် Tautiao တွင် အာဆီယံ-တရုတ်စင်တာ၏ တရားဝင် မီဒီယာစာမျက်နှာ ဖွင့်လှစ်ခြင်းနှင့် Overview of Trade among RCEP Member States အစီရင်ခံစာနှင့် 2021 ASEAN-China Media Cooperation အစီရင်ခံစာ လွှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီး ဌာန၊ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံ-တရုတ်စင်တာ၏ အထွေထွေ အတွင်းရေးမှူးချုပ်၊ လာအိုသံအမတ်ကြီး၊ ထိုင်းသံအမတ်ကြီး၊ စင်ကာပူသံအမတ်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ သံရုံးဒုတိယအကြီးအကဲ၊ မလေးရှားနိုင်ငံသံရုံး ဒုတိယအကြီးအကဲနှင့် ပေကျင်းမြို့ အခြေ စိုက် အာဆီယံသံရုံးမှ သံတမန်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများ၊ အာဆီယံ-တရုတ်စင်တာမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် မြန်မာသံအမတ်ကြီးသည် အာဆီယံ-တရုတ် စင်တာ၊ အထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့် သီးခြားစီတွေ့ဆုံခဲ့ကြပြီး အာဆီယံ-တရုတ် စင်တာအောက်မှ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published _25 December 2022
၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၄၁ ခု ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန က သိရသည်။
ဇန်နဝါရီလကနေ အခုဒီဇင်ဘာလ ဒုတိယပတ်ထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်က ၄၁ ခုအပြင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်က ၁၂ခု ရှိသောကြောင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၅၃ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၁၉ ဒသမ ၃၉၆ ဘီလီယံ ကျော် နှင့် ကန်ဒေါ်လာ ၇၄ ဒသမ ၄၆၂သန်း ရှိကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများက ပြည်တွင်းလုပ်သား ၃၅၇၉၂ ဦးအလုပ်အကိုင်ရရှိခဲ့ကြကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများမှာ ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ထုတ်ကုန်လုပ်ငန်းများ ဖြစ်ကြောင်းလည်း သိရသည်။
ထုတ်ကုန်လုပ်ငန်းတွင် အိတ်အမျိုးမျိုးထုတ်လုပ်ရောင်းချသောလုပ်ငန်းများ အပြင် CMP စနစ်နှင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်သောလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသော ပလတ်စတစ်အိတ်အမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်တွင်း CMP အထည်ချုပ်လုပ်ငန်းများတွင် ပြန်လည်ရောင်းချသော လုပ်ငန်းများ၊စသည်တို့ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _25 December 2022
ဒေသတွင်း အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများ ဆက်လက်တည်ဆောက်သွားရန် နစက ဥက္ကဌ က ဒီဇင်ဘာလ ၂၄ ရက်က ပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နေ့အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်း အခမ်းအနားတွင်ပြောကြားခဲ့သည်။
တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိ တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy)အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့်ဆက်စပ်ပင်လယ်ပြင်များသို့ အင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy)အဖြစ် တည်ဆောက်လျက်ရှိကြောင်းနှင့် ရေရှည်တွင် အကျိုးစီးပွားများဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့်ရေတပ် (Blue Water Navy Ambition) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ယင်းကဆိုသည်။
မြန်မာ့ပင်လယ်ပြင်အကျယ်အဝန်း စတုရန်းရေမိုင် ၁၄၀၀၀၀ ကျော် ရှိပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့်ရှိသည့်အတွက် ဆိပ်ကမ်းကြီးများနှင့် ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်း (Sea Line of Communication) များကို အပြည့်အဝအသုံးချပြီး သမုဒ္ဒရာဖြတ်ကျော် ရေကြောင်းကုန်သွယ်မှုလုပ်ငန်း (Seaborne Trade)များကို ထိထိရောက်ရောက်ဖော်ဆောင်ရန် အခွင့်အလမ်းများရှိ ကြောင်း၊ မျက်မှောက်ခေတ် ကြုံတွေ့နေရသည့် စစ်ဆင်ရေး သဘောသဘာဝအရ တပ်မတော်(ရေ)အနေနဲ့ သမားရိုးကျစစ်ဆင်ရေးများအတွက် ပင်လယ်ပြင်တိုက်ပွဲဝင် နိုင်ရေး (Open Sea Battle) ကို ပြင်ဆင်နေရသကဲ့သို့ လက်ရှိလုံခြုံရေးအခြေအနေ များအရ မြစ်တွင်းစစ်ဆင်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လာရ ကြောင်း၊ တပ်တော်ဝင်သည့် ၂၃ မီတာ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်များကို မြန်မာ့ရေမြေ လိုအပ်ချက်အတိုင်း ဆန်းသစ်တီထွင်ကာ ပိုမိုတောင့်တင်းခိုင်မာသည့် Armor Plate များနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြစ်တွင်းစစ်ဆင်ရေး၊ လုံခြုံရေးနှင့် တပ်ဖွဲ့တင် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အဓိကရည်ရွယ်ခြင်းဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။
ယခုစစ်ရေယာဉ်များပေါ်တွင် ခြေလျင်တပ်ဖွဲ့များတင်ဆောင်ပြီး ရေကြောင်း ပစ်ကူပေးနိုင်ရန်နှင့် ကမ်းထိုးကမ်းတက် စစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ပေးခဲ့သည့်အပြင် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ တင်ဆောင်ကာ ဘက်စုံသုံးတပ်ဖွဲ့တင် ကမ်းထိုးရေယာဉ်တာဝန်များကိုပါ ထမ်းဆောင် သွားနိုင်မည် ဖြစ်ကြောင်း၊ ဧရာဝတီ၊ ချင်းတွင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မြစ်ကြီးများအတွင်း ရေကြောင်းလုံခြုံရေးများ၊ စစ်ဆင်ရေးများ ထိ ရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေတိမ်မြစ်တွင်းသွား စစ်ရေယာဉ်များကိုလည်း တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း လည်း နစက ဥက္ကဌက ပြောသည်။
ဒီဇင်ဘာလ ၂၄ ရက်က တပ်တော်ဝင်ခဲ့သည့် Super Dvora အမြန်သွားကင်းလှည့် ရေယာဉ်များ ကို ပြည်ပမှနည်းပညာလွှဲပြောင်းရယူခဲ့ပြီး တပ်မတော်(ရေ) အင်ဂျင်နီယာပညာရှင်များ ကိုယ်တိုင် နည်းပညာမြင့်တည်ဆောက်နိုင်ခဲ့သည့် ရေယာဉ်များဖြစ်ကာ ရေမိုင် ၄၀ ကျော် မြန်နှုန်းမြင့်ခုတ်မောင်းနိုင်ကာ ရန်သူ့ရေတပ်ဖွဲ့ကို Swarming Tactics နှင့် ကြားဖြတ်တိုက်ခိုက်ရေး တာဝန်များကိုပါ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိသည့် ကမ်းရိုးတန်းရေပြင်တွင် မည်သည့် ကျူးကျော်မှုမျိုးကိုမဆို ကျွန်းကြိုကျွန်းကြားမှ စစ်နည်းဗျူဟာမြောက် မြန်နှုန်းမြင့် မောင်းနှင်ပြီး တားဆီးချေမှုန်းတိုက်ခိုက်နိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး Super Dvora တည်ဆောက်ခဲ့သည့် အတွေ့အကြုံ များစွာ ရှိပြီးဖြစ် သဖြင့် ယခုထက် အရွယ်ပမာဏပိုမိုကြီးမားပြီး စွမ်းဆောင်ရည်မြင့်သည့် သင်္ဘောမျိုး တည်ဆောက်နိုင်ရန်အတွက်လည်း ကြိုးပမ်းသွားရန်လိုကြောင်း၎င်းက ဆိုသည်။
တိုက်ပွဲဝင်စစ်ရေယာဉ်များတွင် တာဝန်ထမ်း ဆောင်မည့် စစ်သည်တော်များအား တစ်ဦးချင်းအရည်အချင်း တိုးတက်စေရန် ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားသို့ စေလွှတ်တက်ရောက်စေခဲ့ပြီးဖြစ်သည့်အပြင်
၂၀၁၅ ခုနှစ်မှစတင်ပြီး ပြည်တွင်း၌လည်း Mobile Training Team နည်းပြများအား ခေါ်ယူလျက် အရာရှိ၊ စစ်သည်အများအပြားကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသားအရာရှိ၊ စစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များကိုပါ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကာ အမျိုးသမီး အရာရှိ၊ စစ်သည် များလည်း စစ်ရေယာဉ်များတွင် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်စစ်ဆင်ရေးနှင့် လေ့ကျင့် ရေး များတွင် လက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်(ရေ)ကို ယခင်ကစစ်ရေယာဉ်(မေယု)ဖြင့် စတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့ကာ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များမှတစ်ဆင့် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီး ကိုယ်တိုင်တည်ဆောက်နိုင်သည့် စစ်ရေယာဉ်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1214 of 1891