#Local_News
Published_ 21 November 2023
ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ် ဖျက်ဆီးပိတ်ဆို့ထားသည့် နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပြုပြင်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများကို တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာနိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယမန်နေ့နိုဝင်ဘာလ ၁၉ ရက် ညပိုင်းတွင် ပိတ်ဆို့ဖျက်ဆီးထားသည့် နေရာ ၁၂ နေရာကို ပြန်လည်ဖယ်ရှားရှင်းလင်း ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ယခုအခါ ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီးဖြစ်ကာ အဆိုပါ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကျန်ရှိသည့် နေရာများကိုလည်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြု သွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
TNLA အဖွဲ့နှင့် PDF တို့က ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုကား လမ်းမကြီးတစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီးတွင် ၁ နေရာ၊ လယ်ကျင်းကွေ့ကျေးရွာအနီးတွင် ၁ နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် ၁ နေရာ၊ ဂုတ်တွင်းရှုခင်းသာ အနီးတစ်ဝိုက်တွင် ၁ နေရာ၊ နောင်ပစ်လမ်းခွဲ နေရာတွင် ၁ နေရာ၊ နောင်ပစ်နှင့်နောင်ပိန်းကျေးရွာ ကြားနေရာတစ်ဝိုက်တွင် ၇ နေရာတို့တွင် မြေဖြတ်ကျင်းများတူး၍ လမ်းကိုဖြတ်တောက်ပိတ်ဆို့ခြင်း၊ အချို့နေရာများတွင် သစ်ပင်ကြီးများအား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာမှု ရပ်တန့်ခဲ့ရခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
လမ်းကို ပိတ်ဆို့ဖျက်ဆီးထားသောကြောင့် အရေးပေါ် ကျန်းမာရေး ကိစ္စများအတွက် သွားလာရန် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများစွာ တွေ့ကြုံခဲ့ရကြောင်းလည်း သိရသည်။


#Local_News #ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး #ပြည်ထောင်စုလမ်းမကြီး #လုံခြုံရေးတပ်ဖွဲ့ဝင် #Yangon_Times/PP
Published 20 November 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင်ပါတီအဖြစ် မှတ်ပုံတင်ထားသည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို ၂၀၂၃ခုနှစ်နိုဝင်ဘာ၂၀ရက် ကစပြီး နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင် ခြင်း မှ ပယ်ဖျက် ၍ ပါတီဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကကြေညာချက်ထုတ်ပြန်လိုက်သည်။
နိုင်ငံရေးပါတီ မှတ်ပုံတင် ခြင်း ဥပဒေ ပုဒ်မ ၅(စ)နှင့် အညီ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် ၂၀၂၃ခုနှစ် မေလ လ ၃၀ရက် မှ ၂၀၂၃ခုနှစ် ဩဂုတ် ၂၇ရက် အထိ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ၁၀၀၀ကို ဥပဒေ သတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်ခြင်း ပါတီဝင်အင်အား ပြည့်မှီရေး အတွက် အောက်တိုဘာ ၃၁ရက် နောက်ဆုံးထားပြီး ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့ပေမယ့် သက်မှတ်ချက်နှင့် ကိုက်ညီသည့်အင်အား စာရင်းတင်ပြနိုင်ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က)ပုဒ်မခွဲငယ် (၉)ပါ ပြဌာန်းချက်နဲ့ ငြိစွန်းသဖြင့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ပြီး ပါတီ ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို မှတ်ပုံတင် အမှတ်(၁၉) ၃၀-၅-၂၀၂၃ရက်စွဲပါ ကြေညာချက်အမှတ် (၂၄/၂၀၂၃) ဖြင့် နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 20 November 2023
မြန်မာနယ်စပ်ဒေသသို့ တရားမဝင်ရောက်နေသော တရုတ်နိုင်ငံသား တစ်ထောင်လေးဆယ်ကျော်ကို သက်ဆိုင်ရာသို့ ဆက်လက် လွှဲပြောင်း ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၉၈၂ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း ၁၀၄၂ ဦးတို့အား စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အောက်တို ဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အတွင်း တရုတ်နိုင်ငံသား အမျိုးသား ၁၉၁၇ ဦး၊ အမျိုးသမီး ၁၄၂ ဦး၊ စုစုပေါင်း ၂၀၅၉ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့ကို ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန် ရှိသူ များ ထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင် လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၂၀ နိုဝင်ဘာ ၂၀၂၃
နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ ထပ်မံလွှဲပြောင်း ပေးမှုအခြေအနေများ၊၂၀-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအခြေအနေများနှင့် နိုင်ငံတော်၏လက်ရှိဖြစ်ပေါ် နေသောအခြေအနေအရပ်ရပ်များအပေါ် ကောလာဟလသတင်းများ အချိန်ကိုက် ထုတ်လွှင့်နေမှုများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
Ymg/knl
#Daily_News
Published_ 20 November 2023
၁။ ဆောင်းကာလ နေ့ပူ၍ ညချမ်းသည့်ဒေသများတွင် နှာစေး၊ ချောင်းဆိုးနှင့် အပြင်းထန်ဆုံး လေဖြတ်ခြင်းများ မဖြစ်အောင် သတိပြုနေထိုင်ရန်လို
၂။ စားနပ်ရိက္ခာအခက်ခဲမဖြစ်စေရန် အခြေခံစားသောက်ကုန်များ ဈေးလျော့ရောင်းပေးသော်လည်း ဈေးတင်ပြီး တစ်ဆင့်ပြန်လည် ရောင်းချသူများကြောင့် အခက်တွေ့
၃။ ရွှေဘိုပေါ်ဆန်းဆန်များအား ကုန်အမှတ်တံဆိပ်လိုဂိုများဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချီမည်
၄။ ကမ္ဘောဒီးယားတွင်တရုတ်မှ ရင်းနှီးထောက်ပံ့မှုဖြင့် ဆောက်လုပ်သည့် ဆိုင်ယမ်ရိအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တရားဝင်ဖွင့်ပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG News
Published 20 November 2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအပိုင် ဖားအောက်တောရရှေ့၌ လက်နှင့်ခြေထောက်များတွင်ပိုးလောက်တွယ်ဒဏ်ရာများနှင့် စွန့်ပစ်ခံရသည့် စိတ်မကျန်းမာသူအမျိုးသားကို သဘာဝတရားရိပ်သာသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရွှေမေတ္တာလူမှုကူညီရေး အသင်းမှ သိရသည်။
နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းက စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဉီးအား ဖားအောက်တောရရှေ့တွင် စွန့်ပစ်သွားကြောင်း မြန်မာနိုင်ငံ ဘက်စုံလူမှုကူညီရေးအသင်းနှင့်ဘွက်ကြီးကျေးရွာတာဝန်ရှိသူများမှ နားခိုရာနေရာတစ်ခုခုကို ပို့ဆောင်ပေးနိုင်ရန် အကူအညီတောင်းခံချက်အရ ရွှေမေတ္တာလူမှုကူညီရေးအသင်းက သွားရောက်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
' ဒဏ်ရာတွေက အနံ့အသက် အတော်ဆိုးနေလို့ အကောင်တွေ ရသလောက်ဖယ်၊ဆေးထည့်
တာတွေ လုပ်ပေးရပါတယ်၊ဒဏ်ရာတွေက ပုတ်နေတဲ့အတွက် ဖြတ်တောက်ရမယ့် အခြေအနေရှိနိုင်ပါတယ်၊ သန်လျင် သဘာဝတရားရိပ်သာရဲ့ ကွန်းခိုရာ ကျန်းမာရေးစောက်ရှောက်မှု အခမဲ့ဆေးရုံမှာ ဆက်လက်တင်ပို့ ကုသပေးသွားမှာပါ'ဟု ရွှေမေတ္တာလူမှုကူညီရေး အသင်းက တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ စွန့်ပစ်ခံရသည့် အမျိုးသားသည် အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်ပြီး နေရပ် ၊ အမည် များ မသိရှိရသေးကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News

Published_ 20 November 2023
နိုဝင်ဘာလ(၂၀)ရက်မှစပြီးလာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်း ၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ ဆက်လက်ကျဆင်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ထူးခြားသည့်ညအပူချိန်များအဖြစ် ဟားခါးမြို့တွင် (၈)ဒီဂရီစင်တီဂရိတ်၊ တီးတိန်မြိုနှင့် ပြင်ဦးလွင်မြိုတို့တွင် (၁၀)ဒီဂရီစင်တီဂရိတ်စီနှင့် ကျောက်မဲမြို့၊ မိုင်းယန်းမြို့၊ တွန်းဇံမြို့နှင့် မိုးကုတ်မြို့တို့တွင် (၁၂)ဒီဂရီ စင်တီ ဂရိတ်စီတို့ရှိခဲ့ပြီး ရာသီဥတုအအေးပိုခဲ့သည်။
နိုဝင်ဘာလ၂၁ရက်နေ့မနက်အထိခန့်မှန်းချက်အဖြစ် မြစ်ကြီးနားတွင် အနိမ့်ဆုံးအပူချိန် ၁၅ဒီဂရီစင်တီဂရိတ် ၊လားရှိုး၊ကျိုင်းတုံတွင် ၁၄ဒီဂရီ၊တောင်ကြီးတွင် ၁၅ဒီဂရီ၊ဟားခါးတွင်၈ဒီဂရီ၊ဟုမ္မလင်း ၁၅ဒီဂရီ၊လွိုင်ကော်တွင် ၁၉ဒီဂရီ၊ မကွေးတွင် ၂၀ဒီဂရီနဲ့အအေးပိုမည်ဖြစ်ပြီး ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်တို့တွင် ၂၂ဒီဂရီစင်တီဂရိတ် စီရှိမည်ဖြစ်ကြောင်းသိရသည်။
မိုးရွာသွန်းမှုအခြေအနေအဖြစ် ချင်းပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 1209 of 2477