Published 20 November 2023

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအပိုင် ဖားအောက်တောရရှေ့၌ လက်နှင့်ခြေထောက်များတွင်ပိုးလောက်တွယ်ဒဏ်ရာများနှင့် စွန့်ပစ်ခံရသည့် စိတ်မကျန်းမာသူအမျိုးသားကို သဘာဝတရားရိပ်သာသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရွှေမေတ္တာလူမှုကူညီရေး အသင်းမှ သိရသည်။

နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းက စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဉီးအား ဖားအောက်တောရရှေ့တွင် စွန့်ပစ်သွား‌ကြောင်း မြန်မာနိုင်ငံ ဘက်စုံလူမှုကူညီရေးအသင်းနှင့်ဘွက်ကြီးကျေးရွာတာဝန်ရှိသူများမှ နားခိုရာနေရာတစ်ခုခုကို ပို့ဆောင်ပေးနိုင်ရန် အကူအညီတောင်းခံချက်အရ ရွှေမေတ္တာလူမှုကူညီရေးအသင်းက သွားရောက်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

' ဒဏ်ရာတွေက အနံ့အသက် အတော်ဆိုး‌နေလို့ အကောင်တွေ ရသလောက်ဖယ်၊ဆေးထည့်‌‌
တာတွေ လုပ်ပေးရပါတယ်၊ဒဏ်ရာ‌တွေက ပုတ်နေတဲ့အတွက် ဖြတ်တောက်ရမယ့် အ‌ခြေအနေရှိနိုင်ပါတယ်၊ သန်လျင် သဘာဝတရားရိပ်သာရဲ့ ကွန်းခိုရာ ကျန်းမာရေးစောက်ရှောက်မှု အခမဲ့ဆေးရုံမှာ ဆက်လက်တင်ပို့ ကုသပေးသွားမှာပါ'ဟု ရွှေမေတ္တာလူမှုကူညီရေး အသင်းက တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ စွန့်ပစ်ခံရသည့် အမျိုးသားသည် အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်ပြီး နေရပ် ၊ အမည် များ မသိရှိရသေးကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News