‘ပိုက်ဆံပေးပြီး ဆီတိုးခိုင်းထားတဲ့ လူတန်းစားအဖွဲ့ရှိနေတဲ့အတွက် စားအုန်းဆီရောင်းချပေးရသူတွေအတွက် အခက်တွေ့စေတယ်လို့ဆိုပါတယ်’
စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Published_ 13 September 2023
#tthl #စားအုန်းဆီ #တိုးခိုင်းပြီးပြန်ရောင်းချသူ
#Yangon_Times
စက်တင်ဘာလ ဒုတိယအပတ်အတွင်း အမေရိကန်ဒေါ်လာအပါအဝင် ပြည်ပငွေလဲလှယ်နှုန်းထား ကျဆင်းလာပေမယ့် စက်သုံးဆီဈေးကတော့ ဈေးမြင့်မှာသာရှိနေပါတယ်။92 တစ်လီတာကို (၂၂၈၅) ကျပ် ကနေ ၂၃၃၅ ကျပ်အထိ ဈေးမြင့် လာတာကြောင့်တစ်လီတာကို ကျပ် ၅၀ ခန့် အထိ ဈေးမြင့်လာတယ်လို့သိရပါတယ်
Published_ 13 September 2023
#စက်သုံးဆီဈေး မြင့်လာ #အမေရိကန်ဒေါ်လာ
#YMG/LW
#Yangon_Times
‘တနင်္သာရီဒေသရဲ့ရိုးရာဓလေ့တွေကို မတိမ်ကောမပပျောက်အောင်ထိန်းသိမ်းဖို့လိုအပ်တဲ့အတွက် တနင်္သာရီရိုးရာနဂါးလှေတော်ပွဲပြန်လည်ကျင်းပလိုပါတယ်’
တနင်္သာရီတိုင်းယဥ်ကျေးမှုအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦး
Published_ 13 September 2023
#tthl #နဂါးလှေတော်ပွဲ #တနင်္သာရီတိုင်းယဥ်ကျေးမှုအမွေအနှစ်
#Yangon_Times
#Local_News
Published_ 13 September 2023
၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးငယ် တစ်သိန်းကျော်၊ အသက်(၈၅)နှစ်အထက်ဘိုးဘွားသုံးသောင်းကျော်ကို ထောက်ပံ့ကြေး များပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ထောက်ပံ့ပေးမည့်အကြောင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ကျင်းပသည့် ကိုယ်ဝန်ဆောင်၊ ကလေးငယ် နှင့်သက်ကြီးဘိုးဘွားများ၊ စေတနာဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ‘၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် (၁၁၈၇၆၆)ဦးအတွက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လူမှုရေးပင်စင်အစီအစဉ်အနေဖြင့် အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၃၁၇၇)ဦးကို ထောက်ပံ့ နိုင်ရေးဆောင်ရွက်ပေးသွားမည်’ ဖြစ်ကြောင်း ပြောခဲ့သည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်နှစ်နှစ်အောက်ကလေးငယ်များ၊ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ငွေကျပ်၆၂၇၉ ဒသမ ၅၄၉ သန်းပေးအပ်ခဲ့ကြောင်း သိရသည်။
#tthl #Local_News #ဧရာဝတီတိုင်း #ကလေးငယ်တစ်သိန်းကျော် #ထောက်ပံ့ကြေးပေးမည်
#Yangon_Times
မြန်မာပြည်က ထွက်ရှိတဲ့ ဂျင်းကိုဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကဝယ်ယူတာရှိပေမယ့်နှစ်စဉ်ဝယ်ယူတာမျိုးမဟုတ်ဘဲ တစ်နှစ်ခြားစီ ဝယ်ယူကျတာမျိုးဖြစ်ကာ အခုနှစ်မှာတော့ ငွေကြေးတန်ဖိုးကျတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှကုန်သည်တွေအနေနဲ့ ပြန်ရောင်းရာမှာ
အမြတ်ငွေ ပိုများတဲ့အတွက် ဝယ်လိုအားများလာတာ ဖြစ်တယ်လို့ သိရပါတယ်။
Published_ 13 September 2023
#ဂျင်းဝယ်ယူမှုပိုများ #ဘင်္ဂလားဒေ့ရှ်ဘက်
#YMG/LW
#Yangon_Times
၁၃ စက်တင်ဘာ ၂၀၂၃
မြန်မာနိုင်ငံဟာ အာရှအားကစားပြိုင်ပွဲကို အားကစားသမား ၁၁၁ဦးစေလွတ်မှာြဖစ်ပြီး အားကစားအမျိုးအစား ၄၀ အနက် (၇)မျိုးကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဦးမင်းသိန်းဇံက ပြောကြားပါတယ်။
၁၉ကြိမ်မြောက် ဟောင်ကျိုး အာရှအားကစားပွဲဟာ အရှေ့တောင်အာရှရဲ့ အားကစားကိုမြှင့်တင်ပေးလိမ့်မယ်လို့ မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီး ဦးမင်းသိန်းဇံက ဆက်လက်ပြောကြားလိုက်ပါတယ်။
Source CCTV+
‘မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ မိုးသည်းထန်တဲ့အတွက် ကားလမ်းရေကျော်တာ၊ မြေပြိုတာတွေလည်းဖြစ်ပေါ်နိုင်လို့ အဲဒီ့ဒေသတွေကို ခရီးသွားမယ့်သူတွေ သတိပြုသွားလာဖို့လိုအပ်ပါတယ်’
ဦးလှထွန်း(ညွှန်ကြားရေးမှူး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
Published_ 13 September 2023
#tthl #မိုးသည်းထန်ပြီးရေကျော်နိုင် #ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Yangon_Times
Page 1205 of 2353