‘ကျိုက်ထိုကနေရန်ကုန်ကိုကားလက်မှတ်ခအခမဲ့ သွားလာလိုသူတွေအနေနဲ့ ရိုးရိုးလေးယာဉ်လိုင်းမှာ နာမည်၊ဖုန်းနံပါတ်၊မှတ်ပုံတင်နံပါတ်အမှတ်စတာတွေလာရောက်စာရင်းပေးရမှာဖြစ်ပါတယ်’
ရိုးရိုးလေးယာဉ်လိုင်းမန်နေဂျာ
Published_ 3 August 2023
#ကျိုက်ထို-ရန်ကုန်ခရီးစဉ်ကားလက်မှတ်ခအခမဲ့စီးနိုင်
#tthl
#Yangon_Times
‘ပွင့်လင်းရာသီမှာ ခရီးသွားတွေဝင်ရောက်လာရင် အဆင်သင့်ဖြစ်စေဖို့ ရပ်နားထားတဲ့ ပုဂံဟိုတယ်တွေမှာ ရေလိုင်း၊ မီးလိုင်းနဲ့ဟိုတယ်အခန်းတွေ၊ သန့်ရှင်းရေးတွေကြိုတင်ပြင်ဆင်နေတယ်’ ဦးဇော်ဝိတ်၊ ဥက္ကဌ (ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)
Published_ 3 August 2023
#ပုဂံဟိုတယ်အချို့ပြန်ဖွင့်ရန်ရှိ
#tthl
#Yangon_Times
ကျပ်သိန်း (၂၀၀) တစ်ဆု၊ ကျပ်သိန်း (၅၀) တစ်ဆု၊ ကျပ်သိန်း (၂၀) သုံးဆုအပါအဝင် ဆုမဲ (၁၃၆၉) ဆုထုတ်ယူရန်ကျန်ရှိ
Published_ 3 August 2023
#အောင်ဘာလေထီဆုမဲပေါင်း
#YMG/my
#Yangon_Times
#Local_News
Published_ 3 August 2023
စက်တင်ဘာလ(၂၇)ရက်သည်‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့(World Tourism Day)’ဖြစ်ပြီး ‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့’အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင်ဓာတ်ပုံပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
အဆိုပါဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံ၏ခရီးသွားဆွဲဆောင်မှုအလှများဖော်ထုတ်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ‘Tourism & Green Inverstments’ခေါင်းစဉ်ဖြင့်ဓတာ်ပုံပြိုင်ပွဲကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
ပြိုင်ပွဲတွင်ဆုရရှိသူများအနေဖြင့်ပထမဆုကျပ်၇သိန်း၊ဒုတိယဆု(၅)သိန်း၊တတိယဆု(၃)သိန်းနှင့် နှစ်သိမ့်ဆု(၁၅)ဆု(တစ်ဆုလျှင်၁သိန်း)စီရရှိမည်ဖြစ်ပြီး၂၀၂၃ခုနှစ်စက်တင်ဘာလ၂၇ရက်တွင် ဆုချီးမြှင့်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဩဂုတ်ရက်လ(၄)ရက်မှ (၂၉)ရက်အထိ ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရးမှူးရုံးသို့ပေးပို့လျှောက်ထားရ မည်ဖြစ်ပြီးလျှောက်လွှာများကို https://moht.qrd.by/wtd2023တွင် downloadလုပ်ပြီး လျှောက်ထားနိုင်ကြောင်းသိရသည်။
#tthl #Local_News #‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့’အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲ
#Yangon_Times
#Local_News
Published_ 3 August 2023
ရန်ကုန်မြို့ သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးနှင့် ဘုရားလမ်းထိပ် ဓာတ်တိုင်ပေါ်ရှိ Wifi ကြိုးကို တက်ရောက်ပြင်ဆင်ရာမှ အမျိုးသား သုံးဉီး ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်ဟု သာကေတမြို့နယ် လူမှုကူညီရေး အဖွဲ့ထံက သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယမန်နေ့ ဩဂုတ် ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ Wifi ကြိုးတပ်ဆင်သည့် အမျိုးသားသုံးဉီး အသက်အန္တရာယ်မရှိသော်လည်း ခြေလက်ကျိုးခြင်း ၊ အရေပြား မီးလောင်ကျွမ်းခြင်းနှင့် အခြားထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသား သုံးဉီးကို သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ မြေပြင်အရေးပေါ်ဆေးကုသမှု ပြုလုပ်ပြီးနောက် အခြားလူမှုူညီရေးအဖွဲ့ နှစ်ဖွဲ့က သဃ်န်းကျွန်းစံပြဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဓာတ်တိုင်ပေါ်ရှိWifiကြိုးကိုတက်ရောက်ပြင်ဆင်ရာမှဓာတ်လိုက်မှုဖြစ်
#Ymg/my
#Yangon_Times
#Local_News
Published 3 August 2023
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေ သည့်အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises) ဖွင့်ပွဲအခမ်းအနားကို ယနေ့ဩဂုတ် ၂ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royalဟိုတယ်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအပေါင်းနိုင်ငံ ၁၂ နိုင်ငံမှတပ်မတော်အရာရှိ ကြီးများတက်ရောက်ခဲ့ကြပါတယ်။
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောဖွင့်လှစ်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယင်းနောက် မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌများ ဦးဆောင်ကာ လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ သည် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ တပ်ဖွဲ့ဝင်များအကြား ထိတွေ့ ဆက်ဆံမှု၊ နားလည်မှု၊ ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ညနေပိုင်းတွင် ပူးပေါင်း စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises)ကို တက်ရောက်လာတဲ့ ရုရှားတပ်မတော်အရှေ့ပိုင်းစစ်ဒေသမှ ဒုတိယအကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Mikhail NOSULEVဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/knl #Local_News #အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး #Yangon_Times
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့သက်ဆိုင်ရာက ယနေ့ဩဂုတ်၂ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ဗုဒ္ဓါ ဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားများပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် မဏ္ဍပ်တော်များနှင့် အသုံးအဆောင်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေတဲ့အတွက် ဝင်ရောက်ဖူးမြော်ခွင့်မပေးနိုင်သေးတာဖြစ်တယ်လို့လည်းသိရပါတယ်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိပြီး၊ဘုရားဖူးလာပြည်သူများအနားယူနိုင်ရန်နှင့် ရုပ်ပွားတော်မြတ်ကြီးအား စိတ်အေးချမ်းသာစွာ ဖြင့်ဖူးမြော်ကြည်ညိုနိုင်ရန် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သသာနာ့ဗိမာန်တော်ကြီးနှင့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာ နာယူကြည်ညိုနိုင်ရေး၊ စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊Romanize Language တို့ဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာ ရုံစေတီ ၇၂၀ကိုလည်း ထည့်သွင်းတည်ဆောက်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source ymg/knl
Page 1203 of 2277