#Local_News
Published_ 26 November 2023
အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက Helpline ဖုန်း “1566” (4 Digits) သို့ ၂၄ နာရီပတ်လုံးတိုင်ကြားနိုင်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းစီဒေါ (CEDAW) ကို လက်မှတ်ရေးထိုးထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာစီမံကိန်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက သတင်းပို့တိုင်ကြား နိုင်ရန် (၂၄) နာရီ Helpline ဖုန်း “1566” (4 Digits) ကို ဖွင့်ထားပြီး တိုင်ကြားမှုများလက်ခံ၍ ဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။
အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ အမျိုးသမီးများ၏ လုံခြုံမှုအတွက် ယာယီနားခိုရာနေရာများကို ရန်ကုန်၊ မန္တလေး၊ လားရှိး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေမြို့တို့တွင် စီစဉ်ထားရှိပြီး အခြားသောဝန်ဆောင်မှုများရရှိနိုင်ရေးချိတ် ဆက်ပေးခြင်း၊ ညွှန်းပို့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိပါတယ်။
#Local_News #အမျိုးသမီးများ အကြမ်းဖက်မှု #ymg_mnn #Yangon_Media_Group
၂၅ နိုဝင်ဘာ ၂၀၂၃
#ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တရုတ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်ရေးစခန်းတစ်ခုအား MNDAA ၊ TNLA ၊ AA တို့ ဝင်ရောက်ဖျက်ဆီးခဲ့မှု
#မြိုင်ကလေး-သထုံ-ဘီးလင်းနှင့် မြိုင်ကလေး-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့အား KNU ၊ PDF တို့ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးခဲ့မှု
#တရုတ်ပြည်သူ့သမ္မတနိုင်ငံက တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေးလေ့ကျင့်မှုအား နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်နေမှ
#နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု့နှင့် ပူးပေါင်းဆောင်ရွက် မှုအခြေအနေများ
#၂၅-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများ
တို့နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါရှင်းလင်းပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါသည်။
-ymg/knl
#Daily_News
Published_ 25 November 2023
၁။ စက်သုံးဆီဈေးကွက်တွင် ဝယ်လိုအားများသည့် ဓါတ်ဆီဈေးအနည်းငယ်ပြန်ကျပြီး ဒီဇယ်ဈေးပြန်မြင့်လာ
၂။ ချောင်းသာကမ်းခြေကို တန်ဆောင်တိုင်သွားရန် ဘိုကင်တင်ထားသူ(၄၀၀)ဦး အနက် (၁၀၀)ဦးခန့် ဘိုကင်ပြန်ဖျက်သွားဟုဆို
၃။ ပုဂံ-ညောင်ဦးဒေသ၌ တန်ဆောင်တိုင်ပိတ်ရက်အတွက် လေကြောင်းလိုင်းများအပါအဝင်ကြိုတင်ဘိုကင်များပြည့်နေ
၄။ မိုးခေါင်ရေရှားမှုနှင့် ရေကာတာများ ဆောက်လုပ်ခြင်းကြောင့် အီရတ်နိုင်ငံအဓိကမြစ်များတွင် မြစ်ရေစံချိန်တင်ကျဆင်းနေကာ ငါးဖမ်းလုပ်ငန်းများ သိသိသာသာထိခိုက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
‘မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံမတည်ငြိမ်ရင် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်အကျိုးမရှိနိုင်လို့ မြန်မာနိုင်ငံအမြန်ဆုံးတည်ငြိမ်အေးချမ်းရေးကိုလိုလားတယ်’ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr.Zheng Zhihong
#Local_News
Published_ 26 November 2023
#တရုတ်နိုင်ငံ #သံမှူးကြီးDr.Zheng Zhihong
#tthl #Yangon_Times
#Local_News
Published 25 November 2023
ယခုနှစ်အတွင်း ပြည်ပသို့တင်ပို့ဆန်များ ဈေးကောင်းရနေပြီး နိုဝင်ဘာလအတွင်းပြည်ပနိုင်ငံများသို့ ဆန်တန်ချိန်တစ်သိန်းခွဲအထိ တင်ပို့ရန်မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာဆန်ဈေးကွက်၌ မြန်မာ့ဆန်များသည် အမျိုးအစားပေါ် မူတည်ကာ တစ်တန်လျင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၅၀၊ ၄၀၀ ဝန်းကျင်သာဈေးရရှိခဲ့သော်လည်း ယခုနှစ်အတွင်းတစ်တန်လျင် အမေရိကန်ဒေါ်လာ ၅၀၀ ကျော်အထိ ဈေးရရှိနေကြောင်း သိရသည်။
'ဒီနှစ်ရောင်းတဲ့ ဆန်ဈေးတွေကမြင့်တယ်၊ ဒါကြောင့်မို တစ်ဖက်က တန်ချိန်အားဖြင့် လျော့နည်းမှုရှိသော်လည်းပဲ ဝင်ငွေအားဖြင့် သိပ်ပြီးတော့ မလျော့ဘူး ဆိုတာကိုတော့ ပြောချင်ပါတယ်၊နိုဝင်ဘာလမှာတော့ ကျွန်တော်ထင်တယ်။ တစ်သိန်းခွဲနီးနီးလောက် သွားလိမ့်မယ့် အနေအထားရှိပါတယ်' မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလထိ (၇) လအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ဆန်၊ ဆန်ကွဲတင်ပို့မှုမှာ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက (၅၀) ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း တန်ချိန်အားဖြင့် ထက်ဝက်နီးပါး လျော့နည်းသွားခဲ့သော်လည်း ဝင်ငွေအားဖြင့် ကြည့်ပါက ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းသာ လျော့နည်းသွားကြောင်းသိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲ တန်ချိန် (၂.၅) သန်း ရောင်းချနိုင်ရေး ရည်မှန်းထားရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။
ဆန်နှင့်ဆန်ကွဲကို အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးများမှ တဆင့်တင်ပို့လေ့ရှိပြီး နယ်စပ်ကုန်သွယ်ရေးများတွင် အဓိကတင်ပို့သည့် နေရာတစ်ခုဖြစ်ပြီး ကိုဗစ်ကာလအတွင်းကပင် ဖွင့်လှစ်ခဲ့သည့် မူဆယ်ကုန်သွယ်ရေးအားပြီးခဲ့သည့် အောက်တိုဘာ၂၇ရက်မှစတင်၍ ယာယီပိတ်ထားရကြောင်း သိရသည်။
#Local_News #ပြည်ပတင်ပို့ဆန်များဈေးကောင်းရ #ဆန်တန်ချိန်တစ်သိန်းခွဲ #YMG/NN #Yangon_Times
ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလထဲက တစ်လကြိုတင်ပြီး လေယာဉ်လက်မှတ်ကြိုတင်ဝယ်ယူတာတွေရှိခဲ့တာလို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကဥက္ကဌ ဦးနောင်နောင်းဟန်က ရန်ကုန်မီဒီယာဂရုကို အခုလိုပဲ ပြောပါတယ်။
#Local_News
Published_ 25 November 2023
#ပုဂံ-ညောင်ဦးဒေသ #မြန်မာနိုင်ငံခရီးသွားလုပ်ငန်း
#YMG/NN #Yangon_Times
#Local_News
Published_ 25 November 2023
ပြည်ပနိုင်ငံတွေမှ တကူးတကလာရောက်ပူဇော်လေ့ရှိသည့် ဗိုလ်တထောင်စေတီတော်ကြီးရှိ ဗိုလ်တထောင်ဘိုးဘိုးကြီးကို ယာယီဗိမာန်နန်းဆောင်မှ အသစ်တည်ဆောက်ပြီးဖြစ်သည့် မူလဗိမာန်နန်းဆောင်သို့ ကြွရောက်စံမြန်းနေပြီဖြစ်၍ ဘိုးဘိုးကြီးအား မူလဗိမာန်နန်းဆောင်မှာပဲလာရောက်ပူဇော်နိုင်ပြီဖြစ်ကြောင်း ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ၂၅ရက်တွင် ဗိုလ်တထောင်စေတီတော်ရင်ပြင် အနောက်ဘက်ရှိ ယာယီဗိမာန်နန်းဆောင်မှ မူလနေရာ ဗိမာန်နန်းဆောင်သစ်သို့ ကြွရောက်စံမြန်းလျက်ရှိပြီဖြစ်ပြီး ရောဟဏီဘိုးဘိုးကြီးအား ယာယီဗိမာန် နန်းဆောင်မှ မူလနေရာ ဗိမာန်နန်းဆောင်သစ်သို့ ကြွရောက်စံမြန်းရန်ပင့်ဆောင်သည့် အခမ်းအနားလည်း ကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။
ဗိုလ်တထောင်ဘိုးဘိုးကြီး၏ မူလဗိမာန်တော်သည် သာယာလှပသော ရေကန်အလယ်တွင်တည်ရှိပြီး ငါးများ၊လိပ်များကိုလည်းအစာကျွေးမွေးနိုင်ခဲ့ကြောင်းနှင့်ယခုအခါက အဆိုပါဗိမာန်တော်ကို အသစ်ပြန်လည် တည်ဆောက်မွမ်းမံခဲ့ပြီး ကန်အတွင်းထားရှိနိုင်မည့်ငါးနှင့်လိပ်အရေအတွက်အတိုင်းထားရှိခြင်းနှင့် ကန်အတွင်းရေစနစ်များလည်းကောင်းမွန်အောင်ဆောင်ရွက်ထားခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ရောဟဏီ ဗိုလ်တထောင်ဘိုးဘိုးကြီးအား နံနက် ( ၆: ၃၉) မိနစ်အချိန်တွင် ယာယီဗိမာန်ဆောင်မှ မူလဗိမာန်ကိုပြုပြင်မွမ်းမံတည်ဆောက်လှူဒါန်းသည့် အလှူရှင် " ဦးမျိုးမြင့်( ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်) မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းသော မူလနေရာ ဗိမာန် နန်းဆောင်သစ်သို့ ပင့်ဆောင်ခြင်း နှင့် ဗိမာန်နန်းဆောင်သစ် အပ်နှံခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို " နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြတ်စွာဘုရားရှင်ထံမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြ၍ မင်္ဂလာအချိန်နံနက် ( ၆: ၃၉) မိနစ်အချိန်တွင် ရောဟဏီဘိုးဘိုးကြီးအား ယာယီဗိမာန်နန်းဆောင်မှ မူလနေရာ ဗိမာန်နန်းဆောင်သစ်သို့ ကြွရောက်စံမြန်းရန်ပင့်ဆောင်သည့် အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို " ဗုဒ္ဓသာသနံစိရံတိဌတု " သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
#Local_News #ဗိုလ်တထောင်ဘိုးဘိုးကြီး #မူလဗိမာန်နန်းဆောင်သစ် #tthl #Yangon_Times
Page 1199 of 2477