#Local_News
Published_29 December 2022
ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁) လအတွင်း သီလဝါ(ရန်ကုန်)ရှိ စက်သုံးဆီနှင့် ဓာတ်ငွေ့တင် ဆိပ်ကမ်းတွေကို စက်သုံးဆီတင်သင်္ဘော (၂၇၁) စီးဝင်ရောက်ခဲ့ပြီး ဆီတန်ချိန် (၄၂၇၀) တန်ကို ဆပ်ကမ်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) မှ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ဇန်နဝါရီလတွင် (၄၆၁ ဒသမ ၉၆၉) တန်၊ ဖေဖော်ဝါရီလတွင် (၅၆၂ဒသမ ၈၁၆) တန်၊ မတ်လတွင် (၄၆၂ ဒသမ ၂၁၃) တန်၊ ဧပြီလတွင် (၁၆၈ ဒသမ ၃၇၇) တန်၊ မေလတွင် (၃၁၈ ဒသမ ၇၁၆) တန်၊ ဇွန်လတွင် (၃၅၂ ဒသမ ၀၆၁) တန်၊ ဇူလိုင်လတွင် (၃၀၄ ဒသမ ၁၂၄) တန်၊ ဩဂုတ်လတွင် (၄၁၁ ဒသမ ၅၄၅) တန်၊ စက်တင်ဘာလတွင် (၄၅၁ ဒသမ ၃၆၃) တန်၊ အောက်တိုဘာလတွင် (၄၀၂ ဒသမ ၄၉၆) တန်နှင့် နိုဝင်ဘာလတွင် (၃၇၄ ဒသမ ၂၇၄) တန် တင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီတင်သင်္ဘောကြီးများ ဝင်၊ ထွက် ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားအစင်းရေ (၈) စင်းအထိ ရှိနေပြီး ဒီဇယ်ဂါလန် (၇၆) သန်းနှင့် ဓာတ်ဆီဂါလန် (၉၅) သန်းအထိ သိုလှောင်နိုင်ကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပို့ဆောင်ပေးနေကြောင်း သိရသည်။
#ymg/sth
#Yangon-Media_Group
#Local_News
Published_ 29 December 2022
မွန်ပြည်နယ်၊ မော်လမြိုင်တွင် အိမ်စီးကားတစ်စီး ချောင်းအတွင်း အရှိန်လွန်ထိုးကျကာ ယာဉ်မောင်းသေဆုံးမှုတစ်ခု ဒီဇင်ဘာလ ၂၈ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဂရုဏာရှင် လူမူကူညီရေးအသင်းက သိရသည်။
အဆိုပါ အိမ်စီးကားသည် မုပွန်အိုးရုံလမ်းရှိ ချောင်းအတွင်းသို့ ထိုးကျခဲ့ကာ ယာဉ်မောင်းမှာ ကားအတွင်းပိတ်မိကာ ရေနစ်သေဆုံးသွားခဲ့သောကြောင့် လူမှုကူညီရေးအသင်းယာဉ်ဖြင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 29 December 2022
ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်ကို ဆက်သွယ်သည့် ဂွချောင်းတံတားကို ဒီဇင်ဘာလ ၂၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
ဂွချောင်းတံတားကို ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ် အစိုးရအဖွဲ့တို့၏ ခွင့်ပြုရံပုံငွေကျပ်သန်း ၈၉၈၀ ဖြင့် အကုန်အကျခံဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းမှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ဂွမြို့နယ်အထိ ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွ ကမ်းခြေပတ်လမ်း၏ အရေးပါသော တံတားတစ်စင်းလည်းဖြစ်ပြီး စုစုပေါင်းအရှည် ၁၃၉၉ ပေရှိကာ ယာဉ်သွား လမ်းအကျယ် ၂၄ ပေ၊လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ၊ ၆ လက်မစီ ပါဝင်ကာ ရေလမ်း ကင်းလွတ် အမြင့်ပေ ၂၀ ၊ ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိ၍ တံတားခံနိုင်ဝန် (ခွင့်ပြုယာဉ် တစ်စီးချင်း အလေးချိန်) မှာ ၇၅ တန်ဖြစ်ကြောင်း သိရသည်။
တံတား အုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ P.C Girder ၊ R.C Girder တို့ဖြင့် တည်ဆောက်ထားသော သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်ကြောင်း၊ တံတား ခန်းဖွင့်အကျယ် ၂၆ ပေ ၃ လက်မ(သုံး)ခန်း၊ ပေ ၆၀ (နှစ်)ခန်းနှင့် ပေ ၁၀၀ (၁၂ ခန်း) တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 29 December 2022
ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် (၁၄) ခု၌ စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်ရန်ကျန် ပမာဏ များပြားနေပြီး ပေးဆပ်ရန်ရှိသည်များ အမြန်ဆုံးပေးဆပ်ရန်လိုကာ ပေးဆပ်မှသာ လိုအပ်သူများအတွက် ထပ်မံချေးငှားခြင်းဖြင့် လုပ်ငန်းတိုးချဲ့မှုများ ဆောင်ရွက်နိုင်မည်ဖြစ်၍ စည်းရုံးဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီတောင်းခံခြင်းများ ဆောင်ရွက်ရန် နစက ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် များမှ တာဝန်ရှိသူများအား တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ထို့ပြင် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း ၂ဝ၂ဝ၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့၏ မိုးရွာသွန်းရက်နှင့် မိုးရေချိန်များသည်များစွာ ကွာခြားမှု မရှိကြောင်း၊ သို့ရာတွင် အဓိကစိုက် ပျိုးသီးနှံဖြစ်သည့် စပါးနှင့်ပဲမျိုးစုံစိုက်ဧက လျာထားချက်ကို မြို့နယ်အားလုံး ပြည့်မီခြင်းမရှိသလို အထွက်နှုန်းမှာလည်း ပန်းတိုင် အထွက်နှုန်းကိုပြည့်မီရန် လိုအပ်နေသေး တယ်လို့ ဆိုပါတယ်။
စိုက်ဧက တိုးချဲ့မှု အစားလက်ရှိစိုက်ဧကအား သီးနှံအထွက် ပိုမိုတိုးမြှင့်ရေး ကြိုးပမ်း ရန်လိုအပ်ပြီး၊ သီးနှံတိုးတက်ထုတ်လုပ်နိုင်ရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ အသုံးပြုရန် လိုအပ်မှု၊ သွင်းအားစု၊ လိုအပ်ရေပမာဏ ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး ကိုဂရုပြုရန် လိုသလို စိုက်ပျိုးရာတွင်လည်း နိုင်ငံတကာဈေး ကွက်အထိ အဆင့်မီ တင်ပို့နိုင်ရေး Good Agriculture practice(GAP) အသိပညာသိရှိအောင် စိုက်ပျိုးသူများကို ပညာပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
MSME လုပ်ငန်းများ၏ အဓိကအခက်အခဲများတွင် ချေးငွေရယူလိုမှုနှင့် ချေးငွေ သက်တမ်းတိုးလိုမှုကို တွေ့ရပြီး မှန်ကန်စွာဖြေရှင်းနိုင်ရန်မှာ ချေးငွေကို အချိန်မှန် ပေးဆပ်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယအချက်မှာ မြေနေရာရရှိလိုမှုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဆန်စပါးအဓိက ထုတ်လုပ် သောနိုင်ငံဖြစ်၍ လယ်မြေနှင့် ပတ်သက်လျင် အခြားနည်းသုံးစွဲရန် ခွင့်မပြု ကြောင်းကို နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားပြီးဖြစ်ပါတယ်။
တတိယအချက်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ်ပြီး နိုင်ငံ၏လက်ရှိ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအခြေအနေအရ လုံလောက်မှု မရှိသေးကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံစေရေး၊ ရေအား လျှပ်စစ်၊ ဆိုလာ စနစ်မှစ၍ အနုမြူစွမ်းအင်သုံး အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအထိ နိုင်ငံတော်မှ စီမံဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
လတ်တလောအခြေအနေအရ လျှပ်စစ်ဓတ်အားမရှိလျင် ကုန်ထုတ်လုပ်မှုကိုလည်းဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ ဖြစ်စေ ဆိုလာစနစ်၊ လေအားလျှပ်စစ်နှင့် ဒီဇယ်သုံး လျှပ်စစ်ဓာတ်အားများကိုလည်း တစ်ပိုင်တစ်နိုင်စီမံဆောင် ရွက်ကြဖို့ ပြောကြားခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 29 December 2022
MSME လုပ်ငန်းများသည် မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံစီးပွားရေး၏ ကုန်ထုတ်လုပ်မှု၌ ၉၉ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိပြီး နိုင်ငံ၏ GDP တွင် အရေးကြီးသော အခန်းကဏ္ဍမှရပ်တည် လျက်ရှိတယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် များမှ တာဝန်ရှိ သူများအား တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ကြပါတယ်။
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နစက ဒုတိယဥက္ကဋ္ဌက MSME ၏အခြေခံဖြစ်သော ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအား အရင်းအမြစ်တို့နှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့်တတ်နိုင်သရွေ့ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့ပြင် လူ့စွမ်းအားအရင်းအမြစ်အတွက် အလယ်တန်းအဆင့်နှင့်အောက် တတ်မြောက်သူများအတွက် ဝန်ကြီးဌာန (၇) ခုက ကာလတိုနှင့်ကာလရှည် သင်တန်းပေါင်း (၁၉၈)မျိုးကို ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ အထက်တန်းအဆင့် ပညာတတ်မြောက်ပြီး သူများအတွက် စိုက်ပျိုး ရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် စက်မှုသိပ္ပံတို့ ဖွင့်လှစ်ပေးမှုအခြေအနေ၊ အဆင့်မြင့်ပညာနှင့် ပတ်သက်၍ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များအား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေတို့ကို ပြောကြားပါတယ်။
ကုန်ထုတ်လုပ်မှု၊ သွင်းကုန်အစားထိုးမှုနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ထုတ်ကုန် ဦးစားပေးဆောင်ရွက်ရာတွင် ဒေသအလိုက်ထွက်ရှိ ကုန်ကြမ်းများမှတဆင့် ကုန်ချောထုတ်လုပ်နိုင်မည့် မူဝါဒကိုလည်း လက်မလွတ်စေရန်လည်း ပြောကြားခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 29 December 2022
ဒီဇင်ဘာ (၂၂) ရက်နေ့စာရင်းများအရ YBS စီးနင်းသူအရေအတွက်မှာ ၁.၆ သန်း အထိရှိကြောင်း YRTC ရဲ့ ဒုတိယဥက္ကဋ္ဌက ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းကပြုလုပ်တဲ့ YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့တွင်း သွားလာရန်အတွက် YBS မှာ အဓိကအကျဆုံး ဖြစ်သဖြင့် ယာဉ်မောင်းတစ်ဦး၏ တာဝန်ယူသယ်ယူပိုဆောင်ရတဲ့ နေ့စဉ်ပျှမ်းမျှ ခရီးသည် ၄၀၀ ဦးရဲ့ အသက်မှာ ယာဉ်မောင်းများလက်တွင်ရှိကြောင်း ဒုတိယဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။
ထို့နောက် ယာဉ်မောင်းများ သိသင့်သိထိုက်တဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးချက်များ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ယာဉ်မောင်း တစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက်များကို တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့် မန်က ဆွေးနွေးခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ YRTC ၏ ဥပဒေပညာရှင်၊ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး(ရန်ကုန်တိုင်းဒေသကြီး)၊ YRTC ကော်မတီဝင်တို့က ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပိုချခဲ့ပါတယ်။ အသိပညာပေးဆွေးနွေးပွဲသို့ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ YBS ယာဉ်မောင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
YRTC အနေဖြင့် YBS ယာဉ်စီးရေ ၃၅၀၀ စီးခန့်ကို စီမံကြီးကြပ်ပေးရတဲ့ အဖွဲ့ အစည်းဖြစ်ပြီး၊ YBS၊ City Taxi၊ ကုန်စည်နှင့် အဝေးပြေးယာဉ်များကို ကြီးကြပ် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#Yangon_Media_Group
#Local_News
Published_ 28 December 2022
မြန်မာနိုင်ငံမှာ Bright Energy နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းသွားမယ်လို ထိုင်း စွမ်းအင်ကုမ္ပဏီ PTT ရဲ့ လက်အောက်ခံ PTTOR ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
#Yangon_Media_Group
Page 1206 of 1892