' ရန်ကုန်အခြေစိုက် တောင်ကိုရီးယားကုမ္ပဏီနှစ်ခုက ပြည်ပက တင်သွင်းလာတဲ့ ရွှေနဲ့လက်ဝတ်ရတနာတွေကို အချောထည်ပြုလုပ်ပြီး ကုန်သွယ်ဖက်နိုင်ငံတွေကို ပြန်လည်တင်ပို့နေတယ်'
#Yangon_Times/NN
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ရွှေကျင်တွဲဖက်သာသနာပိုင်စည်ရှင်ဆရာတော်ကြီး ဈာပနမန္တလေး၊ဧရာဦးဆိပ်ကမ်းတွင်ကျင်းပမည်၊ ယောဆရာတော်၊ပါမောက္ခချုပ်ဆရာတော်နှင့် သီတဂူဆရာတော်တရားချီးမြှင့်မည်
‘နိုဝင်ဘာလ(၂၃)ရက်မှာတော့ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲကို ဧရာဦးဆိပ်ကမ်း ဈာပနကွင်းမှာ ကျင်းပမယ်။ဆရာတော်ကြီးရဲ့ ဆန္ဒအရ သံဃာတော်တွေနဲ့ သီလရှင်တွေထံမှ လှူဒါန်းမှုကို လက်မခံဖို့လည်း သတ်မှတ်ထားတယ်။ နိုဝင်ဘာလ၂၁ရက်မှာ ယောဆရာတော်ကြီး၊ နိုဝင်ဘာလ၂၂ရက်မှာ ပါမောက္ခချုပ် ဆရာတော်ကြီးတို့ တရားတော်ဟောကြားမှာဖြစ်ပြီး သီတဂူဆရာတော်ကြီးမှ ရေစက်ချ သံဝေဂတရားဟောကြားဖို့ရှိပါတယ်’မဟာဝိသုဒ္ဓါရုံတိုက်သစ်၊စည်ရှင်ကျောင်း
#Yangon_Times/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 20 November 2023
အိန္ဒိယဝယ်လိုအားလျော့ကျ၍ ပဲစင်းငုံဈေးနှုန်းများကျဆင်းနေကြောင်း ပဲနှမ်းဈေးကွက်အတွင်းမှသိရသည်။ ထိုသို့ကျဆင်းရာတွင် ပြီးခဲ့သည့်အပတ်ကထက်တစ်တန်ကို ကျပ်ခြောက်သိန်းခွဲ အထိကျဆင်းလာကြောင်းသိရသည်။
'ပဲစင်းငုံကထွက်ချိန်နီးနေပြီ၊လက်ကျန်ကလည်းရှိသေးတယ်၊ဒီအချိန်မှာအိန္ဒိယကလည်းပဲဝယ်လိုအားလျော့သွားတဲ့အတွက် ဈေးကျလာတာ၊ဒီလဆန်းထဲကကျနေတာပါ' ဟု ပဲနှမ်းကုန်သည် ဦးဇော်လွင်ကပြောသည်။
ပဲစင်းငုံကို အိန္ဒိယသို့အဓိက နှင့် တရုတ်နိုင်ငံသို့ တင်ပို့မှုရှိသော်လည်း လတ်တလောတွင်ဝယ်လက်ပျောက်နေကြောင်းသိရသည်။
ပဲစင်းငုံကို မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊မကွေးတိုင်းတို့၌အဓိကစိုက်ပျိုးကြပြီးအများအားဖြင့်သက်ကြီးမျိုးများအားသီးညှပ်စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။
ထို့အပြင် အပင်သက်တမ်းအားဖြင့်သက်လျင်မျိုးမှာရက်ပေါင်း၁၆၀အောက်၊သက်လတ်မျိုးမှာရက်ပေါင်း၁၆၀မှ၂၀၀ရက်အတွင်းနှင့်သက်ကြီးမျိုးမှာရက်ပေါင်း၂၀၀ရက်အထက်ရှိကြောင်း
သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 20 November 2023
ယခုတစ်ပတ်တွင် စားအုန်းဆီလက်ကားရည်ညွှန်းဈေးရာဂဏာန်းမြင့်တက်လာပြီး တစ်ပိဿကျပ် ၄၉၉၀သတ် မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။
ပြီးခဲ့သည့်အပတ်တွင် စားအုန်းဆီတစ်ပိဿကျပ်၄၆၈၀သာ ရှိခဲ့ပြီး အခုအပတ်တွင် စားအုန်းဆီ တစ်ပိဿာ လျှင် ၄၉၉၀ ကျပ်ဖြစ်သွားသည့်အတွက် ကျပ်၃၁၀တက်သွားခဲ့ခြင်းဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ဖြစ်သင့်သောဈေးနှုန်းများ ဖြစ်ပေါ်စေရေးထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီးစားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေ သည့် FOBဈေးနှုန်းများကိုစောင့်ကြည့်ပြီး သယ်ယူပို့ ဆောင်ခ၊ဘဏ်စရိတ်နှင့်အခွန်အခများထည့်သွင်းတွက် ချက်ပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးများကို သတ်မှတ်ထုတ်ပြန် ပေးခြင်းဖြစ်သည်ဟုဆိုသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ မှ နိုဝင်ဘာလ (၂၇) ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၉၉၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသည်။
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
#Yangon_Times/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ရွှေဘိုပေါ်ဆန်းဆန်များအား စစ်မှန်ကြောင်းကုန်အမှတ်တံဆိပ်လိုဂိုများဖြင့် ဒီရက်ပိုင်းထဲဖြန့်ချီမယ်
' ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်နေတဲ့ GI ဧရိယာအတွင်းမှာ ပါဝင်တဲ့ရွှေဘို၊ ဒီပဲယင်းမြို့နယ်အပါအဝင် မြို့နယ်ခုနှစ်ခုက ထွက်ရှိတဲ့ ရွှေဘိုပေါ်ဆန်းဆန်အိတ်တွေကို စစ်မှန်ကြောင်းကုန်အမှတ်တံဆိပ်လိုဂိုတွေ တပ်ဆင်နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်
#Yangon_Times/NN
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 20 November 2023
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချခံပြီး ပြစ်ဒဏ်သတ်မှတ်ရက် ပြည်သည့် မြန်မ၇၅ဦးကို နိုဝင်ဘာလ၂၀ရက် တွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းသတင်းဌာန များမှသိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်နှင့်ထောင်များတွင် ပြစ်ဒဏ်ကျခံပြီးသောကြောင့် ထိုင်းအာဏာပိုင်များ က မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
ယင်းမြန်မာနိုင်ငံသားများကို ရနောင်းမြို့ကနေ စက်လှေနှင့် ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ခြင်းဖြစ်ပြီး နေရပ်ပြန်ပို့ခံရသူများထဲတွင် မြန်မာနိုင်ငံသား ၁၈ နှစ်အောက် အမျိုးသမီး ၂ ဦး၊အမျိုးသား ၁ ဦး ၊၁၈နှစ်အထက် အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၅၅ ဦး ပါဝင်ကြောင်းသိရသည်။
ကော့သောင်းမြို့သို့ ရောက်လာသည့် ယင်းမြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော သူများကို သတ်မှတ်ထားသည့် အသွားအလာစောင့်ကြည့်ရေး စင်တာတွေမှာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News

အမှန်တကယ် လိုတဲ့အပ်သူကိုသာ ရောင်းချပေးတော့မယ်လို့ဆို
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူများ စားနပ်ရိက္ခာအခက်ခဲ မဖြစ်စေရန် ပရဟိတအသင်းမှ အခြေခံစားသောက်ကုန်တွေကို ဈေးလျော့ရောင်းပေးခဲ့ပေမယ့် အချို့ ပြည်သူတွေက ဈေးတင်ပြီး တစ်ဆင့်ပြန်လည် ရောင်းချတာတွေ ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 1210 of 2477