Published 20 November 2023

အိန္ဒိယဝယ်လိုအားလျော့ကျ၍ ပဲစင်းငုံဈေးနှုန်းများကျဆင်းနေကြောင်း ပဲနှမ်းဈေးကွက်အတွင်းမှသိရသည်။ ထိုသို့ကျဆင်းရာတွင် ပြီးခဲ့သည့်အပတ်ကထက်တစ်တန်ကို ကျပ်ခြောက်သိန်းခွဲ အထိကျဆင်းလာကြောင်းသိရသည်။

'ပဲစင်းငုံကထွက်ချိန်နီးနေပြီ၊လက်ကျန်ကလည်းရှိသေးတယ်၊ဒီအချိန်မှာအိန္ဒိယကလည်းပဲဝယ်လိုအားလျော့သွားတဲ့အတွက် ဈေးကျလာတာ၊ဒီလဆန်းထဲကကျနေတာပါ' ဟု ပဲနှမ်းကုန်သည် ဦးဇော်လွင်ကပြောသည်။

ပဲစင်းငုံကို အိန္ဒိယသို့အဓိက နှင့် တရုတ်နိုင်ငံသို့ တင်ပို့မှုရှိသော်လည်း လတ်တလောတွင်ဝယ်လက်ပျောက်နေကြောင်းသိရသည်။

ပဲစင်းငုံကို မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊မကွေးတိုင်းတို့၌အဓိကစိုက်ပျိုးကြပြီးအများအားဖြင့်သက်ကြီးမျိုးများအားသီးညှပ်စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။

ထို့အပြင် အပင်သက်တမ်းအားဖြင့်သက်လျင်မျိုးမှာရက်ပေါင်း၁၆၀အောက်၊သက်လတ်မျိုးမှာရက်ပေါင်း၁၆၀မှ၂၀၀ရက်အတွင်းနှင့်သက်ကြီးမျိုးမှာရက်ပေါင်း၂၀၀ရက်အထက်ရှိ‌ကြောင်း
သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News