Published_ 20 November 2023

ယခုတစ်ပတ်တွင် စားအုန်းဆီလက်ကားရည်ညွှန်းဈေးရာဂဏာန်းမြင့်တက်လာပြီး တစ်ပိဿကျပ် ၄၉၉၀သတ် မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။

ပြီးခဲ့သည့်အပတ်တွင် စားအုန်းဆီတစ်ပိဿကျပ်၄၆၈၀သာ ရှိခဲ့ပြီး အခုအပတ်တွင် စားအုန်းဆီ တစ်ပိဿာ လျှင် ၄၉၉၀ ကျပ်ဖြစ်သွားသည့်အတွက် ကျပ်၃၁၀တက်သွားခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ဖြစ်သင့်သောဈေးနှုန်းများ ဖြစ်ပေါ်စေရေးထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီးစားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေ သည့် FOBဈေးနှုန်းများကိုစောင့်ကြည့်ပြီး သယ်ယူပို့ ဆောင်ခ၊ဘဏ်စရိတ်နှင့်အခွန်အခများထည့်သွင်းတွက် ချက်ပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးများကို သတ်မှတ်ထုတ်ပြန် ပေးခြင်းဖြစ်သည်ဟုဆိုသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ မှ နိုဝင်ဘာလ (၂၇) ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၉၉၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသည်။

ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
#Yangon_Times/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News