Published_ 8 September 2023
ယခုနှစ်နိုဝင်ဘာလမှစတင်၍ Naypyidaw State Academyတွင်ဆေးပညာအခြေခံနှစ် (Foundation Years Semester(I))သင်တန်းကိုဖွင့်လှစ်နိုင်သွားမည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် ပညာရေးဝန်ကြီး ဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။
Naypyidaw State Academyဆေးသိပ္ပံပညာဌာနတွင် ဆေးပညာအခြေခံနှစ်သင်တန်းကို ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင်ကျန်းမာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့တက်ရောက်ခဲ့ပြီးသင်ကြားမည့်ဆရာ၊ဆရာမများခန့်အပ်ရေး၊ဝန်ထမ်းရေးရာကိစ္စရပ်များ၊သင်ကြားရေးဆိုင်ရာပစ္စည်းများဖြည့်တင်းနိုင်ရေးနှင့်စပ်လျဉ်းပြီးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Naypyidaw State Academyသို့ တက်ရောက်ခွင့်ရရှိမည့်ကျောင်းသားကျောင်းသူများကိုရွေးချယ်ရာတွင် ၄◌င်းတို့အောင်မြင်သည့် စာစစ်ဌာနအပေါ်မူတည်၍ စနစ်တကျရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားနေလျက်ရှိသော Out come- based Integrated Curriculumဖြင့် တစ်ပြေးညီသင်ကြားပို့ချနိုင် ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
ဆေးပညာအခြေခံနှစ် (Foundation Years Semester(I))သင်တန်းပို့ချမည့်ဆရာဆရာမများမှာ ပညာရေး ဝန်ကြီးဌာန၊ Naypyidaw State Academyမှဆရာ၊ဆရာမများဖြစ်သောကြောင့် ဆေးပညာသင်ရိုးညွှန်းတမ်းများ၊ ဆန်းစစ်ခြင်းပုံစံများဖြင့် အကျွမ်းဝင်မှုရှိစေရန်ဘာသာရပ်ဆိုင်ရာဝါရင့်သင်ကြားရေးဆရာ၊ ဆရာမများပါဝင်သော အဖွဲ့နှင့် အောက်တိုဘာလတွင် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ထားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ၏ပြောကြားချက်အရသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
တောင်ကိုရီးယားရောက်မြန်မာတွေ အတွက် သာမန် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှု ကို လာမည့် စက်တင်ဘာလ ၁၁ရက် က စပြီး ပြန်လည်ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်းဆိုးလ်မြို့ရှိမြန်မာသံရုံးက ထုတ်ပြန်ချက် အရ သိရသည်။
သာမန် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများ အဆင်ပြေချောမွေ့စေရန် အတွက်
နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စက်ကိုပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်း လုပ်ဆောင်ခဲ့တာကြောင်စက်တင်ဘာ၁ရက်က စပြီးယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်း ပြီးစီးသွားသောကြောင်စက်တင်ဘာ၁၁ရက် မှစတင်ပြီး့ပြန်လည် လုပ်ဆောင်ပေးရန် ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။
နိူင်ငံကူးလက်မှတ်သက်တမ်းတိုးမည့်သူများ အနေဖြင့် တနင်္လာနေ့မှသောကြာနေ့အထိ ပုံမှန်အတိုင်းပြန်လည်ခံသွားမှာဖြစ်တာကြောင့် သံရုံးက ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များထံဆက်သွယ်ပြီးအနည်းဆုံးသုံးရက်ကြိုတင်ရက်ချိန်းရယူဖို့ကိုလည်းသံရုံးကအသိပေးထားကြောင်း
သိရသည်။
#YMG #Yangon_Times
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
စားသုံးဆီကို လက်ကားရည်ညွှန်း ဈေးထက်ပိုပေးဝယ်ရလျှင် တိုင်ကြားနိုင်ကြောင်း ရောင်းချကြရန် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းက အသိပေး ကြေညာလိုက်သည်။
ပြည်တွင်းစားအုန်းဆီဈေးနှုန်းများ တည်ငြိမ်စေရေးအတွက်အဖွဲ့ဝင် (၂၉)ဦးပါ စားသုံးဆီဈေးနှုန်း တည်ငြိမ်စေ ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း၍ စီမံဆောင်ရွက်နေပြီဖြစ်သောကြောင့် စားသုံးလက်ထဲအရောက် ရောင်းချချိန် တွင် အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုသော ဈေးဖြင့်သာ ရောင်းချကြရန် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်း က ထပ်မံကြေညာခြင်း ဖြစ်သည်။
ဆီဈေးထိန်းချုပ်သည့်အနေဖြင့် ပြည်တွင်းရှိ လက်ကားကုန်သည်များ၊ ဆီဒိုင်များ၊ အရောင်းဆိုင်ကြီး များကို အဆိုပါ အစိုးရ၏ လက်ကား ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းလည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကြီးများအနေဖြင့် လက်ကား ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်ဖြစ်ပြီး စားသုံးသူလက်ထဲသို့ တစ်ဆင့်ခံ ပြန်လည်ရောင်းချသူများအနေဖြင့်လည်း အထွေထွေ ကုန်ကျစရိတ်များပါ ထည့်ပေါင်းပြီး ၁၀ ရာခိုင်နှုန်းထက် အမြတ်တင်မရောင်းချကြရန် အသင်းက သတ်မှတ်ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် မြို့နယ်များရှိ ဈေးများ၊ ရပ်ကွက်အတွင်းရှိ အရောင်းဆိုင်များအပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းခွဲများရှိရာ မြို့နယ်များဖြစ် သည့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ မြင်းခြံ၊ ရွှေဘို၊ ပခုက္ကူ၊ အောင်လံ၊ ကျောက်ပန်း တောင်း၊ မိတ္ထီလာ၊ ပုသိမ်၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ မြိတ်၊ ကောင့် သောင်း၊ ထားဝယ်၊ လားရှိုး၊ ဘားအံ၊ စစ်တွေနှင့် မြစ်ကြီးနား စသည့် မြို့နယ်များတွင်လည်း ရောင်းချပေး လျက်ရှိပြီး အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက်လည်း ဆက်လက်ဖြန့်ဖြူး ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်မှ ၁ဝ ရက်ထိ စားအုန်းဆီလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၁၆ဝ ဖြစ်ကြောင်း အဆိုပါ အသင်းက သိရသည်။
စားသုံးဆီဈေးနှုန်း တည်ငြိမ် စေရေး လုပ်ငန်းအဖွဲ့ကိုအသင်း၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စားသုံးဆီတင် သွင်း သောကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်သော (၂၉)ဦးဖြင့် ဩဂုတ်လ ၂၈ ရက်မှ စတင်ဖွဲ့စည်းကာ ဆီတင်သွင်းသော ကုမ္ပဏီများ၏ ဆီရောင်းချရေးကို စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
၇ စက်တင်ဘာ ၂၀၂၃
ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့ သဖြင့် သစ်တောဖုံးလွှမ်းမှု သည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့တယ် လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
စက်တင်ဘာ (၇)ရက် ကြာသပတေးနေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုလိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
သစ်တောထူထပ်ပြီး အဖိုးတန်သစ်တောတွေရှိသည့် မိမိတို့နိုင်ငံကို နယ်ချဲ့ များက မတရားကျူးကျော်မှုများ ပြုလုပ်ခဲ့ကြပြီး အတိုင်းအဆမရှိ သစ်တောများကို ခုတ်လှဲယူခဲ့ကြတယ်လို့လည်းဗိုလ်ချူပ်မှူးကြီးကပြောတယ်လို့ နစကရဲ့ သတင်း ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
သစ်တောသစ်ပင်များပြန်လည်ထူထောင် ဖြည့်တင်းခြင်း များကို မှန်မှန်ကန် ကန်ဆောင်ရွက်မှုမရှိပါက သဘာဝတရား၏ရိုက်ခတ်မှုဒဏ်ကို ခံကြရမှာဖြစ်လို့ သစ် တောများနှင့်နီးကပ်နေသည့် ကျေးလက်ဒေသများတွင် သစ်ပင်သစ်တောများကို ထိန်း သိမ်းကြရေးနှင့် မြို့ပြများတွင် နေထိုင်ကြ သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရရှိစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လွှမ်းခြုံ ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုများကို ကြုံတွေ့နေရပြီး ယခင် နေပြည်တော်ဒေသ၏ ရာသီ ဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှအပူချိန် ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိခဲ့ရာ ယခုအချိန်တွင် ပျမ်းမျှ အပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်အထိ တိုးမြင့်လာတယ်လို့ တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်က သတိပေး ပြောဆိုပါတယ်။
၂၀၁၁ ခုနှစ်မှစပြီး သစ်ပင် စိုက်ပျိုးပွဲတွေကို နှစ်စဉ်ကျင်းပပြုလုပ်ပေးခဲ့ရာမှာ ၂၀၂၃ ခုနှစ် တတိယအကြိမ် သစ်ပင် စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း ၁၉၀,၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၁၀၉,၈၈၅ ပင်ရှင်သန်ဖြစ်ထွန်းခဲ့တဲ့အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ရှင်သန်ဖြစ်ထွန်းသည်ကို တွေ့ရှိရတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
အဲဒါကြောင့် စိုက်ပျိုးကြသည့် သူများက ရှင်သန်မှုရှိအောင် စိုက်ပျိုးကြရန် လို သကဲ့သို့ ထိန်းသိမ်းရန် တာဝန်ရှိသူများအနေဖြင့်လည်း ရာနှုန်းပြည့် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြဖို့ကိုလည်း ဗိုလ်ချူပ်မှူးကြီးကအလေးပေးပြောကြားခဲ့ပါတယ်။
ယခုသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သစ်ပင်စိုက်ပျိုးပွဲသို့ နစကဥက္ကဋ္ဌနှင့်ဇနီး၊ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ တပ်မတော် ထိပ်တန်းနှင့် အဆင့်မြင့်အရာရှိကြီးများအပါအဝင် အရာရှိ၊စစ်သည်နှင့် မိသားစုဝင်များ တက်ရောက်စိုက်ပျိုးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
#Daily_News
Published_ 7 September 2023
၁။ ရန်ကုန်အပြင် ဒေသ(၁၁)ခုကို စားအုန်းဆီပေပါများ ရည်ညွှန်းဈေး ကျပ်(၄၁၆၀)ဖြင့် ရောင်းချပေးထားဟုဆို
၂။ လေးနှစ်ပြည့် MOU လုပ်သားတွေကို ပြုလုပ်ပေးမယ့် One Stop Service အစီစဉ် အခုလ ဒုတိယအပတ် စတင်နိုင်ဖို့ ဆောင်ရွက်နေ
၃။ ဖီဖာ နိုင်ငံတကာခြေစမ်းပွဲအတွက် ထိုင်းလိဂ်နှင့် အင်ဒိုနီးရှားလိဂ်တွင် ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးများ ရွေးချယ်ထား
၄။ တရုတ်တွင်တစ်ပတ်ရစ် လျှပ်စစ်ကားများ ဝယ်ယူချင်သူများပြားလာသဖြင့် ဈေးနှုန်းများမတည်မငြိမ်ဖြစ်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 7 September 2023
ပြည်ပ ဝယ်လိုအား များခဲ့သဖြင့် ဈေးမြင့် ခဲ့သည့် ကြက်သွန်ဈေးကွက်မှာ ယခု ရက်ပိုင်းအတွင်း ဈေးပြန်ကျ ပြီး ပြည်တွင်း အရောင်းဝယ် သွက်နေတယ်လို့ ဒညင်းကုန်းဈေးရှိ ကြက်သွန်လက်လီလက်ကားရောင်းဝယ်ပြုနေတဲ့ ပွဲရုံ များထံ က သိရသည်။
ယခင် တပတ်ထက် ကြက်သွန်ဖြူ တစ်ပိသာကို ကျပ်၃၀၀ ခန့့်ပြန်ကျခဲ့ ပြီး ကြက်သွန်နီတစ်ပိသာ ကို ၅၀၀ကျပ်ခန့် ပြန်ကျလာရကြောင်း သိရသည်။
'' ကြက်သွန်နီ ကော အဖြူရော ဈေး ပြန်ကျတယ် ၊ကုန်ကတော့ အဝင် ပုံမှန်ပဲ ရှိတယ်၊အရောင်းဝယ်ကတော့လကုန်ရက်ဆိုတော့နေ့တိုင်းအရောင်းသွက်နေတယ်''ဟု မြလေးငုံ ကြက်သွန်ပွဲရုံမှ တာဝန်ရှိသူကပြောသည်။
ကြက်သွန်နီ တစ်ပိသာလျှင် ကျပ်၂၈၀၀မှ၃၂၀၀ကျပ်၊ကြက်သွန်ဖြူတစ်ပိသာလျှင် (ရှမ်း)၇၄၅၀ကျပ်မှ ၉၅၀၀ကျပ်၊ကြူကုန် တစ်ပိသာလျှင် ၇၇၅၀ ကျပ် ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times
ယနေ့တစ်လီတာ လက်လီဈေး (၂၂၅၅)ကျပ် သတ်မှတ်
ယနေ့ ဈေးနှုန်းတွေဟာ MOPS ဈေးနှုန်းပေါ်မှာ အခြေခံတွက်ချက်ထားခြင်းဖြစ်တာကြောင့် ဈေးနှုန်းအပြောင်းအလဲရှိနိုင်
Yangon_Times/MY
#Local_News
#Published_ 7 September 2023
#YMG #Yangon_Times
Page 1213 of 2353