ရန်ကုန်နှင့် နေ့ပူညချမ်းသည့် ဒေသများတွင် နှာစေး၊ ချောင်းဆိုးနှင့် လေမဖြတ်အောင် နေရန်လို
‘ရန်ကုန်အပါအဝင် ဒေသအချို့မှာ ညဦးပိုင်းပူချိန်မှာ ပန်ကာ၊ အဲကွန်းတွေဖွင့်မိပြီး ပြန်မပိတ်မိတဲ့အတွက် ညအပူချိန် ကျဆင်းလာပြီး အေးလာချိန်မှာ အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေနဲ့ အဆိုးဆုံး လေဖြတ်တာတွေဖြစ်နိုင်တဲ့အတွက် သတိထားဖို့လိုတယ်။နေ့ရောညပါအေးသည့်ဒေသများ နွေးနွေးထွေးထွေးနေဖို့နဲ့ ကိုဗစ်၊ ရာသီတုပ်ကွေးမကူးအောင် နှာခေါင်းစည်းတပ်ဖို့လိုပါတယ်’ ကျန်းမာရေးဝန်ကြီးဌာန၊ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်း
#Yangon_Times/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 20 November 2023
ရန်ကုန်မြို့ရှိ အသက်(၇၀)အထက်သက်ကြီးဆရာဝန်ကြီး (၁၇၂)ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီးဆီးချိုသွေးချိုရှိသည့်သက်ကြီးဆရာဝန် (၁၅၀)ဦးကိုဆီးချိုသွေးချိုတိုင်းစက်များပေးအပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
သက်ကြီးဆရာဝန်ကြီးများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ Ultrasound ရိုက်ကူးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ နှလုံး စက်ဖြင့် စစ်ဆေးခြင်း (ECG)၊ သက်ကြီးရွယ်အိုဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှု (Geriatric assessment) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။
အဆိုပါကျန်းမာရေးစစ်ဆေးမှုတွင် သက်ကြီးဆရာဝန်ကြီး (၁၇၂)ဦးအား ကျန်းမာရေးစစ်ဆေး ကုသမှုပေးခဲ့ကာ ဆီးချိုသွေးချိုရောဂါရှိသူ သက်ကြီးဆရာဝန်ကြီးများ အသုံးပြုရန် သွေးချိုတိုင်းစက် (Glucometer) (၁၅၀)ခု ထောက်ပံ့ပေးခဲ့သည်။
ယင်းကဲ့သို့ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ ကုသရေး) နှင့်ဆေးရုံအုပ်ချုပ်မှုအဖွဲ့၏စီစဉ်မှု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ပူးပေါင်းပါဝင်မှု၊ သက်ကြီးဆရာဝန်များ အထောက်အကူပြုအဖွဲ့၏ ပူးပေါင်းပါဝင်စီစဉ်မှုတို့ဖြင့်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးများမှ သက်ကြီးရွယ်အိုဆေးပညာနှင့် ဓာတ်မှန်ပညာဌာန ပါမောက္ခ/ ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်ကြီးနှင့်သူနာပြုများ၊ ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရောဂါဗေဒဌာနမှ ပါမောက္ခ ဦးဆောင်သော အဖွဲ့တို့ကဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon Time/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 20 November 2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)ရပ်ကွက်၊ သစ္စာလမ်း၊ ဗဟိုဈေးမှတ်တိုင်အနီး ရှိ အဆောက်အဦးတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီ ၆ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်း မီးသတ်ယာဉ်(၂)စီး၊ ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၁၂ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၂၂ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
မီးလောင်ကျွမ်းမှု ဖြစ်စဉ် အသေးစိတ်နှင့် ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေနေတို့ ကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 20 November 2023
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၇၃၂၉ မဂ္ဂါဝပ်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် စွမ်းအင်အမျိုးအစားပါဝင်မှုမှာ ရေအားလျှပ်စစ်မှ ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၅၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၂ ရာခိုင်နှုန်း၊ ဆိုလာမှ ၂ ရာခိုင်နှုန်းနှင့် ဒီဇယ်မှ ၁ ရာခိုင်နှုန်းဖြစ်တို့ ဖြစ်ကြပါတယ်။
(၆) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ် တက်ရောက် ရန်နှင့် လေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှု များကို လေ့လာနိုင်ရန် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန်းမြို့နှင့် ကူမင်းမြို့တို့သို့ သွားရောက်ခဲ့ပါတယ်။
ခရီးစဉ်အတွင်း ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် တွင် တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် ကွမ်တုံး ပြည်နယ် ရှန်းကျန်းမြို့ မြူနီစီပယ် အစိုးရတို့ကကြီးမှူးကျင်းပသော (၆) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ်သို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဖိုရမ်တွင် ဝန်ကြီး ဦးဉာဏ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် (၆)ကြိမ် မြောက်အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ်၏ ရည်ရွယ်ချက်မှာ “စွမ်းအင်ဈေးကွက် တည်ထောင်ခြင်းနှင့် အစိမ်းရောင်စီးပွားရေးသို့ ကူးပြောင်းခြင်း” ဖြစ်ကြောင်း၊ လက်ရှိကမ္ဘာ့ နိုင်ငံတိုင်းကြုံတွေ့နေရသည့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်ရာ၌ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရရှိကြမည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် ၂၀၂၅ ခုနှစ်၌ ပြန်ပြည့်မြဲစွမ်းအင်ကို ပင်မစွမ်းအင်အရင်း အမြစ်အတွက် ၂၃ ရာခိုင်နှုန်းနှင့် ဓာတ်အားထုတ်လုပ်မှုအတွက် တပ်ဆင်စက်အင်အား၏ ၃၅ ရာခိုင်နှုန်းပါဝင်ရရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဟု အဖွဲ့ဝင်နိုင်ငံများက သဘောတူထား သော်လည်း ရည်မှန်းချက်ပြည့်မီရန် စိန်ခေါ်မှု အချို့ရှိနေပါကြောင်း၊ ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားစွမ်းအင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မစ္စတာကျန်း ကျင့်ဟွားနှင့်အဖွဲ့အားတွေ့ဆုံပြီး လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးကြပါတယ်။
နိုဝင်ဘာ ၁၇ ရက်တွင် ရှန်းကျန်းမြို့ Huawei Digital Power Edison Exhibition Hall နှင့် Optical Storage and Charging & Vehicle -Grid Interaction EV ကားများ အားသွင်းရာနေရာသို့လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်တွင် ယူနန်ပြည်နယ် ချီကျင့်မြို့ရှိ State Power Investment Corporation မှ တည်ဆောက်ထားသော တပ်ဆင်အား ၈၀၀ မဂ္ဂါဝပ် ရှိသည့် ဖူးရန်းရှီး လေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 20 November 2023
နယ်စပ်ဒေသများတွင် နိုဝင်ဘာလ ၁၉ ရက်ထိ တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို ဖော်ထုတ်ရရှိခဲ့သောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လွှဲပြောင်းရာတွင်တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး ဖြစ်ကြောင်း၊အလားတူအချို့သော ပြည်ပနိုင်ငံသားများ အနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိ၍ စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်းဒေသအတွင်း တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၁၉ နိုဝင်ဘာ ၂၀၂၃
၁၉-၁၁-၂၀၂၃ ရက်နေ့ နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများအား မြန်မာနိုင်ငံအစိုးရမှ တရားဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့မှု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအနေများအား နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
-ymg.knl
၁၉ နိုဝင်ဘာ ၂၀၂၃
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၊ တပ်မတော် ဆေးရုံကုတင် (၁၀၀၀)ရှိ အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာကုသမှုဌာန၌ တက်ရောက်ကုသမှုခံယူလျက်ရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သွားရောက်ကြည့်ရှုအားပေး စကားပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက််အရသိရပါတယ်။
အဆိုပါ အရာရှိ၊ စစ်သည်များရဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကား ပြောကြားခဲ့ပြီး အရာရှိ၊ စစ်သည် များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက်ဗိုလ်ချူပ်မှူးကြီးသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြု ချီးမြှင့် ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်အတူလိုက်ပါလာတဲ့ ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများကလည်း တစ်ဦးချင်းရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
Page 1211 of 2477