‘မြန်မာလက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ မြောက်ကိုရီးယားနဲ့တွေ့တဲ့အခါတိုင်းသရေတောင် မကစားနိုင်ခဲ့ပေမယ့်လည်း အခုပွဲမှာတော့အမှတ်ရအောင် ကစားသွားမှာဖြစ်ပါတယ်၊ မြန်မာဘောလုံးပရိတ်သတ်တွေ အနေနဲ့ မကာအိုနဲ့ကစားခဲ့တဲ့ပွဲကလိုမျိုးကွင်းအတွင်းလာအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်’
မြန်မာ့လက်ရွေးစင်နည်းပြချုပ်
#Local_News
Published 21 November 2023
#မြန်မာ-မြောက်ကိုးရီးယား
#tthl #Yangon_Times
#Local_News
Published_ 21 November 2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ သက်ကြီးလူနာနှင့်ဆေးကုသမှုခံယူရန် လိုအပ်သူများကို အမြန်ရေယာဉ်Speed Boat ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးနေရကြောင်း စစ်တွေမြို့အခြေစိုက်မေတ္တာ ရောင်ခြည်ဖောင်ဒေးရှင်းမှ သိရသည်။
နိုဝင်ဘာလ၂၁ ရက်တွင် ဆေးကုသမှုခံယူရန်လိုအပ်ပြီး အစာရေစာပြတ်လပ်နေသော လူနာများအား ပေါက်တောမြို့နယ်မှ ထပ်ဆင့်သယ်ထုတ်ပေးပါရန်မိသားစုဝင်များမှ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကို အကူညီတောင်းခံခဲ့သည့်အတွက် အမြန်ရေယာဉ်Speed Boatဖြင့်စစ်တွေကိုပို့ဆောင်ပေးနေခြင်းဖြစ်သည်။
နိုဝင်ဘာလ၂၀ရက်ကလည်း ဆေးကုသမှုခံယူရန် လိုအပ်လျက်ရှိသော သက်ကြီးလူနာများ သယ်ထုတ်ပေးရန် မိသားစုဝင်များမှအကူညီတောင်းခံမှုကြောင့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကို အကူညီတောင်းခံခဲ့သည့်အတွက် အမြန်ရေယာဉ်Speed Boatဖြင့်စစ်တွေကိုပို့ဆောင်ပေးနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိပြည်သူများ၊ လူနာများအတွက် လိုအပ်သည့်အကူအညီများကို စစ်တွေမြို့ အခြေစိုက်မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်ပေးလျက်ရှိပြီး အများပြည်သူပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။
#Local_News #Speed Boat #သက်ကြီးလူနာ #tthl #Yangon_Times
#Local_News
Published 21 November 2023
ရန်ကုန်မြို့၊ တာမွေမြို့နယ်နတ်မောက်လမ်း၊ ရန်ကုန်မျက်စိအထူးကုဆေးရုံးကြီးတွင်နေ့စဉ်လူနာ ၅၀၀ခန့် ကုသပေးလျက်ရှိပြီး Online Booking စနစ်ဖြင့် ရက်ချိန်းရယူနိုင်ကြောင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆေးရုံကြီးတွင်အထွေထွေမျက်စိရောဂါနှင့် မျက်စိဘာသာရပ်ဆိုင်ရာဌာနတို့ထားရှိပြီး နေ့စဉ်အတွင်း တိမ်လူနာ ၅၀ ခန့်၊ ပြင်ပလူနာ ၄၅၀ ခန့်တို့ကို မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများကကုသပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မျက်စိအထူး ကုဆေးရုံကြီး၏ ပြင်ပလူနာဌာန နှင့် အထူးကုပြင်ပလူနာဌာနသို့ Online Booking စနစ်ဖြင့် Viber (သို့) massenger Search Box တို့တွင် Caremebot ရိုက်နှိပ်ပြီး Viber (သို့) massenger သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ယင်းဆေးရုံကြီးသည် တနိုင်ငံလုံးရှိ မျက်စိကုသမှု ခက်ခဲသည့် လူနာ များကို နောက်ဆုံးအဆင့်လွဲပြောင်း ကုသပေးရသည့် ဆေးရုံကြီး ဖြစ်ပြီး ယခင်က မျက်စိ အတွင်းတိမ်လူနာ၊ အထွေထွေ မျက်စိလူနာ၊ ရေတိမ်လူနာတွေကို ကုသပေးကာ၂၀၁၄-၂၀၁၅ နောက်ပိုင်းတွင် ကလေးမျက်စိ သီးသန့်ဌာန ဖွင့်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မျက်စိအထူး ကုဆေးရုံကြီးတွင် အရေးပေါ် လူနာများကို ပိတ်ရက်မရှိ နေ့စဉ် ၂၄ နာရီ ကုသပေးလျက်ရှိပြီး ပြင်ပလူနာများအတွက် အစိုးရရုံး ပိတ်ရက်များတွင် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီ အထိ ကုသပေးလျက်ရှိကြောင်း သိရသည်။
#Local_News #ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး #Online_Booking
#YMG/LW #Yangon_Times
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO အခြေပြုဒေသသို့ကယားပြည်နယ်မှ စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၈၀၀၀ကျော်ရှိပြီဖြစ်တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆီဆိုင်မြို့ရှိ ဆက်ဆံရေးရုံးမှ သိရပါတယ်။
#Local_News
Published 21 November 2023
#ကယားပြည်နယ် #PNLO
#YMG/LW #Yangon_Times
"ဆီလီကွန်ရုပ်တု၆၀လက်ခံထားပါတယ်။ ထိုင်းကမှာယူတဲ့ ဗမာဘီလူးစတိုင် ရုပ်တုကြီးတွေ ပြုလုပ်နိုင်ဖို့ ပုံစံငယ်နမူနာထုလုပ်မှုတွေပြီးသွားပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပေ ၅၀ လောက်ရှိတဲ့ မတ်ရပ်ဘီလူးရုပ်ကြီး နှစ်ခုကိုဦးစွာ သွားရောက်ထုလုပ်ဖန်တီးပေးဖို့ရှိတယ်" မြန်မာ့လက်မှုပညာရှင် Artist ကိုအောင်ကျော်ထွန်း
#Local_News
Published 21 November 2023
#tthl #Yangon_Times
#Local_News
Published_ 21 November 2023
ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် သီလဝါအထူးစီးပွားရေးနယ်မြေအတွင်း ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံ အသစ်ထပ်မံ တည်ဆောက်မှာဖြစ်ကြောင်း သိရပါတယ်။
ဓာတ်အားပေးစက်ရုံများ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မယ့်အခြေအနေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၀ ရက်တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ထို့ပြင် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံနှင့် ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတို့အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
စက်ရုံများ အဆင့်မြှင့်တင်ပြီးပါက ထပ်မံလိုအပ်မည့် ဓာတ်အားလိုင်းအဝင်/ အထွက်များကိုလည်း ကြိုတင်လျာထားဆောင်ရွက်ရန်၊ ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ဖို့ပြောဆိုခဲ့ပါတယ်။
ထို့အပြင် ဓာတ်အားပေးစက်များကို အချိန်မရွေးမောင်းနှင်နိုင်ရန်အတွက် အရန်စက်သုံးဆီများ ကြိုတင်စုဆောင်း ထားရှိရေးနှင့် အရေးပေါ် ဓာတ်အားဖြန့်ဖြူးပေးရမည့်အချိန်များတွင် ဓာတ်အားပေးစက်များမောင်းနှင်၍ စက်စွမ်းအားပြည့် ဓာတ်အား ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်ထားရန် မှာကြားခဲ့တယ်လို့ သိရပါတယ်။
#Local_News #သီလဝါအထူးစီးပွားရေးနယ်မြေ #ပင်မဓာတ်အားခွဲရုံအသစ် #ymg_mnn #Yangon_Media_Group
#Local_News
Published 21 November 2023
ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံ က သိရသည်။
မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၆ ရက်ညတွင် ရွှေမော်ဓောစေတီရင်ပြင်တော်တွင် ယက္ကန်းစင် ၅စင်ဖြင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၆ ရက်မှ၂၇ ရက်အထိ စိန်နားပန်မီးပုံးများ၊ ညမီးကြီးများ၊ မီးပုံးပျံအသေးနှင့်နေ့အရုပ်မီးပုံးပျံတို့ လွှတ်တင်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
တေးဂီတဖျော်ဖြေမှုများကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက် ညပိုင်းတွင် ရွှေမောဓောစေတီတော်၏ ယာဉ်ရပ်နားကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး စတုဒီသာကျွေးမွေးလှူဒါန်းခြင်းကို နိုဝင်ဘာ ၂၇ရက်နံနက်ပိုင်းတွင် ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့စတုဒီမဏ္ဍာပ်တွင် ကျွေးမွေးလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။


#Local_News #ပဲခူးရွှေမော်ဓောစေတီ #တန်ဆောင်တိုင်မီးထွန်းပွဲ #YMG/LW #Yangon Times
Page 1208 of 2477