#Local_News
Published 21 November 2023


ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံ က သိရသည်။

 

မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၆ ရက်ညတွင် ရွှေမော်ဓောစေတီရင်ပြင်တော်တွင် ယက္ကန်းစင် ၅စင်ဖြင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

 

မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၆ ရက်မှ၂၇ ရက်အထိ စိန်နားပန်မီးပုံးများ၊ ညမီးကြီးများ၊ မီးပုံးပျံအသေးနှင့်နေ့အရုပ်မီးပုံးပျံတို့ လွှတ်တင်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

 

တေးဂီတဖျော်ဖြေမှုများကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက် ညပိုင်းတွင် ရွှေမောဓောစေတီတော်၏ ယာဉ်ရပ်နားကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး စတုဒီသာကျွေးမွေးလှူဒါန်းခြင်းကို နိုဝင်ဘာ ၂၇ရက်နံနက်ပိုင်းတွင် ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့စတုဒီမဏ္ဍာပ်တွင် ကျွေးမွေးလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။


#Local_News #ပဲခူးရွှေမော်ဓောစေတီ #တန်ဆောင်တိုင်မီးထွန်းပွဲ #YMG/LW #Yangon Times