#Local_News
Published_ 21 November 2023


ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် သီလဝါအထူးစီးပွားရေးနယ်မြေအတွင်း ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံ အသစ်ထပ်မံ တည်ဆောက်မှာဖြစ်ကြောင်း သိရပါတယ်။

 

ဓာတ်အားပေးစက်ရုံများ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မယ့်အခြေအနေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၀ ရက်တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 

ထို့ပြင် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံနှင့် ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတို့အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 

စက်ရုံများ အဆင့်မြှင့်တင်ပြီးပါက ထပ်မံလိုအပ်မည့် ဓာတ်အားလိုင်းအဝင်/ အထွက်များကိုလည်း ကြိုတင်လျာထားဆောင်ရွက်ရန်၊ ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ဖို့ပြောဆိုခဲ့ပါတယ်။

 

ထို့အပြင် ဓာတ်အားပေးစက်များကို အချိန်မရွေးမောင်းနှင်နိုင်ရန်အတွက် အရန်စက်သုံးဆီများ ကြိုတင်စုဆောင်း ထားရှိရေးနှင့် အရေးပေါ် ဓာတ်အားဖြန့်ဖြူးပေးရမည့်အချိန်များတွင် ဓာတ်အားပေးစက်များမောင်းနှင်၍ စက်စွမ်းအားပြည့် ဓာတ်အား ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်ထားရန် မှာကြားခဲ့တယ်လို့ သိရပါတယ်။

 

#Local_News #သီလဝါအထူးစီးပွားရေးနယ်မြေ #ပင်မဓာတ်အားခွဲရုံအသစ် #ymg_mnn #Yangon_Media_Group