Published 20 November 2023

   ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချခံပြီး ပြစ်ဒဏ်သတ်မှတ်ရက် ပြည်သည့် မြန်မ၇၅ဦးကို နိုဝင်ဘာလ၂၀ရက် တွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းသတင်းဌာန များမှသိရသည်။

    အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်နှင့်ထောင်များတွင်  ပြစ်ဒဏ်ကျခံပြီးသောကြောင့် ထိုင်းအာဏာပိုင်များ က မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

ယင်းမြန်မာနိုင်ငံသားများကို ရနောင်းမြို့ကနေ စက်လှေနှင့် ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ခြင်းဖြစ်ပြီး နေရပ်ပြန်ပို့ခံရသူများထဲတွင်  မြန်မာနိုင်ငံသား ၁၈ နှစ်အောက် အမျိုးသမီး ၂ ဦး၊အမျိုးသား ၁ ဦး ၊၁၈နှစ်အထက် အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၅၅ ဦး ပါဝင်ကြောင်းသိရသည်။

   ကော့သောင်းမြို့သို့ ရောက်လာသည့် ယင်းမြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော သူများကို သတ်မှတ်ထားသည့် အသွားအလာစောင့်ကြည့်ရေး စင်တာတွေမှာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News