Published 16 November 2023
လားရှိုးတက္ကသိုလ် တွင် ၂၀၂၃ခုနှစ် ပညာသင်နှစ်အတွက် ကျင်းပမည့် အဝေးသင်
စာမေးပွဲ ရက်များ ကို ရက်အကန့်သတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ်မှ ကြေညာချက်ထုတ်ပြန်ထားသည်။
အဝေးသင် သင်တန်း ၂၀၂၃ပညာသင်နှစ်၊ တတိယသုတ်မှ မြန်မာစာနှင့် သမိုင်း အထူးပြုသင်တန်းနှစ်များအားလုံး၏ ကျင်းပလျက်ရှိသော စာမေးပွဲကို နိုဝင်ဘာ ၁၆ရက်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ဖြေဆိုချိန်များအားလုံးကို ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ တယ်လီဖုန်းဖြင့်ညွန်ကြားချက်အရ နိုဝင်ဘာ ၁၆ရက်နေ့ နေ့လည်ပိုင်းမှ စတင်ပြီးတော့ ဖြေဆိုချိန်အားလုံးကို ရွှေ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသတွင်း ပဋိပက္ခများကြောင့် လွိုင်ကော် တက္ကသိုလ်တွင်လည်း နိုဝင်ဘာ ၁၃ရက်၌ စတင်ဖြေဆိုမည့် အဝေးသင် တတိယ အသုတ်စာမေးပွဲများကို လည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်းသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
နယ်မြေမအေးချမ်းတဲ့အတွက် ပြောင်းခင်းများကို စွန့်ပစ်ထားရသလိုဖြစ်နေ
ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်တွေမှာ ရှိတဲ့ ပြောင်းစိုက်တောင်သူတွေထံ လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် လာရောက် ဝယ်ယူသူမရှိတဲ့အတွက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ ပြောင်းစိုက်တောင်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
'အခွန်ကောက်ဖို့မဟုတ်ပါဘူး၊ ခြံတွေကိုစာရင်းလိုက်ကောက်ရင် တောင်သူတွေအနေနဲ့ လိုလိုလားလား စာရင်းပေးဖို့လိုပါတယ် '
ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်းအချို့မှာ ကျွှဲကောစိုက်ဧကနဲ့ အသင်းသက်တမ်းတိုးဖို့ စစ်တမ်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံကျွဲကောစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
ဖားအောက်ဆရာတော်ကြီး စင်ကာပူ၌ နှလုံးအထူးကုသမှုအောင်မြင် ၊ရန်ကုန်သို့ ပြန်ရောက်ပြီဖြစ်
‘’ဆရာတော်ဘုရားကြီးက နှလုံးစက်နဲ့နှလုံးစတန့်ထည့်ထားရပြီး အဲဒီ့နှလုံးစက်နဲ့နှလုံးစတန့် အခြေအနေတွေကို ပြန်လည်စစ်ဆေးပြီး ဆေးကုသမှုတွေ၊ အသေးစားခွဲစိတ်ကုသမှုတွေ ခံယူခဲ့တယ်’’ မော်လမြိုင်ဖားအောက်တောရမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာသူဌေးချောင်းပေါ်တွင်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၄)တည်ဆောက်ရေးမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း မှာ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ရိုးမပေါ်မှ အစပြုပြီး ပင်လယ်ဝအထိ မိုင် ၇၀ ခန့်ရှည်လျားစွာ စီးဆင်းနေသော သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်က ဂျပန်နိုင်ငံအခြေစိုက် TheKansaiအတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှအင်ဂျင်နီယာများနှင့်ပူးပေါင်းကာကနဦးစူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ လေ့လာမှုပြုလုပ်ပြီး ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ဌာနမှအင်ဂျင်နီယာများသည်အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲခဲ့ကြကာ အကြိုတည်ဆောက်မှုလုပ်ငန်းများကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစတင်ဆောင်ရွက်ခဲ့ကြကြောင်းရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် စီမံကိန်း အနေဖြင့် ရေယူအဆောက်အအုံမှာ ၂၀၂၃ ခုနှစ် ဩဂုတ်၂၃ရက်ကရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း၊ပင်မတမံလုပ်ငန်းအနေဖြင့့် ၇၉ ဒသမ ၁၉ ရာခိုင်နှုန်း၊ ရေပိုလွှဲလုပ်ငန်းအနေဖြင့် ၇၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်းအနေဖြင့် ၉၆ ဒသမ၇၉ ရာခိုင်နှုန်း၊ ရေထိန်းတံခါးပြွန်လုပ်ငန်းအနေဖြင့် ၉၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်အထွက်မြောင်းလုပ်ငန်းအနေဖြင့် ၉၈ ဒသမ ၀၀ ရာခိုင်နှုန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းအနေဖြင့်၇၇ ဒသမ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စီမံကိန်း အားလုံး ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်း အပြည့် ပြီးစီးမည် ဖြစ်ပြီးအဆိုပါ စီမံကိန်းမှ စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းအကောင်အထည်ဖော်တည်ဆောက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရေအား အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းအပိုင်းနှစ်ပိုင်းရှိပြီး စီမံကိန်းချဉ်းကပ်လမ်း ဖောက်လုပ်ခြင်း၊ စီမံကိန်းစခန်း တည်ဆောက်ခြင်း၊ ရေ၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စူးစမ်းလေ့လာတိုင်းတာခြင်းများသည် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ပါဝင်ကြောင်း၊ စိမ့်ရေတားနံရံ၊ ရေလွှဲဥမင်လိုဏ်၊ ရေယူအဆောက်အအုံ၊ ပင်မတမံ၊ ရေပိုလွှဲ၊ အကူရေပိုလွှဲ၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း၊ ဆွစ်ယာ့ဒ်နှင့် ဓာတ်အားပေးစက်ရုံစသည်တို့သည် ရေအားအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group

၁၆ နိုဝင်ဘာ ၂၀၂၃
ကိုးကန့်ဒေသအတွင်း Onllne လိမ်လည်မှုများနှင့် ဆက်စပ်အမှုများ ကျူးလွန်နေသည့် ပယ်ရင်ချန်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း နစကသတင်း ထုတ်ပြန်ချက် အရသိရပါတယ်။
“ရှမ်းးပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်း အမှုများနှင့် ဆက်စပ် ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေသော ပယ်ရင်ချန်(ဘ) ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်)ကို ဥပဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း “ သတင်းထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
-ymg/knl
16 November 2023
ရန်ကုန်တိုင်းအတွင်းရှိ စိတ်ကျန်းမာရေးဝေဒနာရှင်များအတွက် အသုံးပြုရန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုလှူဒါန်းငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့မှလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရသည့် ဝေဒနာရှင်များအတွက်ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
အလှူငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှတိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့မှပေးအပ်လှူဒါန်းခဲ့ပြီးစိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့အလှူငွေများပေးအပ်ခြင်းအပြင် မိုးတွင်းကာလတွင် စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်) ဆေးရုံဝန်း အတွင်းမိုးရေလျှံမှုများဖြစ်ပွားခဲ့သည့်အတွက် ယခုချိန်မှာ ရေကြီးနစ်မြုပ်မှုနှင့်ရေကြီးရေ လျှံမှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းဆယ်ယူရှင်းလင်းရေး၊ ဆေးရုံပတ်လမ်းရှိတာအောင် များမြှင့်တင်ရေးများဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဆောင်ရွက်နေမှုများကိုလည်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ ကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1218 of 2477