#Local_News
Published-2 September 2023
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး သူငယ်ချင်းထံ အကြွေးသွားတောင်းရာမှ သူငယ်ချင်းက ဖုန်းပိတ်ထားကာ ရဲထပ်ဖမ်း၍ ၎င်းတွင်ပါလာသည့်ငွေအကုန်ယူသွား၍ ဒုက္ခရောက်၍ နှလုံးလှပရဟိတသွေးလှူရှင်များအဖွဲ့ထံ ဆက်သွယ်လာခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ ပီနန်းမြို့တွင်နေသူ ကိုကျော်သူသည် သံရုံးသို့စာအုပ်လာလျှောက်ရင်း အကြွေးရစရာရှိသော သူငယ်ချင်းနေထိုင်ရာ ကေအယ်- ဆန်းဝေးမြို့သို့ ဩဂုတ်လနောက်ဆုံးအပတ်ကသွားခဲ့ရာ ဆန်းဝေးရောက်ချိန်၌ သူငယ်ချင်းကဖုန်းမကိုင်တော့ကြောင်း သိရသည်။
ယင်းကဲ့သို့ အခက်ဖြစ်နေချိန် ရဲကားကလာစစ်ဆေး၍ ပြစရာအထောက် အထားမရှိ၍ ရဲက ပါလာသည့်ပိုက်ဆံအကုန်ယူသွားကြောင်း ယင်းအသင်းကသိရသည်။
သို့ဖြစ်ပါ၍နံနက် ( ၁၀ )နာရီအချိန်ခန့်တွင် ထမင်းလည်းစားစရာမရှိ ပြန်စရာလမ်းစရိတ်မရှိသည့်အတွက် နှလုံးလှအဖွဲ့ထံအကူအညီတောင်းခံခဲ့၍ အသင်းအနေဖြင့် အလုပ်များနေသည့်အတွက် ညပိုင်းတွင် ၎င်းဆီသွားရောက်ကာ ပီနန်းသို့ပြန်ရန် စားစရိတ်ကအစ ညတွင်းချင်းပဲအဆင်ပြေအောင်ကူညီပေးခဲ့ကြောင်း နှလုံးလှပရဟိတအဖွဲ့က သိရသည်။
#Local_News #မလေးရှား #အကြွေးသွားတောင်း #Yangon_Times/PP
#Local_News
Published- 2 September 2023
အသက် 60 ကျော် 70 အဖိုးအဖွားများအတွက် ဆန်တစ်ပြည်ကို 100 ကျပ် ကြက်ဥ 10 လုံးတစ်ကဒ်ကို 100 ကျပ်ဖြင့် Aladdin Men Fashion ဆိုင်မှ စက်တင်ဘာ ၃ ရက်တွင် ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ကြိုက်တာယူ 100 ကျပ် ဖြင့် ဘာဘဲယူယူတစ်ဦးလျှင် ကြိုက်နှစ်သက်ရာတစ်မျိုးကို ယူလို့ရပါတယ်"ဟု ယင်းဆိုင်က သိရသည်။
အဘိုး၊ အဘွား ၃၀၀ဦးစာအတွက်အတွက် ဆန် ၂၀၀ ပြည်နှင့် ကြက်ဥ အလုံးရေ 1000 တို့ကို စက်တင်ဘာလ ၃ရက် နံနက် ၁ဝ နာရီမှစတင်၍သဃ်န်းကျွန်း ဘဝမြင့်ဆိုင်ခွဲ
တိုက်-1,No-003, မြေညီထပ်, လေးထောင့်ကန်လမ်းမကြီးရှိဆိုင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ဩဂုတ် ၂၇ရက်ကလည်း လူဦးရေ ၅၅၀ စာအတွက် ဆန် 350 ပြည် နှင့် ကြက်ဥအလုံး 2000 တို့ကို နံနက် 11:00 နာရီမှစ၍ရောင်းချပေးခဲ့ပြီး လာရောက်ဝယ်ယူအဆမတန်သူများပြားခဲ့၍ ၁၀ နာရီခွဲအချိန်တွင် ခဏရပ်ခဲ့၍ ၁၂နာရီခွဲအချိန်မှသာ ပြန် လည်ရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။

Photo- ဩဂုတ်လ ၂၇ရက်က ရောင်းချခဲ့သည့်ပုံ
#Local_News #အသက်60ကျော်70အဖိုးအဖွားများအတွက် #Aladdin_Men_Fashion
#Yangon_Times/PP
#Local_News
Published- 2 September- 2023
ယနေ့စက်တင်ဘာ (၂)ရက် မွန်တည့် ၁၂နာရီ မိနစ် ၃၀ အချိန် တိုင်းထွားချက်အရ ချင်းတွင်မြစ်ရေသည်ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန်ကျော်လွန်နေသည့်အတွက် အဆိုပါ ဒေသတွင်နေထိုင်သော ဒေသခံများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက နှိုးဆော်ထားသည်။
ချင်းတွင်းမြစ်ရေသည် နောက်(၂၄)နာရီအတွင်း ပေဝက်ခန့်သာ ကျဆင်းနိုင်သဖြင့် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနေဦးမည်ဟု မိုး/ဇလ က အသိပေးထားသည်။
ယင်းအတွက် ဖောင်းပြင်မြို့အတွင်း မြစ်ကမ်းနဘေးနှင့် မြေနိမ့်ပိုင်းများတွင်နေထိုင်ကြသော ဒေသခံများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အကြံပြုထားသည်။
ယခု စက်တင်ဘာလအတွင်း အယ်လ်နီညိုဖြစ်စဉ်ဖြစ်ပွားနိုင်တယ်လို့ မိုးဇလကသတိပေးထားပြီး၊ အဲ့ဒီဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု ပုံစံမမှန်ခြင်း အပူချိန်မြင့်တက်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု ပုံစံမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များပြောင်းလဲနိုင်ကြောင်း သတိပေးထားသည်။
အဆိုပါဖြစ်စဉ်အတွက် မိုးဇလကစောင့်ကြည့်နေပြီး၊ ထူးခြားဖြစ်စဉ်များကို ပြည်သူများထံ အချိန်နှင့် တပြေးညီအသိပေးထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။
#YMG/my #Local_News #မိုးဇလသတိပေး #ချင်းတွင်မြစ်ရေ
#Yangon_Times
#Local_News
Published_ 2 September 2023
တရားမဝင်သယ်ဆောင်လာသည့် စက်သုံးဆီ(ဒီဇယ်ဆီ)ဂါလန် (၄၈၀၀)အပါအဝင် တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လုပ်ငန်းသုံးနှင့် မော်တော်ယာဉ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သြဂုတ်(၂၈)ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ သာစည်လမ်း၌တရားမဝင်သယ်ဆောင် လာသည့် စက်သုံးဆီ (ဒီဇယ်ဆီ) ဂါလန် (၄၈၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ဩဂုတ် ၂၅ ရက်၊၂၈ ရက်နှင့်၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၁၈)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၈,၅၁၉,၆၄၆)ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ဦးဆောင်မှုဖြင့်ဒေသအသီးသီးမှ အကောက် ခွန်အဖွဲ့များ စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန် ကျပူးပေါင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ၊ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ၊ ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက အဆိုပါ တရားမဝင်ပစ္စည်းများကိုဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
#tthl #Local_News #စက်သုံးဆီ # တရားမဝင်ပစ္စည်းများဖမ်းဆီးရမိ
#Yangon_Times
#Local_News
Published -2 September 2023
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၃/၄)နှင့်(၁၁၃/၅) ကြားတွင်စတင်ဘာ ၂ရက် နံနက် ၈နာရီခွဲ ခန့်က TOYOTA CROWN ယာဉ်(၁)စီးသည် လမ်းကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထန်းပင်တို့ကို ဝင်တိုက်ခဲ့ကြောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားမှာ ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်ပြီး အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ကာ ယာဉ်ပေါ်ပါလာသည့် အမျိုးသားနှစ်ဦးမှာ (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကို ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကာ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများ ကို ၁၁၅ မိုင် ကြက်ခြေနီအသင်းမှယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Local_News #ရန်ကုန်-နေပြည်တော် #လယ်ကျွန်းရှိသစ်ပင်ဝင်တိုက်မှုဖြစ်
#Yangon_Times
"ဖုန်းပြင်ဆိုင်တွေအနေနဲ့ Customer ကဖုန်းလာပြင်ရင် Customer ရှေ့မှာပဲဖုန်းကိုစစ်ပီး ဖုန်းထဲက data တွေကို သူ့ရှေ့မှာပဲ Cleansing လုပ်တာ၊ Back up လုပ်တာတွေကို ဆောင်ရွက်ပေးရင်ပိုကောင်းပါတယ် " .........လို့ပြောပြလာတဲ့
ကိုအောင်နေမျိုး (senior manager global technology group)
# (senior manager global technology group)
##Global_Technology_Group
#Yangon_Times
#Local_News
Published-2 September 2023
လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကို လက်တွေ့ကျကျ၊ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်း ပြည်အပေါ်စိတ်ကောင်းစေတနာကောင်းထားရန်လိုကြောင်း၊ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်းလည်း ယင်းကဆိုသည်။
NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်းအသိ သက်သေများရှေ့မှောက်တွင် လက် မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ယင်းစာချုပ်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန် မှပျက်ပြယ်မှုမရှိတည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း၊ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့သည်ကိုတွေ့ရကြောင်း လည်း ၎င်းက ပြောသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
#Local_News #၈နှစ်မြောက်NCAနှစ်ပတ်လည်နေ့
Yangon_Times/PP
Page 1224 of 2353