#Local_News
Published_ 11 May 2023
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပွားနေတဲ့မုန်တိုင်း အရှိန်ကြောင့် မေလ(၁၁)ရက်မှစပြီး နောက်(၂၄)နာရီအတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းများကျရောက်တာ၊ လှိုင်းကြီးတာတွေဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မွန်-တနင်္သာရီကမ်းရိုးတန်းဒေသ #သံဖြူဇရပ် #ကျိုက်က္ခမီ #စက်စဲ
#YMG #Yangon_Media_Group
#Local_News
Published_ 11 May 2023
အာဆီယံ-ကိုရီးယားရဲ့ "အာဆီယံကလေးသူငယ်များ စာဖတ်ခြင်းယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး"စီမံချက်နဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေကိုစာဖတ်တဲ့ယဉ်ကျေးမှု ပိုမိုတိုးတက်အောင်ဆောင်ရွက်နေတယ်လို့ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #အာဆီယံ-ကိုရီးယား #မြန်မာကလေးငယ်များစာဖတ်ခြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 11 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၀ ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၁၁၁၉၂ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၂၅၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။ အဲ့ဒီလူနာများထဲမှ ၁ ဦးသေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။
#Local_News #ကိုဗစ်လူနာသစ်၂၅၄ ဦးထပ်တိုး
#YMG #Yangon_Media_Group
#Daily_News
Published_ 11 May 2023
၁။ မြန်မာတွင် ကိုဗစ်လူနာသစ်၂၅၄ ဦးထပ်တိုးတွေ့ရှိ တစ်ဦးထပ်မံသေဆုံး
၂။ အာဆီယံ-ကိုရီးယားစီမံချက်ဖြင့် မြန်မာကလေးငယ်များစာဖတ်ခြင်း ပိုမိုတိုးတက်အောင်ဆောင်ရွက်နေ
၃။ မွန်-တနင်္သာရီကမ်းရိုးတန်းဒေသ သံဖြူဇရပ်၊ ကျိုက်က္ခမီ၊ စက်စဲနှင့်ရေးမြို့တွင် ကမ်းနီးကမ်းဝေးသွားခြင်း ပိတ်ပင်လိုက်ပြီး ကယ်ဆယ်ရေးများပြင်ဆင်ထား
၄။ နာဇီခေတ်နှင့်ဆက်စပ်နေသည့် ကျောက်မျက်ရတနာများအား လေလံပွဲ၌ဒေါ်လာသန်း(၁၅၀)ဖြင့် ရောင်းချနိုင်ရန်မျှော်မှန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 11 May 2023
အာဆီယံ-ဘရပ်ဆဲလ်ကော်မတီနှင့် ဥရောပကော်မရှင်၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဌာနတို့အကြား တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်တွင် ဥရောပကော်မရှင် အဆောက်အဉီ Albert Borschette Building ၌ ကျင်းပခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် တက်ရောက်ဆွေးနွေးခဲ့ ပါတယ်။
ဆွေးနွေးပွဲ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၊ အာဆီယံ-အီးယူ ထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သော ယူရို (၁၀) ဘီလီယံ ဘတ်ဂျက်လျာထားသည့် ASEAN-EU Global Gateway အစီအစဉ်၌ အရှေ့တောင်အာရှအတွက် ဉီးစားပေးနယ်ပယ်များဖြစ်သည့် green transition နှင့် sustainable connectivity အား အကောင်အထည်ဖော်နိုင်မည့် Plan of Action ဆောလျင်စွာ ချမှတ်နိုင်ရေး၊ အီးယူက ချမှတ်ထားသည့် Digital Service Act နှင့် Digital market Act များ အပေါ် ဥပဒေဆိုင်ရာ မူဘောင်ရေးဆွဲမှုနှင့် နည်းပညာဆိုင်ရာ ဗဟုသုတ ဖလှယ်နိုင်ရေး၊ ကုန်သွယ်မှု၊ စီးပွားရေးနှင့် sustainable value chain ၊ အဆောက်အဉီ၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူအချင်းအချင်း ပေါင်းစည်းဆက်နွယ် မှုများ ပိုမိုအားကောင်းစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဉတုပြောင်းလဲမှု၊ ကျန်းမာ ရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေးတို့ ပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေးကြ ပါတယ်။
ထို့ပြင် ဥရောပ၏ ပညာရေးဆိုင်ရာ အစီအစဉ်ဖြစ်သည့် Eramus scholarships များအား အာဆီယံလူငယ်များထံသို့ ပိုမိုပေးအပ်နိုင်ရေး၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဉီးတည်၍ ပြန်လည်အသုံးပြုနိုင်သည့် စီးပွားရေး တို့နှင့် ပတ်သက်၍ ကောင်းမွန်သော အလေ့အထများ မျှဝေနိုင်ရေး စသည်တို့အပေါ် အမြင်ချင်းဖလှယ် ခဲ့ကြပါတယ်။
မြန်မာသံအမတ်ကြီးက အီးယူ၏ Global Gateway အစီအစဉ်ကို ကြိုဆိုပါ ကြောင်း၊ ယင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား strategic resilience ၊ strategic autonomy ပိုမိုအားကောင်းစေရေးနှင့် ဘဏ္ဍာရေး အရင်းအမြစ် တစ်ခုအပေါ် မှီခိုမှု (strategic dependency) လျော့ချနိုင်ရေးတို့ကို ပံ့ပိုးပေးမည့် ရည်ရွယ်ချက်ကောင်းများ ရှိသည်ဟု ယုံကြည်မိတယ်လို့ ဆိုပါတယ်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း-လာအို-ကမ္ဘောဒီးယား-ဗီယက်နမ်တို့ အကြား ပေါင်းစည်းမှုဆိုင်ရာ အခြေခံအဆောက်အဉီ စီမံကိန်း (on-going project) ဖြစ်သည့် East-West Corridor ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအဆင့် ပေါင်းစည်းဆက်နွယ်မှု ဆိုင်ရာ စီမံကိန်းများလည်း ဆောင်ရွက်လျက်ရှိရာ အီးယူအနေဖြင့် country specific မဟုတ်ဘဲ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံ၏ လူမှုအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ လေးစားလိုက်နာမှု၊ စီးပွားရေးဆိုင်ရာ ရေရှည်တည်တံ့နိုင်မှုနှင့် အလားအလာ ကောင်းမှု စသည့် စံချိန်စံနှုန်းများဖြင့် ရေးဆွဲထားသည့် စီမံကိန်းမျိုးကို နိုင်ငံရေးသဘော သက်ဝင်မှု မရှိဘဲ Global Gateway ၏ မဟာဗျူဟာကျသည့် မူဘောင်ဆိုင်ရာ ရည်ရွယ်ချက်တွင် ထည့်သွင်းစဉ်းစား ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ygm_mnn
#Local_News #အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ #မြန်မာသံအမတ်ကြီး
#YMG #Yangon_Media_Group
#Local_News
Published_ 11 May 2023
ပြင်ပရွှေပေါက်စျေးဟာ မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ သိန်း၃၀ နဲ့ ၇၀၀ ၀န်းကျင်ပေါက်စျေးရှိနေပြီး ရန်ကုန်တိုင်းရွှေအသင်းကတော့ ၂၃သိန်း ၉ သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။ မေလ ပထမအပတ်ထဲက ပြင်ပရွှေပေါက်စျေး သိန်း ၃၀ အထက်မှာရှိနေတဲ့အတွက် စျေးအမြင့်ပိုင်းစံချိန်တင်ရောက်ရှိနေတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ပြင်ပရွှေပေါက်စျေး #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#Local_News
Published-11 May 2023
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း“မိုခါ" စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်တွင် ဖြတ်ကျော်နိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။
ယနေ့ မေလ ၁၁ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲအချိန်က တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “မိုခါ(MOCHA)” သည် မြောက်-အနောက်မြောက်ဘက် သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၄၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၄၆၀) မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၈၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်-အနောက် မြောက်ဘက် ရေမိုင်(၄၄၅)မိုင်ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက် ဘက် ရေမိုင်(၂၈၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၆၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”၏ လက်ရှိအခြေ အနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသောကြောင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မြန်မာစံ တော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၆)ဒီဂရီနှင့် အရှေ့လောင် ဂျီကျု (၈၇.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ခန့်မှန်းထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၁၈)နာရီအတွင်း အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့ လည်းကောင်း၊ မေလ ၁၂ ရက်တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်း ကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့လည်းကောင်း ၊မေလ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu)တို့ကြား စစ်တွေမြို့(Sittwe)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟုလည်းကောင်း ခန့်မှန်းထားကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင်(၉၀)မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း ၊မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၇)ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
#ymg/pl #Local_News #ဆိုင်ကလုန်းမုန်တိုင်း“မိုခါ" #စစ်တွေမြို့အနီး
#YMG #Yangon_Media_Group
Page 1228 of 2164