နှစ်စဉ် သီတင်းကျွတ်ကာလမှသာ ဈေးနှုန်းမြင့်တက်ခဲ့ပေမယ့် လတ်တလောအခြေနေအထိ ကြက်သွန်နီတစ်ပိသာလျှင် ၃၈၀၀ကျပ် အထိရှိပြီး မကြာခင်တပိသာလျှင်ကျပ် ၅၀၀၀ ခန့် ထိ ဈေးမြင့်လာနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Published_ 29 August 2023
#ကြက်သွန်နီဈေး #စိုက်ပျိုးမှုနည်း
#YMG/LW
#Yangon_Times
‘မကြာမီရှမ်းပြည်နယ်လွိုင်လင်မြို့၊ စစ်ကိုင်းတိုင်းရွှေဘိုမြို့နဲ့ တနင်္သာရီတိုင်းမြိတ်မြို့ရှိဆေးရုံကြီးတွေမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေကို တိုးချဲ့ခွဲစိတ်ကုသပေးသွားဖို့ရှိတယ်’ ကျန်းမာရေးဝန်ကြီးဌာန
Published_ 29 August 2023
#လူနာများတိုးချဲ့ခွဲစိတ်ကုသ #အာခေါင်ကွဲ #နှုတ်ခမ်းကွဲ
#tthl
#Yangon_Times
#Local_News
Publish 29 August 2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်မှာရှိတဲ့ ဆန်ရောင်းဝယ်ရေးရုံးခန်းကို (သြဂုတ် ၂၈ ရက်) နေ့လည်ပိုင်းက ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀ခန့် ပါသွားကြောင်း အနီးနားနေထိုင်သူများထံက သိရသည်။
"ဓားပြအတိုက်ခံရတာက "သုခရှင်" ဆန်ရောင်းဝယ်ရေးရုံးခန်းပါ၊ ဝန်ထမ်းတွေရှိနေတဲ့ကြားကနေပဲ Mask တပ်ပြီး ဦးထုပ်ဆောင်းထားတဲ့ လူ(၆) ဦးကဓားပြတိုက်သွားတာ။ ပိုက်ဆံသိန်း၂၀၀နီးပါး ပါသွားတယ်လို့တော့ ပြောနေကြတယ်။" ဟု ဖြစ်စဉ်အနီး နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါ လူ(၆)ဦးမှာ (၁)ပေခန့်ရှည်တဲ့ ဓါးတွေနဲ့ရုံးခန်းအတွင်းဝင်ရောက်လာပြီး ဝန်ထမ်းများကိုခြိမ်းခြောက်ကာ မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း (၂၀၀) နီးပါးအပြင် ဝန်ထမ်းတစ်ဦးရဲ့ လက်ကိုင်ဖုန်းတစ်လုံးကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပက်သက်ပြီး ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း၊ ယခုနံနက်ပိုင်းအထိ တရားခံများကို ဖမ်းမိမှုမရှိသေးကြောင်း သိရသည်။
#YMG/LW #ဓားပြတိုက်ခံရ #ဆန်ရောင်းဝယ်ရေးရုံးခန်း
#Yangon_Times
#Local_News
Published_ 29 August 2023
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)က လာမည့်စက်တင်ဘာမှစတင်၍ ဒီဇင်ဘာလအထိ ဓာတ်ဆီဂါလန်ပေါင်း ငါးသန်းကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူကာရောင်းချပေးမည်ဟု ယင်းလုပ်ငန်း၏ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။
တင်ဒါစနစ်ဖြင့် ခေါ်ယူရောင်းချရာတွင် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး၊ တစ်ကြိမ်လျှင် ဓာတ်ဆီဂါလံ တစ်သန်းရောင်းချပေးသွားမည်ဖြစ်သည်။
ထိုသို့ရောင်းချရာတွင် လာမည့် စက်တင် ဘာ (၁၂) ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်း၊ အောက်တိုဘာ (၃) ရက်နှင့်(၂၄)ရက်တို့တွင် ဓာတ်ဆီဂါလံ နှစ်သန်း၊ နိုဝင်ဘာ(၁၄)ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်းနှင့် ဒီဇင်ဘာ (၅)ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်း အသီးသီးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါတင်သွင်းလိုသူများအနေဖြင့်နေပြည်တော်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ်(၄၄)တွင် တင်ဒါအဆိုပြုလွှာသွင်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
တင်ဒါဖွင့်မည့်အချိန်မှာ တင်ဒါဖွင့်ပေးမည့် လစဥ်တိုင်း၏ မွန်းတည့် (၁၂)နာရီတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကာ တင်ဒါပိတ်ချိန်အား မွန်းလွှဲ (၂)အချိန်အထိ သတ်မှတ်ထားကြောင်းနှင့် အသေးစိတ်အချက်အလက် သိရှိလိုသူများအနေဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန ဖုန်း ၀၆၇-၃၄၁၁၀၈၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးရာတွင် မည်သည့်လုပ်ငန်းရှင်မဆို လွတ်လပ်စွာရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/my #Local_News #ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)
#Yangon_Times
#Local_News
Published-29 August 2023
သုံးကြိမ်အထိ မီးနီဖြတ်မောင်းသော YBS ယာဥ်မောင်းများအား ယာဥ်လိုင်း ကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း YRTC တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကဆိုသည်။
YBS ယာဥ်များလမ်းပေါ်တွင်အ ခေါက်ရေများများရလိုစိတ်ဖြင့် တစ်စီးနှင့်တစ်စီး ဗိုလ်ကျမောင်းနှင်နေခြင်း၊ လုယက်မောင်းနှင်နေကြသည်ကို တွေ့မြင်နေရ၍ ယာဥ်မောင်းများ၏မဆင်မခြင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်းမောင်းနှင်မှုများကို Traffic Control Center မှ အချိန်နှင့်တပြေးညီစောင့်ကြပ်၍ Video မှတ်တမ်းများဖြင့်တင်ပြလာမှုများရှိကြောင်းလည်း ယင်းကဆိုသည်။
သို့ဖြစ်ပါ၍ စည်းကမ်းဖောက်ဖျက်သည့် ယာဥ်မောင်းများမှာ မီးနီဖြတ်မောင်းနှင်သူများဖြစ်ပြီး ယာဥ်စည်းကမ်းတွင် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှူးကျူးလွန်ခဲ့ပါက YBS ယာဥ်လိုင်း ကုမ္ပဏီက YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားကာလုပ်ဆောင်နေကြောင်း ဩဂုတ်လ ၂၄ရက်က စည်းကမ်းဖောက် ဖျက်သည့် YBSယာဥ်မောင်း (၁၀၀)ဦးကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ဆောင်ရွက်ရခြင်းသည်ဒဏ်ကြေးလိုချင်၍ လိုက်လံဖမ်းဆီးနေရခြင်းမဟုတ်ကြောင်းနှင့် ယာဉ်မောင်းများ၊ ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် ဖမ်းဆီးအရေးယူ
နေရခြင်းဖြစ်ပါကြောင်းလည်း ယင်းကပြောကြားသည်။
YRTC ၏ အဓိက ရည်မှန်းချက် ကြီးဖြစ်သော “Safe Public Transportation to All” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာစေရန် YBS စနစ်၏ အဓိကမောင်းနှင်အားဖြစ်သည့် ယာဉ်မောင်းကြီးများသည် ခရီးသည်များအား လိုရာခရီးသို့ လုံခြုံဘေးကင်းစွာပို့ဆောင်ပေးကြရမည့် တာဝန်ရှိကြောင်း၊ မိမိတို့အနေဖြင့် ယာဉ်မောင်းကောင်းများအဖြစ်သာ မြင်တွေ့လိုပါကြောင်းလည်း ဦးလျန်ကျင့်မန်ကပြောကြားသည်။
#Local_News #သုံးကြိမ်အထိမီးနီဖြတ်မောင်း #YRTC
#Yangon_Times/PP
#Local_News
Published-29 August 2023
တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၄၆)ဦးကို ယနေ့စေလွှတ်ခဲ့၍ ယခုလအတွင်း (၈၆၃)ဦး စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
သြဂုတ်လ ၂၉ရက်တွင်EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၀၁)ဦး၊ စိုက်မွေးလုပ်သားသစ် (၄၅) ဦး၊ စုစုပေါင်း (၁၄၆) ဦးကိုစေလွှတ်ခဲ့၍ မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ထို့အတူ သြဂုတ်လ ၁ရက်တွင် မြန်မာလုပ်သား ၁၃၉ဦးကိုလည်း ကောင်း၊ သြဂုတ်လ ၂ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း၊ သြဂုတ်လ၈ရက်တွင် မြန်မာလုပ်သား (၁၄၂)ဦးကိုလည်းကောင်း၊ သြဂုတ်လ၂၂ရက်တွင် မြန်မာလုပ်သား(၁၄၂)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၂၃ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း စေလွှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉)ဦးကိုစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
#Local_News #EPS #မြန်မာလုပ်သား(၁၄၆)ဦး
#Yangon_Times/PP
#Local_News
Published_ 29 August 2023
လန်ချန်း-မဲခေါင်ပူးပေါင်းမှုစီမံကိန်းအဖြစ် မန္တလေးနည်းပညာတက္ကသိုလ်နှင့်ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။
အဆိုပါစီမံကိန်းကို လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံတက္ကသိုလ်များအကြား သိပ္ပံနည်းပညာကူးလူးဖလှယ်ရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းစတင်ခြင်း အခမ်းအနားကို ဩဂုတ်(၂၈)ရက်တွင်နေပြည်တော်၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး နေပြည်တော်ဆက်သွယ်ရေးရုံးမှ ဌာနမှူး Mr. Zhang Zhonghuaက ‘ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် စီမံကိန်းမှတစ်ဆင့် အပြန်အလှန်နားလည်သိရှိမှု တိုးများလာစေပြီး အသေးစိတ်ကဏ္ဍလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးထမ်းဆောင်ပေးသည့် အပြင် တရုတ်-မြန်မာအဆင့်မြင့်ပညာရေးကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာဖြစ်လာရန် မျှော်လင့်ကြောင်း’ထည့်သွင်းပြောခဲ့သည်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေကို တရုတ်နိုင်ငံအစိုးရမှ အရင်းအနှီးစိုက်ထုတ်ထူထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံက စီမံကိန်းပေါင်း(၁၀၆)ခုအတွက် ပံ့ပိုးမှုရရှိပြီးဖြစ်ကာ ယင်းအခမ်းအနားသို့တရုတ်နိုင်ငံမှ ဌာနမှူး Mr. Zhang Zhonghua နှင့်အတူ မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့တက်ရောက်ခဲ့ကြောင်းသိရသည်။
#tthl #Local_News #မန္တလေး-ကူမင်းနည်းပညာတက္ကသိုလ်
#တရုတ်-မြန်မာအဆင့်မြင့်ပညာရေး #Yangon_Times
Page 1232 of 2353