#Local_News
Published-28 August 2023
ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဟုဆို၍ မြန်မာလုပ်သား (၅၆)ဦးထံမှ မြန်မာပွဲစား ၂-ဦးက ထိုင်းဘတ် ငွေ (၂၇၆၀၀၀) ကို လိမ်လည်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အလိမ်ခံရသူများက အကူအညီတောင်းခံမှုအပေါ် လိုက်လံ ဆောင်ရွက်ပေးခဲ့ရာတွင် လိမ် လည်သည့် မြန်မာပွဲစား၂ဦးအနက် မြန်မာပွဲစား တစ် ဦးက ငွေတစ်ဝက်ကိုပြန်လျော်ပေးခဲ့သော်လည်း ကျန် တစ် ဦးကထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
"လိမ်လည်သွားတဲ့၂-ယောက်ထဲက မြန်မာပွဲစား ၁-ယောက်ကငွေတစ်ဝက်လာရောက် ပေးလျော်ခဲ့ပေမဲ့ "မွန်လေး”ဆိုတဲ့ တစ်ယောက်က တိမ်းရှောင်နေတယ်"ဟု လိုက်ပါကူညီသည့် (MHAC) မဟာမိတ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုအခါ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသူ ပွဲစားတစ်ဦးအား ထိုင်းရဲစခန်းတွင် အလုပ်သမားများက အမှုဖွင့်တိုင်ကြားထားကြောင်းလည်း သိရသည်။
#Local_News #မြန်မာလုပ်သား (၅၀)ဦး #လိမ်လည်မှုထိုင်းတွင်ဖြစ်ခဲ့
#Yangon_Times/PP
ဒေဝကဘယ်သူဟာ အရှေ့တောင်အာရှရဲ့ လက်ဝှေ့ဘုရင်ဖြစ်တယ်ဆိုတာကို ပြရမယ်လို့ကြုံးဝါး
Published_ 28 August 2023
#ခွမ်ခမာလက်ဝှေ့ကျော် #ပရွန်ဆမ်နန်နှင့်ဒေဝ
#YMG/my
#Yangon_Times
#Local_News
Published 28 August 2023
မြွေဆိပ်ဖြေဆေးအေးခဲခြောက်ကို ယခုနှစ်မှစပြီး ယခင်ထက်နှစ်ဆတိုးပြီး ဆေးအလုံးရေ ၂သိန်းကျော်ထိထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းစက်ရုံ(အင်းစိန်) မှ သိရသည်။
ယခင်နှစ်များတွင် တစ်နှစ်လျှင်မြွေဆိပ်ဖြေဆေးအလုံးရေ တစ်သိန်းမှတစ်သိန်းနှစ်သောင်း အထိ ထုတ်လုပ်ခဲ့ရာ ယခုသြဂုတ်လတွင် မြေဆိပ်ဖြေဆေးထုတ်လုပ်သည့်စက်သစ်တစ်လုံး ထပ်မံတပ်ဆင်လိုက်သောကြောင့် ဖြေဆေးအလုံးရေတိုးမြင့် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
''လက်ရှိ အသုံးပြုနေတဲ့ စက်ကတစ်နှစ်ကို အလုံးရေတစ်သိန်းကနေ တစ်သိန်းနှစ်သောင်းလောက်ပဲ ထုတ်လုပ်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်၊ကျေးလက်နေပြည်သူလဲများတဲ့အတွက် မြွေဆိပ်ဖြေဆေး လိုအပ်ချက်များတယ်။ ဒါကြောင့် အခုဘဏ္ဍာနှစ်မှာ မြွေဆိပ်ဖြေဆေးအေးခဲခြောက်ထုတ်လုပ်တဲ့ စက်အသစ်ကိုတပ်ဆင်ပြီး အခုနှစ်မှာမြွေဆိပ်ဖြေဆေး နှစ်သိန်းကနေ နှစ်သိန်းလေးသောင်းအထိနှစ်ဆတိုးထုတ်လုပ်ပေးသွားမှာပါ'ဟု မြန်မာ့ဆေးဝါးလုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။
မြေဆိပ်ဖြေဆေး အေးခဲခြောက်ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်ဆေးဝါးကုန်ကြမ်းဖြစ်သော မြွေများကိုလည်း တစ်နိုင်ငံလုံးနေရာအနှံမှ ဝယ်ယူစုဆောင်းလျက်ရှိပြီး၊ မြင်းသွေးရည်ကြည်ရရှိရန်အတွက် မြင်းအကောင် ၅၀၀ ကို မှော်ဘီရှိဆေးဝါးထုတ်လုပ်ရေးဌာနခွဲတွင် မွေးမြူထားကြောင်း သိရသည်။
#YMG/LW #Local_News #မြွေဆိပ်ဖြေဆေး
#Yangon_Times
ကုန်စည်ဝင်ရောက်မှု ပုံမှန်ရှိနေပေမယ့် သယ်ယူပို့ဆောင်ရေး စရိတ်တွေကုန်ကျမှု များလာတာကြောင့် ငါးခြောက်အမျိုးအစားလိုက် ဈေးနှုန်းတွေမြင့်လာတာဖြစ်တယ်လို့ ငါးခြောက်ပွဲရုံ ပိုင်ရှင်တစ်ဦးက အခုလိုပြောပါတယ်။
Published_ 28 August 2023
#ငါးခြောက်အရောင်းဝယ်အလွန်အေး
#YMG/LW
#Yangon_Times
ချန်ပီယံဆုကို မြဝတီအမျိုး သမီးဘောလုံးအသင်းအနေနဲ့ သုံးကြိမ်မြောက်ဆွတ်ခူးရရှိခြင်းဖြစ်
Published_ 28 August 2023
#Myanmar Women League 2023
#အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးရရှိ
#YMG/my
#Yangon_Times
‘နယ်ဘက်တွေမှာ ဆန်စပါးလှောင်နေကြတာဖြစ်ပြီး ဆန်စပါးတွေဟာ ကြာရှည်သို လှောင်ထားပါက ပျက်စီးတတ်တဲ့ ကုန်စည်မျိုးဖြစ်တဲ့အတွက် အဲ့ဒီလိုမလှောင်ကြဖို့ အသင်းချုပ် အနေနဲ့ထိန်းကျောင်းနေပါတယ်။လာမယ့်လထဲမှာဥပဒေအရအရေးယူတာတွေစတင်တော့မှာဖြစ်ပါတယ်’
ဦးရဲမင်းအောင်(ဥက္ကဌ၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)
Published_ 28 August 2023
#ဆန်ဈေးတက်နေ
#tthl
#Yangon_Times
#Local_News
Published 28 August 2023
ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်းကုန်ဆုံးနေသော်လည်း နိုင်ငံကူးလက်မှတ်၂နှစ်နှင့် အထက် ကျန်ရှိနေသူများ ကို MoU/ U-Turn စနစ်ဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်နိုင်ရန် ယခင်ကကဲ့သို့ ရန်ကုန်မြို့အထိ ပြန်သွားရန်မလိုပဲ မြဝတီမြို့နှင့် ကော့သောင်းမြို့များတို့တွင် One Stop Service စနစ်ဖြင့် မကြာမီ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရှိ မြန်မာနိုင်ငံသံရုံး(ဘန်ကောက်) ၏ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာ MoU အလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် လေးနှစ် သာပေးထားပြီး ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်လိုပါက မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက်ကာ MoU လုပ်ငန်းစဉ်အတိုင်း သက်ဆိုင်ရာ တရားဝင်လိုင်စင်ရ အေဂျင်စီများ ဖြင့် စာချုပ်ချုပ်ဆိုပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့်ရရှိကြောင်း သိရသည်။
''နေထိုင်ခွင့်သက်တမ်းကုန်နေတဲ့ မြန်မာ MOU လုပ်သားတွေက စာချုပ်ချုပ်တာစမတ်ကတ်(OWIC) ကတ်ရိုက်တာတွေကို ရန်ကုန်အထိလာစရာ မလိုတော့ဘူး၊ ထိုင်းနဲ့နယ်စပ်မြို့တွေ ဖြစ်တဲ့ မြဝတီနဲ့ကော့သောင်းမှာပဲ One Stop Service စနစ်နဲ့အချိန် ၃ရက်လောက်နဲ့ ထိုင်းနိုင်ငံ ထဲကိုပြန်လည်ဝင်ရောက်နိုင်မှာပါ''ဟု မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ ထိုင်းနိုင်ငံ လုပ်ငန်းခွင်အသီးသီးသို့ ရက်တိုတိုနှင့် ပြန်လည်ဝင်ရောက်နိုင်မည့် လုပ်ငန်းစဉ်ကို မကြာမီကာလ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်သောကြောင့် လုပ်ငန်းခွင်၏ HR Manager များ၊ တာဝန်ရှိသူများသို့ အသိပေးထားကြရန် လိုအပ်ကြောင်း သိရသည်။
#Local_News #MoU/ U-Turn #One_Stop_Service
#YMG/LW #Yangon_Times
Page 1234 of 2353