#Local_News
Published_15 December 2022
ကိုရီးယားသမ္မတနိုင်ငံသ့ို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၃၆ ဦးကိုထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော Re-entry ကုန်ထုတ်လုပ်သား (၃၆) ဦးကို ယနေ့တွင် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအပြင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ဒီဇင်ဘာ ၁၉ ရက်တွင် Regular(ကုန်ထုတ်လုပ်သား) ၊ Re-entry ကုန်ထုတ်၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သား ) စုစုပေါင်း ၁၁၀ ဦး၊ ဒီဇင်ဘာ ၂၁ ရက်တွင် Re-entry လုပ်သား ၆၉ ဦးကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်မှု ဒီဇင်ဘာလ ဒုတိယအပတ်ထိ စုစုပေါင်းလုပ်သားဦးရေ ၂၃၅ ဦးကိုစေလွှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_15 December 2022
ပူတာအို ဒေသ၏ထူးခြားမှုအဖြစ် ခရီးသွားများကို ဆွဲဆောင် နိုင်သည့် ကျောက်လုံးများကို စီ၍ကာရံထားသည့် ကျောက်စီခြံစည်းရိုးများ ရှိသောကြောင့် အဆိုပါ ကျောက်လုံးစီခြံစည်းရိုးများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းသတ်မှတ် ချက်များချမှတ်ကာ စနစ်တကျလှပသပ်ရပ်စွာဖြင့် ထူးခြားသည့်မြင်ကွင်းတစ်ခုအဖြစ် ဆောင်ရွက်၍ ဒေသ၏ Land Mark တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း နစက ဥက္ကဌက ပြောသည်။
ဒီဇင်ဘာလ ၁၄ ရက်က ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိမြို့ဖများနှင့် ပူတာအိုလေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးရာ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ပူတာအိုဒေသသည် သွားရေးလာရေး ကန့်သတ်ချက်ရှိသည့်နေရာတစ်ခုဖြစ်သောကြောင့် ရာသီမရွေးသွားလာနိုင်ရေးအတွက် လမ်းပန်း ဆက်သွယ်မှု ပိုမိုအဆင်ပြေချောမွေ့စေရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ယင်းနေ့က ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင် နစက ဥက္ကဌက ထည့်သွင်း ပြောကြားခဲ့သေးသည်။
အဆိုပါ တွေ့ဆုံပွဲ၌ စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့ကိုင်ဆောင်နေရသည့် လက်နက်များ၊ အသုံးအဆောင် ပစ္စည်းများကို စစ်မြေပြင်တွင် လက်နက်များကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ထိရောက်စွာ အသုံးပြုနိုင်ရန် အမြဲလေ့ကျင့်နေရန်လိုကြောင်းနှင့်စစ်မြေပြင်၌ အချိန်၊ ရာသီဥတု၊ မြေအနေအထားတို့အပေါ်တွင် မူတည်၍ အလစ်အငိုက်တိုက်ခိုက်ကြခြင်းဖြစ်သဖြင့် သွားသတိ၊ လာသတိ၊ စားသတိ၊ နေသတိဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်းလည်း ဥက္ကဌက ပြောကြားခဲ့သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_15 December 2022
၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၊ အောင်လံ-သရက် နှင့် မင်းတပ်-မတူပီ ၆၆ ကေဗွီ ဓာတ်အားလိုင်းကြိုးများ ထပ်မံ ဖျက်ဆီးခံရပြန်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဒီဇင်ဘာလ ၁၃ ရက်က ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ် ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင် နှင့် သရက်မြို့နှင့်အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၆၆ ကေဗွီ အောင်လံ- သရက် ဓာတ်အားလိုင်း၏ တာဝါတိုင် (၁) တိုင်တို့ကို ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်က ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်းကြိုး ကို ထပ်မံဖောက်ခွဲပစ်ခတ်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းကြောင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိ ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ဖျက်ဆီးခံရသည့် အကြိမ်အရေအတွက် (၄၄)ကြိမ် ရှိပြီ ဖြစ်ကြောင်းလည်း လျှပ်စစ်ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 15 December 2022
တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းဘေးမြောင်းအတွင်းမှာ ပုပ်ပွနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၄ရက် နေ့လည် ၂နာရီဝန်းကျင်ခန့်တွင် တာချီလိတ်မြို့၊ လွယ်စတုံသွားရာလမ်း တာဝေမီးစက်အကျော် လမ်းဘေးမြောင်းအတွင်းမှာ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း အသင်းမှ တာဝန်ရှိသူက YMG ကိုပြောခဲ့သည်။
"လမ်းဘေးမြောင်းထဲမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားက ပျံကျနေထိုင်သူတစ်ဦးဖြစ်တယ်လို ခန့်မှန်းရပါတယ်။ ပြီးတော့ သူ့ကိုတွေ့တော့ မျက်နှာကမဲနေပြီး ပျက်ဆီးနေပါပြီ။ အသက် ၃၀ ဝန်းကျင်လောက်ရှိမယ်လိုတော့ ခန့်မှန်းရပါတယ်။ တာဝန်ရှိသူတွေခေါ်ပြီး သမားရိုးကျသေဆုံးတာလို အတည်ပြုပြီးတော့ အသင်းကနေ အခေါင်းတစ်လုံးနဲ့ မီးရှိပေးလိုက်ပါတယ်"ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ဆိုသည်။
#ymg/NN
#Yangon_Media _Group
#Local_News
Published _ 14 December 2022
ကိုဗစ်ကြောင့် ပိတ်ထားတဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကို ဒီဇင်ဘာလအတွင်းမှာ ပြန်ဖွင့်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 December 2022
ပုဂ္ဂလိကကျောင်းတွေ ပြည်တွင်းနိုင်ငံတကာကျောင်း (International School)တွေကို ပညာရေးဝန်ကြီးဌာနက သေချာစစ်ဆေးပြီး မှတ်ပုံတင်ပြန်ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 14 December 2022
လက်ရှိအိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်လှုပ်ရှားရှားဖြစ်နေချိန် အိမ်ခြံမြေတွေကို ဝယ်ယူရာမှာ ရောင်းမှား ဝယ်မှားမဖြစ်စေဖို့နဲ့ လိမ်လည်မှုမခံရစေဖို့ စာရွက်စာတမ်းတွေကို သေချာစိစစ်ပြီးမှ ဝယ်ယူဖို့လိုတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) က သိရပါတယ်။
#Yangon_Media_Group
Page 1234 of 1891