#Local_News
Published_ 29 August 2023
ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ ဖြစ်စဉ်အခြေအနေမှန်နှင့် ဖြစ်ရပ်မှန်အချက်အလက်များကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံရေးသဘောသက်ရောက်စေတဲ့ သတင်းထုတ်ပြန်ချက်များနှင့်ပြောကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာပယ်ချကြောင်း ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ထားပါတယ်။
ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေး စခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်တည်း အကွက်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအချို့နှင့် အဖွဲ့အစည်းအချို့က ARSA ၏ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ထိုအချိန်က တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ဒေသခံပြည်သူများကို ကာကွယ်ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် အရေးယူတုံ့ပြန်မှု များကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ ARSA အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်ပြီး အကြမ်းဖက်မှုလုပ်ရပ်များအားလုံးကို ရှုတ်ချသင့်ကြောင်း တိုက်တွန်း ဖော်ပြထားပါတယ်။
ထို့ပြင် “ရိုဟင်ဂျာ” ဟုဆိုသည့် အသုံးအနှုန်းသည် မည်သည့်မြန်မာ့သမိုင်းနှင့် ဥပဒေဆိုင်ရာ စာရွက်စာတမ်းများတွင် တွေ့ရှိရခြင်း မရှိကြောင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာန က သတိပေးထားပါတယ်။
အဆိုပါ အသုံးအနှုန်းကို ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းကာ ယင်းဖြစ်စဉ်အပေါ် နိုင်ငံရေးသဘော သက်ရောက်စေရန် သတင်းထုတ်ပြန်ချက်များ၊ ပြောကြားချက်များ ပြုလုပ်နေခြင်းသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား နှစ်နိုင်ငံပူးတွဲအစီအစဉ်များနှင့်အညီ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများ အပေါ် အပြုသဘော ထောက်ပံ့ကူညီရာရောက်မှာ မဟုတ်ဘူး လို့ ဆိုပါတယ်။
မြန်မာအစိုးရအနေဖြင့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသည့် ရခိုင် ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးအတွက်လည်း လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို မည်သူမျှချန်လှပ်မှုမရှိစေရေးဟူသော မူဝါဒဖြင့် ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာအစိုးရသည် နေရပ်စွန့်ခွာသူများအား စိစစ်မှုများပြုလုပ်ပြီး အောင်မြင်စွာ ပြန်လည်လက်ခံရေးကို ဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်၊ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက်များ နှင့် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#ygm_mnn #Local_News #နိုင်ငံခြားရေးဝန်ကြီးဌာနပယ်ချ
#Yangon_Media_Group
#Local_News
Published_ 29 August 2023
မြန်မာနိုင်ငံ၏ ရှေးဦးမြို့ပြတည်ပုံစံကို တည်ထောင်ခဲ့သည့် ပျူယဉ်ကျေးမှုခေတ် အခန်းကဏ္ဍကို ပုံဖော်ရေးသားထားသည့် အထောက်အထားများစာတမ်း အကြောင်း ဆွေးနွေးပွဲကို ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်)၌ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံက စာတမ်း၌ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူ ရှေးမြို့ဟောင်းများသာမက အခြားပျူမြို့ဟောင်းများဖြစ်သည့် ပင်လယ်(မိုင်းမော) မြို့ဟောင်း၊ ကျိုင်းဟုန်မိုင်းမောမြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ ပေါရိသတ်မြို့ဟောင်း (သို့) ကောသမ္ဘီမြို့ဟောင်း၊ ဝတီးမြို့ဟောင်းစသည်ဖြင့် ထည့်သွင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။
အဆိုပါ ပျူမြို့ဟောင်းများနှင့်အတူ ဆက်နွှယ်နေသည့် ရှေးဦးမြို့ပြတည်ဆောက်မှုပုံစံ၊ အဆောက်အဦတည်ဆောက်မှု ဗိသုကာလက်ရာများ၊ ပျူခေတ်ကာလ၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနှင့်ဝတ်စားဆင်ယင်မှုများ၊ ရေကိုလိုသလို ဖန်တီးအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုများ၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ၊ လက်မှုလုပ်ငန်းများ၊ ကျောက်ဆစ်လက်ရာများ၊ ပျူဂီတနှင့်တူရိယာများ၊ စာပေအထောက်အထားများ စသည်ဖြင့် သုတေသနပြုတွေ့ရှိထားသည့်အထောက်အထား အချက်အလက်များကို ဖြည့်စွက်၍ ထည့်သွင်းရေးသား ဖော်ပြထားသည့် စာတမ်းမူကြမ်းကို တက်ရောက်လာကြသည့် ပညာရှင်များက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါတယ်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ကိုယ်စားလှယ်က ယနေ့ဆွေးနွေးပွဲသို့ စစ်ဘက်လက်ထောက်အရာရှိက ပေးပို့လာသော ဆန္ဒပြုတိုက်တွန်းစာ အမှာစကားကို ဖတ်ကြားခဲ့ပါတယ်။
ဆက်လက်၍ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပညာရှင်များနှင့် ဝန်ထမ်းများက ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များ မူကြမ်းရေးသားထားမှုကို ရှင်းလင်းတင်ပြကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပညာရှင်များနှင့် ပြင်ပပညာရှင်များ၊ လေ့လာသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်စန္ဒာခင်၊ မြန်မာသမိုင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှနှင့် မြန်မာ့သမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပညာရှင်ကြီးများနှင့် ပါမောက္ခများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိကြီးများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြင်ပပညာရှင်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါတယ်။
#ygm_mnn #Local_News #ရှေးဦးမြို့ပြတည်ပုံစံ #ပျူယဉ်ကျေးမှုခေတ်
#Yangon_Media_Group
#Local_News
Published_ 29 August 2023
တရုတ်နိုင်ငံထဲသို့ သွားရောက်မည့်ခရီးသည်များ ပြည်မဝင်မီကိုဗစ်စစ်ဆေးမှုခံယူရန် မလိုအပ်တော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှစ၍ တရုတ်နိုင်ငံသို့ လာရောက်သော ခရီးသည်များသည် ပြည်မဝင်မီ ကိုဗစ်-၁၉ PCR သို့မဟုတ် Antigen test စစ်ဆေးရန် မလိုအပ်တော့သည့်အပြင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ဝင်/ပြည်ထွက် ကျန်းမာရေးကတ်” တွင်လည်း ဖြည့်သွင်းရန်မလိုအပ်တော့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယခင်က တရုတ်နိုင်ငံသို့သွားရောက်လိုပါက ပြည်မဝင်ခင် ကိုဗစ်မရှိကြောင်းစစ်ဆေးထားသည့်အထောက်အထားများပြသကြရသော်လည်း ယခုချိန်တွင်ကိုဗစ်ဖြစ်ပွားမှု လျော့ကျသွားသည့်အတွက် ကိုဗစ်စစ်ဆေးရန် မလိုတော့ကြောင်းသိရသည်။
#tthl #Local_News #ကိုဗစ်စစ်ဆေးရန်မလိုတော့
#Yangon_Times
#Daily_News
Published_ 28 August 2023
၁။ နယ်ဘက်တွင် တရားမဝင်ဆန်စပါးလှောင်နေသူများကြောင့် ဆန်ဈေးတက်နေ၊ ဥပဒေအရအရေးယူတော့မည်
၂။ Myanmar Women League 2023 ပြိုင်ပွဲတွင် မြဝတီအသင်းက သုံးမှတ်အသာဖြစ် အမှတ်ပေးချန်ပီယံဆုဆွတ်ခူးရရှိ
၃။ ဈေးထက်ဝက်မြင့်လာသည့်အတွက် ငါးခြောက်အရောင်းဝယ်အလွန်အေး
၄။ ဂျာမနီနိုင်ငံ၏ အယ်လ်ကိုဟောမပါဝင်သော ဘီယာလုပ်ငန်း တွင်ကျယ်လျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
‘စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေအနေနဲ့ ရည်ညွှန်းလက်ကားဈေးနဲ့သာ ရောင်းချပေးသွားမှာ ဖြစ်တယ်။ ဆီကုန်သည်တွေ၊ ဈေးဆိုင်တွေအနေနဲ့လည်း လက်ကားရည်ညွှန်းဈေးအပေါ်မှာ အထွေထွေစရိတ် နဲ့အသားတင်အမြတ်(၂)ရာခိုင်နှုန်းကိုသာ ပေါင်းပြီးရောင်းချရမည်ဖြစ်တယ်’ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းဥက္ကဌ
Published_ 28 August 2023
#ဆီကုမ္ပဏီ #ဆီကုန်သည်
#tthl
#Yangon_Times
#Local_News
Published_ 28 August 2023
မြန်မာ့လက်ရွေးစင် ယူ-၁၂ လူငယ်ဘောလုံးအသင်းအနေဖြင့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအပြီး ဂျပန်ကလပ်အသင်းသုံးသင်းဖြင့် ခြေစမ်းပွဲများကစားရာတွင် ဂိုးပြတ်များဖြင့်အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ယနေ့ ဩဂုတ် (၂၈)ရက်က ခြေစမ်းပွဲကစားရာတွင် Saitama City North FC အား (၄) ဂိုး ဂိုးမရှိအဖြင့်လည်းကောင်း၊ Una Primavera Football Club အား (၆) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း ၊ Niiza Katayama FC အား (၄) ဂိုး ဂိုးမရှိအဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာယူ- ၁၂ အသင်းသည် ဘာစီလိုနာ လူငယ်ဘောလုံးအသင်းအပါအဝင် အခြားအသင်းများကို အုပ်စုပွဲစဉ်အလိုက်ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရှုံးနိမ့်ထားသည်။
အဆိုပါပွဲများတွင်ရရှိလာသောအတွေ့အကြုံများအရ ဂျပန်ကလပ်အသင်းများနှင့် ခြေစမ်းပွဲကစားရာတွင် အနိုင်ရလာဒ်များရရှိခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာ ယူ၁၂ လူငယ်ဘောလုံးအသင်းအနေဖြင့် ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် (၂၄) မှ (၂၇)ရက်အထိ ကျင်းပပြုလုပ်သည့် Soccer World Challenge 2023 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး၊ အဆိုပါခရီးစဉ်အတွက် AYA Bank မှ ပံ့ပိုးကူညီထားကြောင်း သိရသည်။
ဓာတ်ပုံ-MFF
#YMG/my #Local_News #ယူ-၁၂
#Yangon_Times
#Local_News
Published_ 28 August 2023
ပြင်ဦးလွင်မြို့ပိတ်ချင်းမြောင် မီးစက်ကြီးရေတံခွန်တွင်လူငယ်အမျိုးသားတစ်ဦးရေနစ်သေဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ဩဂုတ်လ၂၈ရက် မနက်ပိုင်းတွင် သူငယ်ချင်းနှစ်ဦးနှင့်လာရောက်ရေကူးရင်း အဆိုပါရေတံခွန်တွင်ရေနစ်သေဆုံး ခဲ့သည်ဟုဆိုသည်။
‘‘ရေနစ်သွားတဲ့သူက လူငယ်အမျိုးသားအသက်(၂၀)လောက်ပါ။သူကတော့ကျောင်းသားပဲ။ အတန်း ပညာဆယ်တန်း၊ မေမြို့ တပ်မတော်နည်းပညာတက္ကသိုလ်မှာတက်နေတဲ့ တက္ကသိုလ်ကျောင်းသားလို့ပြောတယ်။ သူ့သူငယ်ချင်းနှစ်ယောက်နဲ့လာတာ။ ပိတ်ချင်းမြောင် အရင်မီးစက်ကြီးရှိခဲ့တဲ့ရေတံခွန်နေရာမှာရေနစ်တာ။
အရင် ပြီးခဲ့တဲ့တစ်လနှစ်လလောက်ကလည်းနစ်ဖူးတယ်။ အဲ့ဒီနေရာကတော်တော်လေးလှမ်းတယ်။သွားတဲ့သူနည်းတဲ့နေရာ ဖြစ်တယ်။ ကျွန်တော်တို့သတင်းရတဲ့အချိန်နောက်ကျတာ။၁၁နာရီကျော် လောက်မှာနစ်တယ်။ကျွန်တော်တို့နဲ့ က ၁၃မိုင်ကွာတယ်။ဟိုမှာ လိုက်ရှာတယ်။သူနဲ့ပါတဲ့သူငယ်ချင်းတွေကတော့ ရေကူးတတ်ပေမယ့်ကျွမ်း ကျွမ်းကျင်ကျင်တော့မရှိဘူး’’ဟု ပြင်ဦးလွင် မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကYMGကိုပြောပြသည်။
ရေနစ်သွားသည့်လူငယ်ကို ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များဖြင့် သွားရောက်ရှာဖွေကူညီဆောင်ရွက်ခဲ့ကြပြီး ရေနစ်သေဆုံးသူ ကျား(၁)ဦးအား ၁၃ ၃၀ အချိန်တွင် ရှာဖွေတွေ့ရှိ ခဲ့ကာသန္တိသုခအသင်းယာဉ်ဖြင့် ကုတင်(၇၀၀)တပ်မတော်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#tthl #Local_News #လူငယ်အမျိုးသားတစ်ဦးရေနစ်သေဆုံး
#Yangon_Times
Page 1233 of 2353