#World_Politics
Published 14 March 2023
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'ဟာ တနင်္လာနေ့က ဩစတြေးလျနဲ့ ယူကေတို့မှခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ကာ နျူကလီးယားရေငုပ်သင်္ဘော သဘောတူညီချက်အသစ်ရဲ့ အသေးစိတ်အကြောင်းအရာအချို့ကို ဖော်ပြခဲ့ပါတယ်။
ဒါဟာ စစ်ရေးအင်အားကြီးထွားလာတဲ့ တရုတ်ကိုတုန့်ပြန်ရန် ရည်ရွယ်ထားတဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
သူတို့ ၃ နိုင်ငံပူးပေါင်းမိတ်ဖွဲ့ခြင်းကို AUKUS လို့ခေါ်ပြီး ဘိုင်ဒင်၊ ဩစတြေးလျဝန်ကြီးချုပ်'အန်သိုနီအယ်လ်ဘာနိစ်'၊ ယူကေဝန်ကြီးချုပ်'ရီရှီဆူနက်ခ်'တို့က အသေးစိတ်များကို ပြောကြားခဲ့ကြပါတယ်။
"စစ်ရေးဟန့်တားဆောင်ရွက်ခြင်း ကြိုးစားအားထုတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုမြှင့်တင်ရေးတို့ဖြင့် လာမယ့်ဆယ်စုနှစ်များအတွင်း ငြိမ်းချမ်းရေးအလားအလာကို သက်ရောက်စေနိုင်မယ့် အနေအထားကိုရောက်ရှိနေပါတယ်၊ ကျွန်ုပ်တို့ရဲ့အနာဂတ်တွေ သေချာစေရန် အင်ဒိုပစိဖိတ်ဒေသမှာ ဒီထက်ပိုကောင်းမွန်တဲ့ မိတ်ဖက်တွေရှိမှာမဟုတ်ပါဘူး" လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
သဘောတူညီချက်အရ ဩစတြေးလျအနေနဲ့ ယင်းတို့ပိုင် နျူကလီးယားဓာတ်အားသုံး ရေငုပ်သင်္ဘောတပ်ကြီးဖွဲ့စည်းတာကို မြင်တွေ့လာရမှာဖြစ်ပြီး အမေရိကန်ရေငုပ်သင်္ဘော ၃ စင်းနဲ့ စတင်မှာဖြစ်ပါတယ်။
နျူကလီးယားဓာတ်အားသုံး ရေငုပ်သင်္ဘောတွေဟာ သာမန်ရေငုပ်သင်္ဘောတွေထက် အကွာအဝေးပိုမိုကွာဝေးကာ ရေအောက်မှာ ပိုမိုကြာရှည်စွာ နေနိုင်မှာဖြစ်ပြီး ရှာတွေ့ဖို့ပိုမိုခက်ခဲတာကြောင့် မြင်ကွင်းကနေ ပိုမိုပျောက်ကွယ်နေနိုင်မှာ ဖြစ်ပါတယ်။
ရေငုပ်သင်္ဘောတွေက နျူကလီးယားဓာတ်အားသုံးဖြစ်ပြီး နျူကလီးယားလက်နက် တပ်ဆင်ထားတာမဟုတ်ကြောင်း ဘိုင်ဒင်က အကြိမ်ကြိမ်ဆိုခဲ့ပါတယ်။
"ဩစတြေးလျကာကွယ်ရေးလုပ်ကိုင်နိုင်စွမ်း သမိုင်းကြောင်းမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုကြီး ပြုလုပ်တာဖြစ်ပါတယ်" လို့ အယ်လ်ဘာနိစ်က ပြောကြားခဲ့ပါတယ်။
"AUKUS မိတ်ဖွဲ့အကြောင်း ကြေညာပြီး ၁၈ လအတွင်းမှာပဲ စိတ်ခေါ်မှုတွေ ပြောင်းလဲမြင့်တက်လာပါတယ်၊ ရုရှားက ယူကရိန်းကို တရားမဝင်ကျူးကျော်တယ်၊ တရုတ်က အင်အားကြီးလာတယ်၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ လုပ်ရပ်တွေက ခြိမ်းခြောက်နေပြီး ကမ္ဘာကြီးကို အန္တရာယ်ကျရောက်လာအောင် ပြုလုပ်နေတယ်၊ ဒီလက်တွေ့ဖြစ်ရပ်တွေနဲ့ ရင်ဆိုရတဲ့အခါ ကျွန်ုပ်တို့တိုင်းပြည်တွေအနေနဲ့ ကြံ့ကြံ့ခံအင်အားဖြည့်ထားဖို့ ပိုပြီးအရေးကြီးလာတယ်" လို့ ဆူနက်ခ်ကလည်း ပြောကြားခဲ့ပါတယ်။
ယခုသဘောတူညီချက်ဟာ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုမြင့်တက်လာခြင်းကို တုန့်ပြန်တဲ့သဘောဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်ဟာ ဆိုလိုမွန်ကျွန်းများနဲ့ လုံခြုံရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ရာ စိုးရိမ်ပူပန်စရာဖြစ်လာရပြီး ဒေသတဝိုက်ရှိကျွန်းငယ်အများအပြားမှာ တရုတ်က စစ်တပ်နေရာချထားခဲ့ပါတယ်။
"AUKUS ကိုထူထောင်စဉ်တုန်းက တရုတ်အကြောင်း မပြောခဲ့ပေမယ့် တရုတ်ရဲ့စစ်ရေးအင်အား အလွန်ကြီးထွားလာကာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း စစ်အင်အားအသုံးချလာခြင်းတို့က AUKUS တည်ထောင်ရခြင်းနောက်ကွယ်က ရည်ရွယ်ချက်ဖြစ်လာပါတယ်" လို့ နိုင်ငံတကာဗျူဟာလေ့လာရေးစင်တာမှ နိုင်ငံခြားရေးဌာနအရာရှိဟောင်း 'ချားလ်စ်အက်ဒယ်လ်'က ပြောပြခဲ့ပါတယ်။
သဘောတူညီချက်အသစ်ကို ၂၀၂၁ တုန်းက ဦးစွာကြေညာခဲ့ပြီး ဩစတြေးလျသင်္ဘောသားများ၊ အင်ဂျင်နီယာများဖြင့် စတင်လေ့ကျင့်ခဲ့ကြပါတယ်။
လာမယ့်နှစ်တွေမှာလည်း အမေရိကန်နဲ့ ယူကေရေငုပ်သင်္ဘောများက ဩစတြေးလျမှာ အလှည့်ကျနေရာချသွားမှာဖြစ်ပါတယ်။
#Source: NPR #World_Politics #နျူကလီးယား #ရေငုပ်သင်္ဘော
#YMG #Yangon_Media_Group
#Local_News
Published_ 14 March 2023
အိန္ဒိယပညာရှင်များနှင့် ပူးပေါင်း၍ ပုဂံရှေးဟောင်းအဆောက်အအုံ(၅)ဆူနှင့် နံရံပန်းချီထိန်းသိမ်းရန် ဆွေးနွေးနေကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်၊၊
မတ်လ၁၃ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ၊ Archaeological Survey of India (ASI) ပညာရှင်အဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ အစည်းအဝေးခန်းမ၌ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း ဦးဆောင်သော ဒုတိယညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဌာနစုများမှ အရာထမ်း၊ အမှုထမ်းများတွေ့ဆုံ၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်၊၊
ယင်းကဲ့သို့တွေ့ဆုံစဉ် ရှေးဟောင်းအဆောက်အအုံ (၅)ဆူအား အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီပိုင်းဆိုင်ရာကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မတ်လ (၁၄)ရက်မှစတင်၍ ဆောင်ရွက်နိုင်ရန်အတွက် အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရသည်၊၊
#ymg/tthl #Local_News #အိန္ဒိယပညာရှင် #ပုဂံရှေးဟောင်း #နံရံပန်းချီ #YMG
#Yangon_Media_Group
#Local_News
Published_ 14 March 2023
မတ်လ ၁၃ ရက်နေ့ည ၉ နာခန့်က ရန်ကုန်မြို့သမိုင်းဘူတာရုံလမ်းမပေါ်ရှိ သမိုင်းခုံးကျော်တံတားအဆင်းမှာ မော်တော်ယာဉ်နှစ်စီးတိုက်မူဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေရောင်သမိုင်းအသင်းမှ သိရသည်။
မော်တော်ယာဉ်နှစ်စီးတိုက်မှုကြောင့် တစ်စီးတိမ်းမှောက်သွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ ရွှေရောင်သမိုင်းအသင်း တာဝန်ခံက ပြောသည်။
ထိခိုက်မှုရှိခဲ့သည့်အမျိုးသားမှာ မစိုးရိမ်ရတဲ့အခြေနေမှာရှိကြောင်း ရန်ကုန်မြို့တွင် မောင်းနှင်သွားလာနေကြသည့် မော်တော်ယာဉ်များအနေဖြင့် ညပိုင်းမောင်းနှင်ကြပါက သတ်မှတ်အရှိန်ဖြင့်မောင်းနှင်ကြရန် အဆိုပါအသင်းတာဝန်ခံကတိုက်တွန်းထားပါသည်။
#ymg/ynzw #Local_News #သမိုင်းခုံးကျော်တံတား #ထိခိုက်ဒဏ်ရ
#YMG #Yangon_Media_Group
#LocalNews
Published_ 14 March 2023
သရုပ်ဆောင်မင်းရာဇာနှင့် ဇနီး ၊ ယင်းတို၏မန်နေဂျာ တို အလုပ်ကြမ်း နှင့် ထောင်ဒဏ်၅ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်
သရုပ်ဆောင်မင်းရာဇာနှင့် ဇနီး ဖူးငုံပွင့်နှင့် မင်းရာဇာမန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတိုကို ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုဖြင့် မြောက်ဥက္ကလာပတရာရုံးက အထက်ပါအတိုင်း ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။
၎င်းတိုအဖမ်းခံရပြီး အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးအား သက်ငယ်မုဒိမ်းပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုများဖြင့် တရားရင်ဆိုင်နေရာမှ ပြီးခဲ့သည့် ၂၀၂၁ တွင် အမှုများပိတ်သိမ်းခဲ့သည့်အပေါ် အဆိုပါအမှုကို မပိတ်သိမ်းသင့်ကြောင်း ပြန်လည် လျှောက်ထားခဲ့ကြပြီးနောက် တရားရုံးက အမှုကို အစက ပြန်လည်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
သရုပ်ဆောင်မင်းရာဇာ အနေဖြင့် သက်ငယ်မုဒိမ်းမှုကို ခရိုင်တရားရုံးတွင် ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်ပြီး အဆိုပါ အမှုအတွက်လည်း သီးခြားပြစ်ဒဏ် ချမှတ်ခံရနိုင်သေးကြောင်းလည်း သိရသည်။
ymg/mt
Yangon_Media_Group
#Local_News
Published_ 14 March 2023
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးနှင့် အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို နစက ဆန့်ကျင်အဖွဲ့က Drone ယာဉ်များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ရုံးဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မတ်လ ၁၃ ရက် နံနက် ၁၁ နာရီခန့်က နစက ဆန့်ကျင်သူများက အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက် ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊အလားတူ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးကို နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံး၍ အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိကာ ရုံးတံခါးပေါက်မှန် ၈ ချပ် ကွဲအက်ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ နစက ဆန့်ကျင်သူများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြကြောင်း သိရသည်။
#ymg/mt #Local_News #နွားထိုးကြီး #Drop Bomb #သုံးဦးဒဏ်ရာရ #YMG #Yangon_Media_Group
#Local_News
Published_ 13 March 2023
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ မတ်လ(၁၃)ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တဲ့အတွက် သစ်ပင်တွေလဲကျပြီး နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #ပဲခူးတိုင်း #လေပြင်းတိုက် #နေအိမ်အချို့ပျက်စီး
#YMG #Yangon_Media_Group
#World_Energy
Published 13 March 2023
လက်တင်အမေရိကဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်တဲ့ အဓိကနေရာဖြစ်လာရန် ပြင်ဆင်နေပြီး ကြီးမားတဲ့လျှပ်စစ်စွမ်းအင်သုံးဆိုလာပြား တစ်ဘီလီယံနီးပါးတန်ဖိုးရှိ ပရောဂျက်များကို လာမယ့် ၇ နှစ်အတွင်း အွန်လိုင်းမှာတင်နိုင်ရန် စီစဉ်ထားကြောင်း ကြာသပတေးနေ့က အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။
#World_Energy #ပြည့်ဖြိုးမြဲစွမ်းအင် #လက်တင်အမေရိက
#YMG #Yangon_Media_Group
Page 1540 of 2351