#Local_News
Published-11 May 2023


ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရွှေဖုန်းမင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ နယ်ခြားချောင်းရေလျှံမှုဖြစ်ပွားပြီး ရွှေတူးဖော်သည့် လုပ်သားများနေထိုင်သော ယာယီတဲအိမ်(၇၃)လုံးခန့် ရေနစ်မြှပ်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

 

မေလ ၁၁ ရက် နံနက် ၈ နာရီ ၁၀မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ကြားရှိ နယ်ခြားချောင်းရေလျှံမှုဖြစ်ပွားကာ ရေနစ်မြုပ်မှုဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်းကြောင့် အဆိုပါနေရာသို့ ကလောမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရသိရသည်။

 

#ymg/pl #Local_News #မိုးသည်းထန်စွာရွာသွန်း #ကလော #ယာယီတဲ အိမ် ၇၀ ကျော်ရေနစ်
#YMG #Yangon-Media-Group