#Local_News
Published_ 11 May 2023


ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အိမ်သုံး ၅ ဂါလံဆံ့ရေပုံးကို အသုံးပြုပြီး အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းအဖြစ် အသုံးပြုပုံကို မေလ ၁၀ ရက် နေ့ကသရုပ်ပြ ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

 

မုန်တိုင်းကာလအတွင်း သောက်သုံးရေရရှိနိုင်ရေးအတွက်(၅)ဂါလန်ဆံ့ပုံးများဖြင့် အိမ်တိုင်းတွင် ရေသိုလှောင်ထားရှိနိုင်ရန်လည်း အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

မိုးလေဝသနဲ့ဇလဗေဒညွှန်းကြားမှုဦးစီးဌာနရဲ့ မေလ ၁၁ရက်နေ့ထုတ်ပြန်ချက်အရ အားကောင်းသော် ဆိုက်ကလုန်းမုန်တိုင်းမိုခါသည် မေလ ၁၄ ရက်နေ့တွင် အားအလွန်ကောင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို(Kyaukpyu) တိုကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တိုကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၉၀)မှ (၁၀၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားပါသည်။

 

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တိုရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄) ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၇)ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်းမိုးဇလမှထုန်ပြန်ထားသည်။

 

#ymg/ynzw #Local_News #အိမ်သုံး ၅ ဂါလံ ရေပုံး #အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း
#YMG #Yangon-Media-Group