#Local_News

Published_ 11 May 2023


ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် ဆိုက်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် သဘာဝဘေးကြုံတွေ့ပါက အနီးစပ်ဆုံးဒေသများမှလူမှုကူညီရေးအဖွဲ့များမှ အားဖြည့်ရန်ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်၊၊

 

ရခိုင်ပြည်နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များနှင့်အတူ အနီးစပ်ဆုံးဒေသများဖြစ်သည့် ပြည်၊ မကွေး၊ ဧရာဝတီတိုင်းက လူမှုကူညီရေးအဖွဲ့များတက်ပြီး ကူညီနိုင်အောင်စီစဉ်နေသည် ဟုဆိုသည်၊၊

 

"ရခိုင်ပြည်နယ်အုပ်ချုပ်ရေးဌာနကလည်း ပြင်ဆင်ထားပါတယ်၊၊ ရခိုင်မှာဖြစ်တာကြိမ်းသေပြီဆိုရင် ကျွန်တော်တို့လူမှုကူညီရေးအဖွဲ့ဝင်တွေအနေနဲ့ ရခိုင်နဲ့အနီးဆုံးဒေသက ပြည်တို့၊ မကွေးတို့၊ဧရာဝတီတိုင်းတို့က အဖွဲ့ဝင်တွေကိုနောက်ချန်အင်အားဘယ်လောက်ချန်ထားမလဲ ရခိုင်ကိုဘယ်လောက် တက်ကူညီမလဲစသဖြင့် ချိတ်ဆက်ဆောင်ရွက်နေပါတယ်၊၊ လောလောဆယ် ကျွန်တော်နဲ့သိတဲ့ ရခိုင်အခြေစိုက်လူမှုကူညီရေးအဖွဲ့ကတော့ နှစ်ဖွဲ့ရှိတယ်၊၊ သူတို့က အဓိကပေါ့၊၊ မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ကူညီကယ်ဆယ်ဖို့အသင့်ပြင်ထားတယ်"ဟု ဦးမောင်rescue ပြည်သူ့ကယ်ဆယ်ရေးမှဦးမောင်က ပြောသည်၊၊

 

မြန်မာတစ်နိုင်ငံလုံးရှိ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့များဖြင့် ချိတ်ဆက်ပြီးဆောင်ရွက်သွားမည်ဖြစ်သည် ဟုဆိုသည်၊၊

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေလ(၁၄)ရက်တွင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကျောက်ဖြူမြို့ကြားမှ ဆိုက်ကလုန်းမုန်တိုင်းမိုခါဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပြီး စစ်တွေ၊ မောင်တော၊ ကျောက်ဖြူဒေသတို့တွင် ဒီရေများမြင့်တက်ခြင်း၊ လေတိုက်နှုန်းမိုင်(၉၀)(၁၀၀)ဖြင့် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ခြင်းများရှိနိုင်ကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #ရခိုင်နှင့်အနီးဆုံးဒေသ #လူမှုကူညီရေးအဖွဲ့ #ရခိုင်ကိုအားဖြည့်ကူညီရန် #YMG #Yangon_Media_Group