#TV Yangon Times Matters အစီအစဉ်
Published - 25 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးကြည်ဝင်း( လောကအမွန်)
နှင့်အတူ
-"၂၀၁၁ ခုနှစ်မှာ" လောကအမွန်"စာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း
-ကိုယ်ပိုင်စာအုပ်တစ်သောင်းကျော်ကို အခြေပြုစတင်ခဲ့ရာက ယခုဆိုရင်စာအုပ်ပေါင်းနှစ်သောင်းကျော် စုဆောင်းထားရှိပြီးဖြစ်ကြောင်း
-"လောကအမွန်"ဆိုတဲ့နာမည်ကို စွဲလမ်းနေမိခဲ့တာကြောင့် လောကအမွန် စာကြည့်တိုက်လို့ နာမည်ပေးခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 December 2022
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင်ဒေသအချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 25 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးကြည်ဝင်း( လောကအမွန်)နှင့်အတူ
-"၂၀၁၁ ခုနှစ်မှာ" လောကအမွန်"စာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း
-ကိုယ်ပိုင်စာအုပ်တစ်သောင်းကျော်ကို အခြေပြုစတင်ခဲ့ရာက ယခုဆိုရင်စာအုပ်ပေါင်းနှစ်သောင်းကျော် စုဆောင်းထားရှိပြီးဖြစ်ကြောင်း
-"လောကအမွန်"ဆိုတဲ့နာမည်ကို စွဲလမ်းနေမိခဲ့တာကြောင့် လောကအမွန် စာကြည့်တိုက်လို့ နာမည်ပေးခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _25 December 2022
ဘတ်ငွေ ၇ သောင်းကို ပြန်ဆပ်လိုသော အသက် ၃၀ နှစ်ခန့်အရွယ် ကို......ဆိုသော မြန်မာတစ်ဦးက ဘန်ကောက်ရွှေဆိုင်တစ်ဆိုင်မှ ရွှေများလုယူထွက်ပြေးရာ အဖမ်းခံရကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာနိုင်ငံသားက ဒီဇင်ဘာလ ၂၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အေကချိုင်လမ်း၊ နိုင်လီယ်ဈေး၌ ဖွင့်လှစ်ထားသည့် "ထိုင်းစီးလီး" ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ကာ ထိုင်းဘတ်ငွေ ၁ သိန်းခွဲတန်ဖိုးရှိ ရွှေလက်ကောက် ၅ ကွင်းကို လုယက်ယူဆောင်သွားခဲ့ကာ ထွက်ပြေးတိမ်းရှောင်ရင်း ထိုင်းရဲချုပ်တစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း ဝင်ပုန်းနေခဲ့ရာမှ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ယင်းမှာ အထည်ချုပ်စက်ရုံတွင် တစ်လလျှင် ထိုင်းဘတ် (၅၀၀၀) ဖြင့် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း၊မိသားစုအားပြန်လည်ထောက်ပံ့ရန် ငွေတိုးပေးသူထံမှ ဘတ်(၇၀၀၀၀)ကိုချေးယူထားသည်ကို တစ်လလျှင်ဘတ် (၃၀၀၀) ပုံမှန်ပြန်ဆပ်နေရကာ အကြွေးတင်နေသည့်အတွက် ငွေပြန်လည်ပေးဆပ်ရန် ရွှေဆိုင်မှ ရွှေလက်ကောက်များကို ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ရေးသားကြသည်။
ယခုအခါ ရွှေများလုယူမှုဖြင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ဘန့်ခွန်ထီယံရဲစခန်းသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group





#LocalNews
Published _25 December 2022
ပြင်ဦးလွင် ပွဲကောက်ရေတံခွန်တွင် ယနေ့ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၃ နာရီခန့်က ရေနစ်၍ အသက် ၁၅ နှစ်အရွယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းမှာ ပြင်ဦးလွင် ပန်းပွဲတော်သို့လာရောက်သော မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းက ဖြစ်ကြောင်း၊ အသက် ၁၅ နှစ်အရွယ်ခန့်သာရှိသေးသည့် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အမျိုးသားငယ် ၂ ဦးတို့ ပွဲကောက်ရေတံခွန်တွင် ရေကစားရာက ရေနစ်မြုပ်ကြရာ နှစ်ဦး အသက်ရှင်ကာ တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါကူညီဆောင်ရွက်ခဲ့သည့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။
အဆိုပါ အသင်းအနေဖြင့်သေဆုံးသူ၏ ရုပ်အလောင်းကို ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ အသင်း၏ ယာဉ်ဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _25 December 2022
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ လမ်းဘေးတစ်ခုတွင် အသတ်ခံထားရသောဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၅ ရက် တွင် ဖော်ပြထားသည်။
"ညကတည်းက လူသက်ခံရတဲ့အလောင်းတွေ့ရှိတာပါ၊ကန်သာယာရပ်ကွက်၅၉ A လမ်း၁၀၄-၁၀၅ကြားမှာပါ။ဒီနေ့မနက် ၈ နာရီလောက်က သတင်းပေးတဲ့အတွက် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တာပါ"ဟု အဆိုပါ အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါသေဆုံးသူမှာ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ အသတ်ခံရသည်ကို မသိရသေးကြောင်း၊ အလောင်းကို မန္တလေးဆေးရုံကြီးသို့ အသင်းယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
photo- မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 25 December 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း နယူးရီးယား နိုင်ငံတကာနှစ်သစ်ကူးကာလတွင် ဗြောက်အိုး၊မီးရှူး၊မီးဒုံး(ရှူးဒိုင်း)ထုတ်လုပ်ရောင်းချ၊ဖြန့်ဖြူး၊ပစ်ဖောက်ခြင်းများမပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ထုတ်ပြန်ထားသည်၊၊
နိုင်ငံတကာနှစ်သစ်ကူးကာလတွင် ဗြောက်အိုး၊မီးရှူး၊မီးဒုံး(ရှူးဒိုင်း)ထုတ်လုပ်ရောင်းချ၊ဖြန့်ဖြူး၊ပစ်ဖောက်ခြင်းများမပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှစ်စဉ်နှစ်တိုင်း သတိပေးချက်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်တွင်လည်းမပြုလုပ်ရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်၊၊
ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်သစ်ကူးကာလ ဗြောက်အိုး၊မီးရှူး၊မီးဒုံး(ရှူးဒိုင်း)ထုတ်လုပ်ရောင်းချ၊ဖြန့်ဖြူး၊ပစ်ဖောက်မှုများကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်စေခြင်း၊မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင်ပြုလုပ်လာနိုင်ခြင်းကြောင့် ဗြောက်အိုး၊မီးရှူး၊မီးဒိုင်းထုတ်လုပ်ရောင်းချ၊ဖြန့်ဖြူး၊ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1536 of 2214