Published 17 March 2023
လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ (၂)မှထွက်ရှိသည့် ၃၅ တန်ရှိကျောက်စိမ်းတုံးကြီးကို ယနေ့ မတ်လ ၁၇ ရက်တွင် စတင်ပြသသည့် ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တွင် ခင်းကျင်းပြသထားကြောင်း သိရှိရပါတယ်။
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့စတင်ကျင်းပတဲ့ အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှုင်ဟာ မဏိရတနာကျောက်စိမ်းခန်းမအတွင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးပြီးနောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်တာတွေလမ်းညွှန်မှာကြားခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကျောက်မျက်ရတနာတွေကို ရောင်းချသွားရာ၌ ပုလဲအတွဲများ ရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့် ညီမျှသောမြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များကအမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့် လည်းကောင်းပေးချေကြရမယ်လို့ သိရှိရပါတယ်။
နိုင်ငံခြားငွေ(သို့မဟုတ်)မြန်မာကျပ်ငွေဖြင့် ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ယူရို(သို့မဟုတ်)ယူရိုငွေနှင့်ညီမျှသော အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ ဖြင့်လည်းကောင်းပေးချေရမည်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Ymg/knl
#(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
#YangonMediaGroup



#Local_News
Published_ 17 March 2023
သင်္ကြန်ကာလတွေမှာ အိမ်ခြံမြေအရောင်းအဝယ်အေးမှာဖြစ်သလို ပိတ်ရက်တွေကြောင့် ရုံးကိစ္စ၊ ပါမစ်ကိစ္စ၊ ဂရမ်ကိစ္စတွေလည်းဆောင်ရွက်နိုင်ဦးမှာ မဟုတ်ဘူးလို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းလုပ်ကိုင်နေသူတွေထံမှ သိရပါတယ်၊၊
#Local_News #အိမ်ခြံမြေ #အရောင်းအဝယ်အေး
#YMG #Yangon_Media_Group
#Local_News
Published_ 17 March 2023
မတ်လ ၁၇ရက်နေ့မနက်ပိုင်းမှာ ၂၈ သိန်း ၉ သောင်းနီးပါးအထိပေါက်ဈေးရှိနေပါတယ်။ ကမ္ဘာ့ရွှေဈေးဟာလည်းတစ်အောင်စကို ၁၉၁၇ ဒေါ်လာနဲ့ ဈေးဖွင့်လာတယ်လို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #အရောင်းအဝယ်မရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 17 March 2023
သင်္ကြန်ကာလမှာ မန္တလေးမှာရှိတဲ့ပင်းယ၊ အင်းဝယဉ်ကျေးဇုန်၊ ပုဂံယဉ်ကျေးမှုဇုန်၊ မြောက်ဦးယဉ်ကျေးမှုဇုန်တွေ ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မန္တလေး #ပုဂံနှင့်မြောက်ဦး #ပျူမြို့ဟောင်း
#YMG #Yangon_Media_Group
#DailyNews
Published_ 17 March 2023
၁။ သင်္ကြန်ကာလမန္တလေး၊ ပုဂံနှင့်မြောက်ဦးယဉ်ကျေးဇုန်များ၊ ပျူမြို့ဟောင်းများဖွင့်လှစ်ထားမည်၊ ပြတိုက်များပိတ်မည်
၂။ ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၉ သောင်းနီးပါး ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်မရှိ
၃။ သင်္ကြန်ကာလအိမ်ခြံမြေအရောင်းအဝယ်အေးမည်၊ သင်္ကြန်ပြီးမှအရောင်းအဝယ်ပြန်ဖြစ်မည်ဟုဆို
၄။ ဒေါင်ဖန်မော်တော်ယာဉ်ထုတ်လုပ်ရေးမှ ကားမော်ဒယ်လ်အချို့ကို လျှော့ဈေး(၄၀)ရာခိုင်နှုန်းကျော်လျှော့ချပြီး ဆွဲဆောင်မှုများလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 17 March 2023
ရန်ကုန်မြို့မှာ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ လုယက်မှုခင်းတချို့ကြောင့်တက္ကစီအငှါးယာဉ်မောင်းနဲ့ခရီးသည်တွေအကြားမှာ လုံခြုံရေးအာမခံချက်မရှိသလို ဖြစ်နေတယ်လို့ တက္ကစီယာဉ်မောင်းတချို့က ပြောပါတယ်။
#Local_News #ဒုစရိုက်မှု #ခရီးသည်နှင့်ယာဉ်မောင်း #ယုံကြည်မှုပျက်ပြား #YMG #Yangon_Media_Group
#Local_News
Published-17 March 2023
ကိုရီးယားသမ္မတနိုင်ငံရှိ ကိုရီးယားသမ္မတနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် ကျွမ်းကျင်ဂဟေ လုပ်သားများအဖြစ် E-7-3 ဗီဇာဖြင့် မြန်မာဂဟေလုပ်သား ၃၃ဦးကို ဒုတိယအကြိမ်အဖြစ် မတ်လ ၁၇ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။
ယခုအကြိမ်စေလွှတ်ခဲ့ခြင်းမှာ ဒုတိယမြောက်အကြိမ်ဖြစ်ပြီး Samsung Heavy Industries တွင် လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သားများရောက်ရှိခဲ့ရာတွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိမှ ကြိုဆို၍လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မတ်လ ၁၂ ရက်ကလည်း မြန်မာအလုပ်သမားများအား ကျွမ်းကျင်ဂဟေလုပ်သားများအဖြစ် E-7-3 ဗီဇာဖြင့် Samsung Heavy Industries တွင် လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သား ၁၇ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
#ymg/mt #Local_News #ဂဟေလုပ်သား #ကိုးရီးယား #ထပ်မံစေလွှတ် #YMG #Yangon-Media-Group
Page 1531 of 2351