#Local_News
Published_ 17 March 2023
ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တရုတ်ကြားဝင်ဆောင်ရွက်ပေးမှုကို FPNCC ကြိုဆိုထောက်ခံကြောင်း မတ်လ (၁၅) ရက် မှ (၁၆) ရက်ထိ “ဝ”ပြည်နယ်၊ ပန်ခမ်းမြို့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) လုပ်ငန်းအစည်းအဝေး အပြီးတွင် FPNCC က ထုတ်ပြန်လိုက်သည်။
FPNCC အဖွဲ့ဝင် (၇) ဖွဲ့ဖြစ်သော “ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်လွတ်လပ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်း/ရှေ့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး(PSLF) တို့မှ ခေါင်းဆောင်များ က အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်း အစည်းအဝေးတွင် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆကြောင်း၊ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်စေရန် ပေးခဲ့သော နှောင်ကြိုးမဲ့အကူအညီများ အပေါ်လည်း တရုတ်အစိုးရကို ကျေးဇူးအထူးတင်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင်လည်း FPNCC အနေဖြင့် တရုတ်အစိုးရနှင့် ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေး၊ လူမှုရေးနှင့် လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းနှင့် တခြားသော ကဏ္ဍအသီးသီး၌လည်း ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
#ymg/mt #Local_News #ပဋိပက္ခ # FPNCC #YMG
#Yangon_Media_Group
#Local_News
Published_ 17 March 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊(၇)စျေးလမ်းမကြီးပေါ်တွင် မတ် ၁၆ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
မတ်လ ၁၇ ရက်နေ့ ၈ နာရီခန့်က သာကေတမြို့နယ်၊ (၇)စျေးလမ်းမကြီးပေါ်ရှိ အ.ထ.က(၂)ရှေ့တွင် Taxi တစ်စီးမှလမ်းဘေးတွင် ရပ်ထားသည့်ကားအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သည်။
ဝင်တိုက်မိသည့် အရှိန်ကြောင့် Taxi ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ ညပ်နေသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ထုတ်ပေးခဲ့ကြပြီးနောက် ဦးခေါင်းကွဲနှင့် ခန္ဓာကိုယ်တွင် ပွန်းပွဲဒဏ်ရာများရရှိထားသဖြင့် မြေပြင်ကုသမှုများ ပြုလုပ်ပေးခဲ့ကြသည်။
ဒဏ်ရာရှိသူယာဉ်မောင်းအား ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/ppk #Local_News #သာကေတ #ကားအတွင်းညပ် #YMG
#Yangon-Media-Group
#Local_News
Published_ 17 March 2023
EV လျှပ်စစ်ကားမှာပါဝင်တဲ့ အားသိုလှောင်စနစ်ဟာ အား ၁၀၀ ရာခိုင်နှုန်းအပြည့်သွင်းပြီးရင် မိသားစုငါးယောက်ရှိတဲ့ နေအိမ်တစ်လုံးကို လျှပ်စစ်မီးငါးရက်ပေးနိုင်တယ်လို့ EV Myanmar Group မှ ကိုကျော်ကျော်ထွန်း က ymg ကို ပြောပါတယ်။
#Local_News #EV လျှပ်စစ်ကား #အင်ဗာတာ
#YMG #Yangon_Media_Group
#Local_News
Published-17 March 2023
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းရှိ နေအိမ်တစ်လုံးတွင် မြေအဘွား နှစ်ဦးတည်းရှိချိန် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းက သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၇ရက် နံနက် ၁၀ နာရီ ၄၉ မိနစ်ခန့်က အခြားမိသားစုဝင်များ အလုပ်သွားစဉ် နေအိမ်၌ မြေးအဘွား ၂ယောက်တည်းရှိနေချိန် မီးလောင်မှုဖြစ်ခဲ့ခြင်း ဖြစ်သည်။
"မီးလောင်တဲ့အချိန်က အိမ်မှာရှိတဲ့ မိသားစုဝင်တွေက အလုပ်သွားကြတာ။ မြေးအဘွား ၂ယောက်တည်းရှိတဲ့အချိန်ပေါ့။ မီးလောင်တော့ မြေးအဘွား ၂ ယောက်ကို ဘေးအိမ်တွေကခေါ်ထားတယ်"ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းက သိရသည်။
မီးလောင်ပြင်သို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့၍ နံနက် ၁၁နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ပြီး ယင်းမီးလောင်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်းလည်း သိရသည်။
#ymg/tthl #Local_News #မရမ်းကုန်း #နေအိမ်မီးလောင်မှု #ဒဏ်ရာရရှိ #YMG #Yangon-Media-Group
#Local_News
Published_ 17 March 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုချက်ထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ(၂၀)ကို လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း သိရသည်၊၊
Myanmar National Airlineကုမ္ပဏီ၏ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်အပါအဝင် စုစုပေါင်းကုမ္ပဏီ(၂၀)၏ လိုင်စင်များကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်၊၊
အဆိုပါကုမ္ပဏီ(၂၀)သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ဒါရိုက်တာအဖွဲ့အစည်းအဝေးအမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ မတ်လ(၁၄)ရက်မှစပြီး လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl #Local_News #MNA #Money Changer #လိုင်စင်များရုပ်သိမ်း #YMG #Yangon_Media_Group
#Local_News
Published_ 17 March 2023
Ev myanmar group မှ တင်သွင်းသည့် တရုတ်နိုင်ငံထုတ် E2BYD ကားများကို အခမဲ့စမ်းသပ်စီးနင်းမောင်းနှင်မှုကို ရန်ကုန်မြို့လသာလမ်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။
“မတ်လကုန်အထိ စမ်းသပ်နိုင်အောင်စီစဉ်ထားပေမယ့် လာရောက်စမ်းသပ်မောင်းနှင်တဲ့သူအရေအတွက်ကို ကြည့်ပြီးရက်တွေပြောင်းလဲသတ်မှတ်သွားမှာပါ”ဟု Ev myanmar group မှ တာဝန်ခံက ပြောသည်။
လျှပ်စစ်ကားစီးနင်းခြင်းကြောင့် ရေရှည်ကုန်ကျစရိတ်သက်သာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့ချခြင်းတို့ကို ပညာပေးဆွေးနွေးပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
#ymg/ppk #Local_News #ရန်ကုန် #လျှပ်စစ်ကား #အခမဲ့စမ်းသပ်မောင်းနှင် #YMG #Yangon-Media-Group
#Local_News
Published_ 17 March 2023
မတ် ၁၆ ရက်ည၁၀နာရီဝန်းကျင်လောက်ကရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရေတွင်းကုန်းရပ်ကွက်ရှိ ရေမြောင်းတစ်ခုအတွင်းအမျိုးသားတစ်ဦး ခြေနှစ်ချောင်းထောင်၍သေဆုံးနေကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးဟာယခင်က ဆိုက်ကားနင်းသူတစ်ဦဖြစ်ပြီး သေဆုံးစဉ်ပြင်ပဒဏ်ရာမတွေ့ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအားမင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။
#ymg/ynzw #Local_News #မင်္ဂလာတောင်ညွှန့် #ရေမြောင်းထဲကျ
#YMG #Yangon_Media_Group
Page 1532 of 2351