#Local_News
Published_ 15 May 2023

မကွေးတိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရေမျောအဖိုးအိုနှင့် သစ်ပင် နေအိမ်ပိသူများအပါအဝင် သဘာဝဘေးကြုံတွေ့သူများအား မြန်မာနိုင်ငံကြက် ခြေနီအသင်းမှကူညီကယ်ဆယ်ခဲ့ကြောင်းသိရသည်၊၊

၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့က မကွေးတိုင်းဒေသကြီးတွင်းသို့ ဆိုင်ကလုံးမုန်တိုင်းမိုခါဝင်ရောက် ခဲ့မှုကြောင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုအား မြို့နယ်အသီးသီးရှိ ကြက်ခြေနီစေတနာ လုပ်အားရှင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း လုပ်ငန်း များကို ကူညီဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်၊၊

ဆင်ဖြူကျွန်းမြို့၊ ရမ်းဘိုကုန်းရွာတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ၍ သစ်ပင်ပေါ်တွင် နေရသော သားအမိ (၂) ဦးအား ဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ပေးခဲ့ကြောင်း၊အလားတူ စကုမြို့တွင် မိုခါတိုက်ခတ်မှုကြောင့် အသက် (၈၂) နှစ်အရွယ်ယာခင်းစောင့် အဖိုးအိုတစ်ဦး မန်ချောင်းရေလည်သို့ မျောပါသွားရာ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ သွားရောက်ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထုတ်ပြန်ထားသည်၊၊
ymg/tthl
#Local_News #မကွေးတိုင်း #မုန်တိုင်းမိုခါ # ရေမျောအဖိုးအို #ကူညီကယ်ဆယ်
#YMG #Yangon_Media_Group