#Local_News
Published_ 15 May 2023


ဆိုက်ကလုန်းမုန်တိုင်းမိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၇)ခုအား သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် နစကမှမေလ(၁၅)ရက်တွင်ကြေညာလိုက်ကြောင်း သိရသည်၊၊

အဆိုပါမြို့နယ်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ၁၁အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ကြေညာလိုက်ခြင်းဖြစ်သည်၊၊

သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊မာန်အောင်၊ရမ်းဗြဲ၊အမ်း၊စစ်တွေ၊ပေါက်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ဂွ၊တောင်ကုတ်၊သံတွဲ၊မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊မင်းပြား၊မြောက်ဦး၊မြေပုံမြို့နယ်များပါဝင်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ရခိုင်ပြည်နယ် #သဘာဝဘေးအန္တရာယ် #မြို့နယ်(၁၇)ခု #ကျရောက်သောဒေသမျာ #YMG #Yangon_Media_Group