#Local_News
Published_ 15 May 2023

အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော်နိုင်ငံခြားငွေအထက်ပမာဏအား ပြည်ပသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက အခွန်ထမ်းအသစ်ဖြစ်ပါက ပြည်တွင်းအခွန်များဦးစီးဌာနမှထုတ်ပေးထားသည့် အခွန်ထမ်းမှတ်ပုံတင်လက်မှတ် အထောက်အထားတင်ပြရမှာဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာမှထုတ်ပြန်ထားသည်။

ဒါ့အပြင်အတိုး၊လိုင်စင်၊ကုန်အမှတ်တံဆိပ် ၊ ခိုင်ကြေး ၊ မူပိုင်ခွင့်အတွက်ပေးချေငွေ ၊ ၀န်ဆောင်ခပေးချေငွေ အမျိုးအစားဖြစ်ပါက Withholding Tex နုတ်ယူပေးသွားထားပြီးဖြစ်ကြောင်း သို့မဟုတ် အခွန်ကျသင့်ခြင်းမရှိကြောင်း သက်ဆိုင်ရအခွန်ရုံးမှထုတ်ပေးထားအထောက်အထား များကိုတင်ပြရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်သို့ပေးဆောင်ရမည့် အခွန်အကောက်များ အပြေကြေပေးဆောင်ထားပြီးခြင်းရှိ/မရှိ၊ အခွန်စာရင်းရှင်းထားမူတို့ကို ဆောင်ရွက်ထားခြင်းရှိမရှိ ကို မေလ ၁ရက်နေကစပြီး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များက စိစစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။
ymg/ynzw
#Local_News #အမေရိကန်ဒေါ်လာ #ပြည်ပသို့လွှဲပြောင်းရာတွင်အခွန်ပေးဆောင်မူပြေစာ
#YMG #Yangon_Media_Group