#Local_News
Published_ 14 March 2023
၂၀၂၄ ဇန်နဝါရီလလောက်မှာ ဒလတံတားအပြီး တည်ဆောက်မယ်ဆိုတဲ့ သတင်းများကြောင့် ဒလမြေဈေးများ မြင့်တက်နေပြီး ဒလမြို့ရဲ့ကျေးရွာမြေဈေးများလည်းမြင့်တက်နေတယ်လို့ ဒေသခံတွေက YMG ကို ပြောပါတယ်။
#Local_News #ဒလ #ကျေးရွာမြေ #မြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published-14 March 2023
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) တည်ဆောက်ရေး စီမံကိန်းအဆင့်မြှင့်တင်မှုကြောင့် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်ကို ယခုရက်ပိုင်းအတွင်း အချို့နေ့ရက်များတွင် ခေတ္တပိတ်ထားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည်။
ဒလတံတားတည်ဆောက်ရေးစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမည့် သံမဏိယက်မများ တပ်ဆင်ချိန်၌ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်းလမ်းနှင့် အလုံမြို့နယ် စံပယ်လမ်းထိပ်ကြား အပိုင်းအား မတ် ၁၈၊ ၁၉၊ ၂၃၊ ၂၅၊၂၆၊၂၇ ရက်တို့တွင် ခေတ္တပိတ်ထားမည်ဟု ကြေညာထားသည်။
ယာယီလမ်းပိတ်ထားစဉ်အတွင်း ဆိပ်ကမ်းတံတားများသို့ဝင်ရောက်မည့် ကုန်သေတ္တာကားများ၊ ကုန်သေတ္တာယာဉ်များ အနေဖြင့် အဆိုပါနေ့ရက်များတွင် ကမ်းနားလမ်းကို အသုံးပြု၍ ဝင်/ထွက် သွားလာကြရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အသိပေးထားသည်။
မြန်မာ- ကိုရီးယားချစ်ကြည်ရေး ( ဒလတံတား ) တည်ဆောက်နေမှုမှာ ၅၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်မည်ဟု ပြီးခဲ့သည့်လက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ymg/ppk #Local_News #တံတားစီမံကိန်း #ခေတ္တပိတ်ထား #YMG
#Yangon_Media_Group
#Local_News
Published_ 14 March 2023
ဧရာဝတီတိုင်းဒေသကြီးရှိ မြောင်းမြနှင့်ဇလွန်မြို့များတွင် မတ်လ(၁၄)ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရ သည်၊၊
မြောင်းမြမြို့တွင် ၂၀၁၁ ခုနှစ်မတ်လ ၁၇ ရက်က ၁.၄၂ လက်မဖြင့် မိုးရေချိန်စံချိန်တင်ခဲ့ပြီး စခန်းဖွင့်ချိန်မှနှစ်ပေါင်း(၄၇)နှစ်အကြာ ယခု ၂၀၂၃ ခုနှစ်မတ်လ (၁၄)ရက်၌ မိုးရေချိန်၄.၀၂လက်မဖြင့် မိုးရေချိန်စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်၊၊
ဇလွန်မြို့တွင်လည်း ၂၀၁၁ ခုနှစ်မတ်လ ၁၆ ရက်က ၁.၀၆ လက်မဖြင့် မိုးရေချိန်စံချိန်တင်ခဲ့ပြီး စခန်းဖွင့်ချိန်မှနှစ်ပေါင်း(၄၇)နှစ်အကြာ ယခု ၂၀၂၃ခုနှစ်မတ်လ (၁၄)ရက်၌ မိုးရေချိန်၂.၀၉လက်မဖြင့် မိုးရေချိန်စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်၊၊
မတ်လ (၁၉)ရက်မှ (၂၄)ရက်အထိ ဧရာဝတီတိုင်းအပါအဝင် ပဲခူးတိုင်း၊ရန်ကုန်တိုင်းနဲ့ဒေသအချို့မှာအချိန်အခါ မဟုတ်မိုးရွာသွန်းတာ၊မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာတွေရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ကို ထပ်မံထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်၊၊
#ymg/tthl #Local_News #မြောင်းမြနှင့်ဇလွန် #မိုးသည်းထန်
#YMG #Yangon_Media_Group
#Local_News
Published_ 14 March 2023
ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party (S.S.P)] နှင့် လူထုပါတီ (The Party for People) တို့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောကြောင့် ပါတီမှတ်ပုံတင်လာရောက်လျှောက်ထားခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
မတ်လ ၁၄ ရက်နေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၁၆ ပါတီဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃အရ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၅ ပါတီနှင့်ပုဒ်မ ၂၅အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၁၆ ပါတီရှိပြီး စုစုပေါင်း၂၁ ပါတီရှိပြီး ယင်းပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားပါသည်။
#ymg/ynzw #ရှမ်းနီ(တိုင်းလျန်) #လူထုပါတီ #မှတ်ပုံတင်လျှောက်ထား #YMG #Yangon_Media_Group
#Local_News
Published-14 March 2023
မတ်လ ၁၃ ရက်နေ့ ညနေ ၄နာရီချိန်ခန့်က ၊ မြိတ်မြို့နယ်ကျောက်ဖျာကျေးရွာရှင်ကဇိန်ဝင်းအတွင်း မြေဝင်ချသည့်ကား ဂျိုက်မချဘဲ ပြန်ထွက်လာရာ မုခ်ဦးနှင့်ငြှိပြီးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဖြူစင်မေတ္တာအသင်းမှ သိရသည်။
"ကျောင်းထဲမှာလမ်းလုပ်နေတာ၊ မြေဝင်ချတဲ့ကားပါ၊ ပြန်အထွက်မှာ ဂျိုက်မချဘဲမောင်းထွက်လာတာ၊ မုခ်ဦးနဲ့ငြှိပြီး မုခ်ဦးပြိုကျတာ ပိပြီးသေတာပေါ့ဗျာ"ဟု ဖြူစင်မေတ္တာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦး ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူ ကျွန်းစုမြို့နယ် ၊ ကတ်တလူကျေးရွာနေ ချမ်းငြိမ်းအောင် (၂၅)နှစ် ခန့်မှာသေဆုံးခဲ့ပြီး ၊ ရုပ်အလောင်းအား ၅/100 ဆေးရုံသို့ ဖြူစင်မေတ္တာပရဟိတအသင်းမှကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/ppk #Local_News #မုခ်ဦးနှင့်ငြှိပြီးပြိုကျ #ယာဉ်မောင်းသေဆုံး #YMG #Yangon_Media_Group
#Local_News
Published-14 March 2023
နစကလက်ထက် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ရရှိထားသော လျပ်စစ်ကားများဆက်တိုက်တင်သွင်းလာရာ ယခုတစ်ပါတ်အတွင်းကားသစ် ၅၃ စီး ပြည်တွင်းသို့ရောက်ရှိလာကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးနှင့် Grand SiriusCo.,Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ် (၃၈) စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၅၃) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။
ယခင်လအတွင်း စတင်ကာနယ်စပ်နှင်ပင်လယ်ရေကြောင်း နှစ်ခုစလုံးမှလျှပ်စစ်ကားသစ်များ တင်သွင်းနေပြီး တင်သွင်းသည့်ကုမ္ပဏီများမှအားသွင်းနေရာများ ရန်ကုန်တွင် တည်ဆောက်နေကြောင်း သိရသည်။
#ymg/ppk #Local_News #လျှပ်စစ်သုံးမော်တော်ယာဉ် #ထပ်မံရောက်ရှိ #YMG #Yangon_Media_Group
#Local_News
Published-14 March 2023
ဖေဖော်ဝါရီလအတွင်း ပြည်ပနိုင်ငံများသို ဆန်/ဆန်ကွဲတန်ချိန် (၁.၉) သိန်းခန့်သာ တင်ပိုနိုင်ခဲ့ပြီး ဇန်နဝါရီလထက် တင်ပို့နိုင်မှု တန်ချိန် ခုနှစ်သောင်းခွဲကျော် (၇၇၄၃၁ တန်) ကျဆင်းသွားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထုတ်ပြန်သော အချက်အလက်တွေအရ သိရသည်။
ဆန်တင်ပို့မှုပမာဏ ကျဆင်းသွားတာကြောင့် ပို့ကုန်တင်ပို့မှုရရှိတဲ့ နိုင်ငံခြားငွေရရှိမှုလည်း ကျဆင်းသွားခဲ့ရပြီးတော့ ဖေဖော်ဝါရီလမှာ ဆန်/ဆန်ကွဲတင်ပို့မှုကနေ ကန်ဒေါ်လာ (၇၆) သန်းသာ ရရှိခဲ့လို့ ဇန်နဝါရီလမှာ ရရှိခဲ့တဲ့ ပိုကုန်ဝင်ငွေထက် ကန်ဒေါ်လာ ၃၁ သန်းအထိ ကျဆင်းသွားခဲ့ကြောင်း ဆန်စပါးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။
MRF ရဲ့ ဖော်ပြချက်အရ ပင်လယ်ရေကြောင်းကတစ်ဆင့် ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှု ကျဆင်းသွားခြင်းကြောင့် ပို့ကုန်ဝင်ငွေရရှိမှု လျော့နည်းသွားခြင်းဖြစ်ပြီး ဇန်နဝါရီလထက် တန်ချိန် (၈၅၀၀၀) ခန့် ကျဆင်းသွားခဲ့တယ်လို့ ဆိုသည်။
မြန်မာ့ဆန်/ဆန်ကွဲ ဝယ်လိုအားအများဆုံး နိုင်ငံအဖြစ် တရုတ်နိုင်ငံက ရပ်တည်နေပြီးတော့ ဖေဖော်ဝါရီ အချက်အလက်အရ တရုတ်က ဆန်တန်ချိန် ၄ သောင်းခွဲ နဲ့ ဆန်ကွဲတန်ချိန် ၆ သောင်းခွဲခန့် ဝယ်ယူတင်သွင်းထားသည်။
ယခုဘဏ္ဍာနှစ် ဧပြီလကနေ ဖေဖော်ဝါရီလအထိ (၁၁) လအတွင်း MRF ရဲ့ ရည်မှန်းချက်ဖြစ်သောတန်ချိန် (၂) သန်းကို ကျော်လွန်သွားခဲ့ပြီး ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၇၈၂) သန်းအထိ ရရှိကြောင်း သိရသည်။
#Local_News # ဆန်တင်ပို့မှု #ကျဆင်း
#YMG #Yangon_Media_Group
Page 1539 of 2351