#Local_News
Published_ 10 May 2023
ရေကြီးရေလျှံဖြစ်ချိန်နဲ့ သဘာဝဘေးကြုံတွေ့ရချိန်တွေမှာနေအိမ်တွေရှိ(၅)ဂါလန်ဆံ့ ပလပ်စတစ်ပုံးတွေနဲ့ ရေသန့်ဗူးလွတ်တွေဟာ အသုံးဝင်တဲ့အတွက် နေအိမ်တွေမှာအသင့်ဆောင်ထားသင့်တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်၊၊
#Local_News #ပလတ်စတစ်ပုံး #ရေသန့်ဗူးလွတ် #သဘာဝဘေးကြုံချိန်
#YMG #Yangon_Media_Group
#Daily_News
Published_ 10 May 2023
၁။ (၅)ဂါလန်ဆံ့ ပလတ်စတစ်ပုံးနှင့် ရေသန့်ဗူးလွတ်များသည် သဘာဝဘေးကြုံချိန်တွင်အသုံးဝင်၍ အသင့်ဆောင်ထားသင့်ဟုဆို
၂။ မြန်မာတွင် မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်လူနာသစ် ၂၁၁ ဦးထပ်တိုးတွေ့ရှိ
၃။ ယခုနှစ်ဧပြီလမှာ ဆန်နဲ့ဆန်ကွဲတန်ချိန် ၈၇၀၀၀ ကျော်တင်ပို့နိုင်
၄။ ဟောင်ကောင်ဝါးငြမ်းဆောက်လုပ်ရေးကို ရှေးဟောင်းနည်းပညာဖြင့်ထိန်းသိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 10 May 2023
အသက်(၅)နှစ်ပြည့်ကလေးငယ်တွေကို သူငယ်တန်း (KG)ကနေစတင်အပ်နှံနိုင်သလို အသက်(၆)နှစ်ပြည့်ကလေးငယ်တွေကိုလည်း ပထမတန်း(Grade-1)ကနေစပြီး အပ်နှံနိုင်ပြီဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းမှ သိရပါတယ်၊၊
#Local_News #သူငယ်တန်း(KG) #အသက်(၆) နှစ်ပြည့်ကလေး #ပထမတန်း(Grade-1)
#YMG #Yangon_Media_Group
#Local_News
Published_ 10 May 2023
ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံကပါဝင်ယှဉ်ပြိုင်နေပြီး မေလ(၁၀)ရက်နေ့မှာ ပိုက်ကျော်ခြင်းအားကစားနဲ့ မြန်မာကရွှေတံဆိပ်နှစ်ဆုထပ်မံရရှိခဲ့ပြီး ရွှေတံဆိပ်စုစုပေါင်း (၁၃)ဆုရရှိထားပြီဖြစ်သည်ဟု သိရသည်၊၊
(၁၀.၅.၂၀၂၃) ရက်နေ့၊ ပိုက်ကျော်ခြင်း (ကွင်းသွင်းခြင်း-အမျိုးသား) အားကစားနည်းဗိုလ်လုပွဲပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၆၈၀)မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းမှ ပထမ( ရွှေ တံဆိပ်ဆု) ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်၊၊
ယင်းအပြင်(၁၀.၅.၂၀၂၃) ရက်နေ့၊ ပိုက်ကျော်ခြင်း (ကွင်းသွင်းခြင်း-အမျိုးသမီး) အားကစားနည်းပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၇၅၀)မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းမှ ပထမ( ရွှေ တံဆိပ်ဆု)ထပ်မံရရှိခဲ့ကြောင်း သိရသည်၊၊
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ပီတန်း၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်၊ ခွန်ခမာအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့သည်၊၊
အဆိုပါ ပြိုင်ပွဲများတွင် ခြင်းလုံးအားကစားနည်းမှ အမျိုးသား ကွင်းသွင်းခြင်း (Hooptakraw) ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊
မေလ(၁၀)ရက်တွင် နေ့လည်ပိုင်း၌ဝူရှူးအားကစားနည်းမှ သွေ့လျန် (အမျိုးသမီး) အတွဲအတိုက်ပြိုင်ပွဲတွင် မစန္ဒီဦးနှင့် မအေးသစ္စာမြင့်က ဒုတိယ ငွေတံဆိပ်ဆုကို လည်းကောင်း၊ ခွန်ခမာအားကစားနည်းမှ အမျိုးသမီး(၄၈)ကီလို ပြိုင်ပွဲတွင် မမေသဇင်ထူးက ဒုတိယ ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ဝူရှူးအားကစားနည်းမှ နန်းချွမ်(အမျိုးသမီး) တောင်ပိုင်းလက်သိုင်း ပြိုင်ပွဲတွင် မအေးသစ္စာမြင့်က တတိယကြေးတံဆိပ်ဆုကိုလည်းကောင်း ဆုများ အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မေလ(၉)ရက်အထိ စာရင်းတွေအရမြန်မာနိုင်ငံမှ ရွှေတံဆိပ်(၁၁) ခု၊ ငွေတံဆိပ်(၈)ခု နှင့် ကြေးတံဆိပ် (၂၈)ခု စုစုပေါင်း ဆုတံဆိပ်( ၄၇)ခု ဆွတ်ခူးရရှိထားပြီးဖြစ်ပြီး မေလ(၁၀)ရက်နေ့လည်ပိုင်းအချိန်အထိ ရွှေ(၂)ဆု၊ ငွေ(၂)ဆု၊ကြေး(၁)ဆုတိုးခဲ့ကြောင်းသိရသည်၊၊

#ymg/tthl #Local_News #ဆီးဂိမ်း #ပိုက်ကျော်ခြင်းအားကစား
#YMG #Yangon_Media_Group
#Local_News
Published_ 10 May 2023
ပြည်တွင်းဈေးကွက်မှာ လှောင်လက်သမားတွေ ဝယ်လိုအားကောင်းနေတဲ့အတွက် ကြက်သွန်နီဈေးနှုန်း တစ်ရိပ်ရိပ်တက်နေတယ်လို့ ကုန်သည်တွေကတစ်ဆင့် သိရသည်။
လက်ရှိအချိန်ဟာ ဆောင်းကြက်သွန်နီ(အပင်စိုက်)တွေ လှိုင်လှိုင်ပေါ်ထွက်နေချိန် ဈေးကွက်ထဲသို့ အလုံးအရင်းဝင်ရောက်မှုရှိသလို လှောင်လက်သမားတွေကလည်း ရသလောက်ဝယ်ယူမှုရှိကြောင်း သိရသည်။
မန္တလေးဈေးကွက်မှာ မင်းဘူး၊ ပခုက္ကူက ထွက်ရှိတဲ့ ကြက်သွန်နီဈေးကောင်းလာပြီး ဧပြီလနောက်ဆုံးအပတ်က တစ်ပိဿာ ၁၈၀၀ ကျပ်ရှိခဲ့ပေမယ့် လက်ရှိ ကျပ် ၂၂၀၀ ထိ ပွဲရုံမှာပေါက်ဈေးရှိလာကြောင်း ကုန်သည်တွေက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေနံချောင်းနဲ့ မင်းဘူးမြို့နယ်တွေမှာ ကြက်သွန်နီကို အများဆုံးစိုက်ပျိုးပြီး သင်္ကြန်ကာလပြီးနောက်ပိုင်း အဆိုပါဒေသထွက် ကြက်သွန်နီဈေးတွေ မြင့်တက်လာခြင်းဖြစ်သည်။
#ymg/ppk #Local_News #ကြက်သွန်နီဈေးတက်လာ
#YMG #Yangon-Media-Group
#Local_News
Published_ 10 May 2023
တရုတ်-မြန်မာနိုင်ငံတကာ ရထားလမ်းကြောင်းတွင် အင်တာနက်လွှမ်းခြုံမှု စီမံကိန်းစတင်တည်ဆောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်၊၊
အင်တာနက်လွှမ်းခြုံမှုစီမံကိန်း တည်ဆောက်ပြီးစီးပြီးနောက် အဆိုပါလမ်းပိုင်း၌ ရထားပြေးဆွဲဝန်ဆောင်မှုအဆင့်အတန်းအားများစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊
သံရုံးထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ တာလီ-ရွှေလီရထားလမ်းသည် တရုတ်-မြန်မာနိုင်ငံတကာ ရထားလမ်းကြောင်း၏ အရေးပါဖွဲ့စည်းပုံအစိတ်အပိုင်းဖြစ်ကြောင်း၊ မေလ ၈ ရက်နေ့တွင် တာလီ-ရွှေလီရထားလမ်း၏ တာလီ-ပေါင်စန်းလမ်းပိုင်း အင်တာနက်လွှမ်းခြုံမှုစီမံကိန်းအတွက် ပထမဆုံးညဘက်လမ်းပိတ်တည်ဆောက်မှုလုပ်ငန်းကိုစတင်ခဲ့ကြောင်း၊
ဝန်ထမ်းဦးရေဆယ်ချီသည် လိုဏ်ခေါင်းအတွင်းဝင်ရောက်၍ လမ်းကြောင်းတိုင်းတာခြင်းနှင့် အပေါက်ဖောက်ခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ရာ တာလီ-ရွှေလီရထားလမ်း တာလီ-ပေါင်စန်းလမ်းပိုင်း အင်တာနက်လွှမ်းခြုံမှုစီမံကိန်းသည် ဘက်စုံစတင်ဖော်ဆောင်သည့်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ဖော်ပြနေကြောင်း၊
အဆိုပါ စီမံကိန်းတွင် လိုဏ်ခေါင်း ၂၁ ခု စုစုပေါင်းအရှည် ၁၀၃.၆၈ ကီလိုမီတာရှိသည့် China Mobile ၊ China Unicom 4G/5G အင်တာနက် Signal လွှမ်းခြုံမှု၊ ၁၃၃.၆၆ ကီလိုမီတာရှိသည့် လမ်းကြောင်းတစ်လျှောက် ပို့ဆောင်ရေးစီမံကိန်းစသည်တို့ ပါဝင်ကြောင်းဖော်ပြပါရှိသည်၊၊

#ymg/tthl #Local_News #တရုတ်-မြန်မာ #အင်တာနက်လွှမ်းခြုံမှုစီမံကိန်း
#YMG #Yangon_Media_Group
#Local_News
Published_ 10 May 2023
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင်ဒေသ(၁၅)ခု၌ မေလ(၁၁)ရက်မှ မေလ(၁၅)ရက်အထိ(၅)ရက်တိုင်တိုင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊
အဆိုပါမိုးကြီးမည့်အကြောင်းကို မေလ(၁၀)ရက်နေ့လည်ပိုင်းတွင် ထုတ်ပြန်သော အားကောင်းသောမုန်တိုင်းငယ် သတိပေးချက် အမှတ်စဉ်(၀၃/၂၀၂၃) တွင်ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်၊၊
အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် (၁၁.၅.၂၀၂၃) ရက်နေ့မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်၊၊
လတ်တလောမေလ(၁၀)ရက်တွင် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေ အနေမှာဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကြောင်း (၁၁.၅.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)အဖြစ်သို့လည်းကောင်း၊ (၁၂.၅.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ပါသည်။
ထို့နောက် (၁၃.၅.၂၀၂၃)ရက်နေ့တွင် မြောက်- အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ အားအနည်းငယ်လျော့သွားနိုင်ပြီး၊ (၁၄.၅.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်၊၊
#ymg/tthl #Local_News #မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့်မိုးကြီးနိုင်
#YMG #Yangon_Media_Group
Page 1542 of 2475