#Local_News
Published _ 18 october 2022
လက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ Down town မြို့နယ်တွေဖြစ်ကြတဲ့ ဗိုလ်တထောင်၊ ပုစွန်တောင်၊ ကျောက်တံတား၊ လမ်းမတော်နဲ့ လသာ စတဲ့မြို့နယ်တွေမှာ အိမ်အဌားတွေပိုများလာတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_18 October 2022
ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (PPST) က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ၂၀၂၂ ခုနှစ် မကုန်မီ တွေ့ဆုံမှာ ဖြစ်တယ်လို့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_18 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကိုရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၁ ဒသမ ၈၃ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 18 October 2022
၁။ ၆ လကျော်အတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ၃၆၁ ဒသမ ၈၃ သန်းရရှိထား
၂။ ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲများနှင့် ယခုနှစ်မကုန်မီ တွေ့ဆုံမည်ဟုဆို
၃။ ရန်ကုန်ရှိ Down Town မြို့နယ်များတွင် အိမ်အဌားများ ပိုများလာဟုဆို
၄။ ဆိုလာပြားများအောက် စိုက်ပျိုးထားသည့် ပဲပိစပ်များအား ပေါင်းစပ်ကောက်ရိတ်စက်ဖြင့်ရိတ်သိမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-18 October 2022
လက်ရှိရွှေဈေးကွက်အတွင်းမှာ ဒေါ်လာဈေးတွေငြိမ်နေတာကြောင့် ရွှေအရောင်းအဝယ်မှာလည်း အရောင်းအေးနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့် ကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_18 October 2022
ရန်ကုန်ဆိပ်ကမ်းတွင် စက်သုံးဆီတင်သင်္ဘောငါးစီး အပါအဝင် စုစုပေါင်း သင်္ဘော ၂၃ စီး ဆိုက်ကပ်ကာ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်နေကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်ဆိပ်ကမ်း၌ ကွန်တင်နာတင်သင်္ဘောနှစ်စီး၊ အထွေထွေကုန်စည်တင် သင်္ဘော ၁၅ စီး၊ စက်သုံးဆီတင်သင်္ဘောငါးစီးနှင့် စားသုံးဆီသင်္ဘောတစ်စီးတို့ ပါဝင်ပြီး သင်္ဘောစုစုပေါင်း ၂၃ စီး ဆိုက်ကပ်ကာကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။
ကုန်သေတ္တာတင်သင်္ဘောများဖြင့် ဓာတ်မြေဩဇာအမျိုးမျိုး၊ အထည်အလိပ်၊ ဆေးနှင့်ဆေးပစ္စည်း၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်နှင့်ဆက်စပ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကော်စေ့ စသည်တို့ကို တင်သွင်းပြီး ရေထွက်ကုန်၊ ချုပ်ပြီးအဝတ်အထည်၊ ကောက်ပဲသီးနှံထွက်ကုန်၊ သစ်တောထွက်ကုန်နှင့်ရော်ဘာတို့ကို တင်ပို့လျက်ရှိကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ယခုလ(အောက်တိုဘာ) အတွင်း ရန်ကုန်ဆိပ်ကမ်းသို့ဝင်ရောက်သည့်လျာထား ကုန်သေတ္တာတင်သင်္ဘောများအနက် လက်ရှိအချိန်ထိ လျာထားချက်၏ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 18 october 2022
ယနေ့ နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်းတစ်ခုမှာ ဆိုင်ကယ်တစ်စီးအား တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အနက် ကျူးလွန်ခဲ့သည့် မော်တော်ယာဉ်ဘက်မှ တာဝန်ယူဖြေရှင်းပေးသွားမည်ဟု အကြောင်းပြန်လာကြောင်း ကူညီကယ်ဆယ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ်အချိန်က မုံရွာမြို့နယ်၊ မန္တလေးလမ်းပိုင်းရှိ မြေနဲရွာတံတားအနီးမှာ သံဃာပိုင် မော်တော်ယာဉ်တစ်စီးက ဆိုင်ကယ်တစ်စီးကို တိုက်မိကာ မောင်းပြေးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာပဲ ကားပေါ်ပါလာတဲ့ ဘုန်းကြီးက ရပ်ဖို့ပြောတယ်။ ဒါပေမယ့် မောင်းလာတဲ့ ကျောင်းသားက ကြောက်လန့်ပြီး မောင်းပြေးသွားတာလို့ပြောတယ်။ အခုဖြစ်သွားတဲ့အမှုအတွက် အစအဆုံး တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ နစ်နာသူတွေရဲ့မိသားစုတွေဆီကို ဆက်သွယ်လာပါတယ်" လို့ မုံရွာ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက YMG ကိုပြောသည်။
ဖြစ်စဉ်မှာ မြေနဲရွာတံတားအနီးရှိ နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် နှစ်ယောက်ပိုးစီးလာသော ကလစ်ဆိုင်ကယ်တစ်စီးအား 4w အမျိုးအစား အနက်ရောင်ကားက တိုက်မိပြီးနောက် မြောက်ဘက်(မုံရွာဘက်)သို့ မောင်းထွက်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
Page 1543 of 2079