#Local_News
Published_ 20 September 2022
ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများအဖြစ် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်တွင် ၁၄၇၉ ဦး၊ စက်တင်ဘာလ ၁၅ ရက်တွင် ၈၆၂ ဦးဖြင့် စုစုပေါင်း ၂၃၄၁ ဦးကို ရွေးချယ်ခန့်အပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အသစ်ခန့်အပ်သော သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများအား ကြိုဆိုပွဲအခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာညွန့်ဖေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ထို့ပြင်ဝန်ကြီးက သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများ အနေဖြင့် ပညာရည် မြင့်မားသည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးရမည့် တာဝန်ရှိလာသည်နှင့်အညီ မိမိတို့ကိုယ်တိုင် ပညာအရည်အသွေး၊ အရည်အချင်းများ ပြည့်ဝအောင် အမြဲလေ့လာ သင်ယူနေကြရမယ်လို့ ဆိုပါတယ်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် အသစ်ခန့်အပ်သော သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published -20 Sept 2022
ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာလ ၇ ရက်၊ ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီးဖြစ်သောကြောင့် ယင်းကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူမှုများ ချက်ချင်းပြုလုပ်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်လ်ခမ်ချောင်ဒရီ အား စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခွဲအချိန်က နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)၌ ခေါ်ယူတွေ့ဆုံပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီက ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ပကတိအခြေအနေမှန်ကို ရှင်းလင်းပြောကြား တုန့်ပြန်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲရဲကင်းစခန်းကို မော်တာကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ မော်တာကျည် (၃)လုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း၊အလားတူ စက်တင်ဘာလ (၁၆) ရက် နှင့် (၁၇) ရက်တိုတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာ ရဲကင်းစခန်းကို မော်တာကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ မော်တာကျည် (၉)လုံးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက ရှင်းလင်းပြောကြားခဲ့သည်။
ယင်းကဲ့သို့ နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ ပစ်ခတ်တိုက်ခိုက်နေမှုများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ မြန်မာဘက် တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံ နယ်နိမိတ်အနီး လိုအပ်သည့် လုံခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ သဘောတူညီချက်များနှင့် နိုင်ငံတကာစံနှုန်းများကို လေးစားလိုက်နာ ဆောင်ရွက်ပြီး၊ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှုကို လေးစားကြောင်း၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ်ဘက်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကလည်း အလွန် အရေးကြီးကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 19 September 2022
ကိုဗစ်ပိုးတွေ့သူတွေများပြားလာတဲ့အတွက် မွန်ပြည်နယ်မှာကိုဗစ်နဲ့ပတ်သက်လို့ ကုသနိုင်တဲ့ဆေးရုံ(၃၃)ရုံနဲ့ ကွာရန်တင်းစင်တာ(၂၅)ခုကြိုတင်ပြင်ဆင်ထားတယ်လို့ မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာနန္ဒာဝင်းက ပြောပါတယ်၊၊
#Yangon_Media_Group
Published_ 19 September 2022
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ဖုန်း SIM Card များတွင် အချက်အလက် များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက အပြီးပိတ်သိမ်းမှာ ဖြစ်ပြီး ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမှာ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူ အချိုသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့်အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ယခုအခါ SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်တဲ့ အတွက် သုံးစွဲသူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏မှတ်ပုံတင် (မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တိုကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျ မှတ်ပုံတင်နိုင်ပြီးမှသာ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။
ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများအနေဖြင့်လည်း SIM Card များ ရောင်းချရာနှင့် အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သုံးစွဲသူပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ကတ်များကို အချက်အလက် မှန်ကန်စွာမှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍၊ မမှန်ကန်ပါက မိမိတို အမှန်တကယ် သုံးစွဲနေသော ကတ် များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှု၊ အရောင်းဆိုင်များနှင့် Mobile Shop များတွင် အချက်အလက် မှန်ကန်စွာဖြင့် ပြန်လည်ပြင်ဆင်မှတ်ပုံတင်၍သုံးစွဲကြရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published- 19 September 2022
ပြည်တွင်းမှာ ကိုဗစ်ကူးစက်သူဦးရေ နေ့စဉ်တိုးလာပေမဲ့ လတ်တလောမှာတော့ စာသင်ကျောင်းတွေမှာ ကိုဗစ်-၁၉ စည်းကမ်းချက်နဲ့ ပတ်သက်ပြီး သီးသန့်ညွှန်ကြားချက် ထုတ်ပြန်ထားတာမရှိဘူးလို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 September 2022
လာမယ့်အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံဘက် မုန်တိုင်းဝင်ရောက်နိုင်ခြေရှိတဲ့အတွက် စောင့်ကြည့်ရမယ့်သဘောရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 19 September 2022
ပြီးခဲ့တဲ့အောက်တိုဘာလလောက်ကနေစပြီး ဒလလယ်ယာမြေဈေးကွက်အနေအထားမှာ အတက်ဖက်ကို ပြန်ဦးတည်နေလျှက်ရှိပါတယ်။ ဒေါ်လာဈေးနဲ့ ရွှေဈေးပေါ်မူတည်ပြီး အိမ်နဲ့ခြံဈေးကွက်တွေကလည်း အထိုက်အလျှောက် အပြောင်းအလဲတွေ ရှိနေပါတယ်။
#Yangon_Media_Group
Page 1546 of 2022