#Local_News
Published_ 19 December 2022
အခုနှစ်ကျင်းပမယ့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၊သာကေတမြို့နယ်ရှိ တိုင်းရင်း သားကျေးရွာမှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားဖို့ရှိတယ်လို့ ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 19 December 2022
၁။ ခရစ္စမတ်နားနီးလာလေ အေးလာလေဖြစ်ပြီး ဇန်နဝါရီလတွင် အအေးဆုံးဖြစ်လာနိုင်ဟုဆို
၂။ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ၂၁ သန်းကျော်လျော့ကျ
၃။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုပိုများလာပြီး ဈေးကွက်ရနေသည့် ငွေနှင်းမှို
၄။ အလုပ်ချိန်များလွန်းသည့် ဂျပန်ကျောင်းဆရာများအတွက် အလုပ်ချိန်စနစ်ပြုပြင်ပြောင်းလဲရန်လိုအပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_19 December 2022
ခရီးသည်တွေနဲ့ ပတ်သက်ပြီး သီးသန့်လုံခြုံရေးစီမံချက်ကို ကောင်းမွန်စွာပေးနိုင်ပါက လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြည်ပခရီးသွားဧည့်သည်တွေဟာ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်ဟန်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 December 2022
ရန်ကုန်မြို့၊စိန့်မေရီကာသီဒြယ်ဘုရားကျောင်းတွင် ခရစ်စမတ်အကြိုတရားတော်များပူဇော်ခြင်းနှင့်ခရစ်စမတ်ပွဲတော်ကျင်းပခြင်းများပြုလုပ်သွားမည်ဖြစ် ကြောင်း ဘုရားကျောင်း၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် ဒီဇင်ဘာလ(၂၄)ရက် ညနေ(၅)နာရီတွင် ခရစ်စမတ်နိုဗီနားပြုလုပ်ခြင်းနှင့်ခရစ်စမတ်သီချင်းများ ဧကျူးခြင်းရှိမည်ဖြစ်ပြီး ညနေ(၆)နာရီတွင် ခရစ်စမတ်အကြိုတရားတော်များကိုပူဇော်မည်ဖြစ်သည်ဟုဆိုသည်၊၊
ဒီဇင်ဘာလ(၂၅)ရက်တွင် ခရစ်စမတ်ပွဲတော်မစ္ဆား(အစီအစဥ်)များမှာ မနက်(၆)နာရီ၊(၈)နာရီ၊ မနက်(၁၀) နာရီနှင့်ညနေ(၅)နာရီဖြစ်သည်၊၊
ဒီဇင်ဘာလ(၂၈)ရက်တွင်Holy Innocent Day အတွက် မနက်(၈)နာရီမှ နေ့လည်(၁၂)နာရီအထိ မစ္ဆားတရားတော်မြတ်နှင့် Christmas ပျော်ပွဲရွှင်ပွဲများအား ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် ပါဝင်လိုကြသော ကလေးသူငယ်များ၊ဘုရားပစ္စည်းအရောင်း ဆိုင်တွင် ဒီဇင်ဘာ(၂၅)ရက် မနက်(၉)နာရီမှ (၁၁)နာရီအတွင်း လူကိုယ်တိုင်စာရင်းပေးသွင်း ထားနိုင်ကြောင်းစိန့်မေရီကာသီဒြယ်ဘုရားကျောင်း၊ကျောင်းထိုင်ဘုန်းတော်ကြီးမှရေးသားထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_19 December 2022
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၉၅ ခု ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားသည်။
ခွင့်ပြုပေးထားသည့် ရင်းနှီးမြှုပ်နှံမှုသည် စက်မှုကဏ္ဍဖြစ်ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုဖြစ်ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏသည် မြန်မာကျပ် ၄ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၅ သန်း ရှိကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၁/ ၂၀၂၂) အစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခုကို အတည်ပြုခွင့်ပြုပေးခဲ့ကြောင်းလည်း သိရသည်။
ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအများဆုံးမှာ အာဆီယံနိုင်ငံများနှင့် ဟောင်ကောင်၊ တရုတ်တို့ဖြစ်ပြီး တရုတ်သည် တတိယနေရာတွင် ရှိနေကြောင်း၊ အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် ၅၄ ရာခိုင်နှုန်းအထိရှိပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုသည် ၁၃ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local _News
Published _ 19 December 2022
တစ်ပတ်မှာ သုံးရက်ပြေးဆွဲပေးနေတဲ့ ရန်ကုန်-မန္တလေး အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လေအိတ်ရထား ခရီးစဉ်ကို ဒီဇင်ဘာလ ၂၁ ရက်မှ ဇန်နဝါရီလ ၂ ရက်အထိ ကာလတိုအနေဖြင့် နေ့စဉ်ပြေးဆွဲပေးသွားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ခရီးသွားတွေများပြားနိုင်တာကြောင့် ယခုလိုပြေးဆွဲပေးဖို့ စီစဉ်ရတာဖြစ်ကြောင်းလည်း သိရှိရသည်။
"ရထားထွက်ခွာချိန်နဲ့ လက်မှတ်ခနှုန်းထားကတော့ ပုံမှန်အတိုင်းအပြောင်းအလဲ မရှိဘူး။ လာမယ့် ၂၁ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလအထိ ပြေးဆွဲပေးသွားမှာပါ။ ပထမသတ်မှတ်ထားတဲ့ ၄လပိုင်း ၁ရက်နေ့က သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းတွေအတိုင်း အတက်အကျမရှိပဲ ပြေးဆွဲပေးသွားမှာပါ" ဟု ရန်ကုန်ဘူတာကြီးရဲ့ ရုံပိုင်ချုပ်ကြီးက YMG ကို ပြောခဲ့သည်။
လက်ရှိတွင် ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ အမှတ်(၃)အဆန်၊(၄)အစုန်အမြန်ရထား နေ့စဉ်ပြေးဆွဲပေးနေပြီး အမှတ်(၁)အဆန်၊(၂)အစုန် စာပို့ရထားက တစ်ရက်ခြားနဲ့ အမှတ်(၅)အဆန်၊(၆)အစုန် လေအိတ်အမြန်ရထားကတော့ တစ်ပတ်လျှင် သုံးရက် ပြေးဆွဲပေးနေကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_19 December 2022
ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာပြီး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာလည်း တစ်ပိဿာ ကျပ် ၄၄၁၅ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဒီဇင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ သတ်မှတ်ထားပြီး ပြီးခဲ့သည့် တစ်ပါတ်ထက် ၁၀၀ နီးပါးကျဆင်းလာကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1549 of 2215