#Local_News
Published_ 27 February 2023
ပြည်တွင်းမှာပဲ စားသုံးဆီတွေထုတ်လုပ်နိုင်ဖို့ ဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းမှာ ပဲဆီစက်ရုံတွေထောင်တာ၊ ဆီထွက်သီးနှံတွေ စိုက်ပျိုးတာတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Local_News #စားသုံးဆီ #ပိုထုတ်နိုင်ရန် #ဆီလုပ်ငန်းရှင်များ
#YMG #Yangon_Media_Group
#Local_News
Published_ 27 February 2023
အခြေခံလူတန်းစားတွေ အားထားနေရတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေမြင့်တက်နေပြီး ကြက်ဥ ၊ ဘဲဥဈေးနှုန်းတွေဟာ တစ်လုံး ၃၀၀ ဝန်းကျင်ဈေးရှိနေတယ်လို့ စားသုံးသူတွေကပြောပါတယ်။ ၂၀၂၃ ခုနှစ် အစပိုင်းကစပြီး ဆန် ၊ ဆီ ၊ကြက်သွန်စတဲ့ အခြေခံစားသုံးကုန်တွေဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။
#Local_News #food #egg #rice #oil #onion #YMG
#Yangon_Media_Group
#DailyNews
Published_ 27 February 2023
၁။ အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး ကြက်ဥတစ်လုံး ၃၀၀ ဝန်းကျင်ဈေးမြင့်
၂။ ပြည်တွင်း၌ စားသုံးဆီပိုထုတ်နိုင်ရန် ဆီလုပ်ငန်းရှင်များဆောင်ရွက်နေ၊ လုပ်ငန်းရှင်(၃၀)%မှ အကောင်အထည်ဖော်နေပြီဖြစ်
၃။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၈၂၀ ဒေါ်လာနဲ့ စတင်ဈေးဖွင့်လာ
၄။ မညစ်ပေချင်သည့် ယောက်ျားများအစား နီကာရာဂွာအမျိုးသမီးများချင်းကမာတူးဖော်ရှာဖွေကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 27 February 2023
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်မြို့ရှောင်လမ်းမပေါ်မှာ ပိုက်ဆံအိတ်လုယူ ထွက်ပြေးခဲ့သူကို ဆိုင်ကယ်နဲ့ လိုက်လံဖမ်းဆီးရာက အရှိန်လွန်ကာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လိုက်လံဖမ်းဆီး သူအမျိုးသမီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းက သိရပါတယ်။
#Local_News #ပိုက်ဆံအိတ် #လုယက်သူ #လိုက်လံဖမ်းဆီး #အမျိုးသမီးငယ် #ယာဉ်တိုက်မှု #YMG #Crime
#Yangon_Media_Group
#Local_News
Published_ 27 February 2023
ရက်ချိန်းရယူရန်အသစ်လျှောက်ထားလိုသူများအတွက် စနစ်ပြန်လည်မွမ်းမံမှုများ ပြုလုပ်နေဆဲဖြစ်တဲ့အတွက် ဝန်ဆောင်မှု ပြန်လည်စတင်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး webside စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
တစ်ဦးထပ်ပိုသည့် ပူးတွဲလျှောက်ထားသူများအနေဖြင့် အဖွဲ့တွင်ပါဝင်သောလျှောက်ထားသူအားလုံးအတွက် ငွေပေးချေမှု မပြုလုပ်ရသေးတာကြောင့် ရက်ချိန်းမရှိသေးကြောင်း အဆိုပါ လျှောက်ထားသူများအနေဖြင့် အချက်အလက်သေချာစစ်ဆေးပြီး ငွေပေးချေရန်ကျန်ရှိကြောင်း အသိပေးစာတွေ့ရှိပါက ငွေပေးချေရမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရန်ကုန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ Online Appointment System ရက်ချိန်းရယူခြင်းစနစ်တွင် ကိုယ်ရေးအချက်အလက်ဖြည့်သွင်း၍ ငွေသွင်းပြီးသော်လည်း ရက်ချိန်းမရရှိခဲ့သူများအနေဖြင့် စနစ်တွင်ပြန်လည်စစ်ဆေးနိုင်ကြောင်းမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။
#ynzw/ynzw #ပတ်စ်ပို့ #ရက်ချိန်ရယူသူများ #စနစ်ပြန်လည်
#YMG #Passport #Yangon_Media_Group
#Local_News
Published-27 February 2023
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကျီတိုင်ကျေးရွာအနီးရှိ မြေဧရိယာ ၁၃၂ ဒသမ ၃၅ ဧကပေါ်တွင် တည်ဆောက်နေသော ကင်းတားနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှာ ၉၀ ဒသမ ၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။
ယင်း၏ စက်တပ်ဆင်အင်အားမှာ ၃၀ မဂ္ဂါဝပ်ဖြစ်ကာ လက်ရှိအချိန်တွင် ၁၉ မဂ္ဂါဝပ်ခန့် စမ်းသပ်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းဖြင့် ကင်းတား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၆ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်တို့ အဆိုပါ ကင်းတား ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်း၊ ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၉၃) အနီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းတို့ကို သွားရောက်ခဲ့ကြကြောင်း သိရသည်။
ကင်းတားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပန်းလောင်မြစ်ပေါ်တွင်တည်ရှိပြီး ကျောက်ဖြည့် ရေလှောင်တမံအမျိုးအစားတမံဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၂၈ မဂ္ဂါဝပ်ရှိ သည့် ဓာတ်အားပေးစက် နှစ်လုံးဖြစ်၍ စုစုပေါင်း ၅၆ မဂ္ဂါဝပ်ထွက်ရှိကြောင်း၊ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၁၆၅ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ ကင်းတား-သာစည် ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၉၃) အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲ ရုံ စီမံကိန်းလုပ်ငန်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ၅၀၀ ကေဗွီအေ ဓာတ်အားခွဲရုံစီမံကိန်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအနေဖြင့် လက်ရှိတွင် ၇၃ ဒသမ ၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt #Local_News #ကင်းတား #နေရောင်ခြည်စွမ်းအင်သုံး
#လျှပ်စစ်ဓာတ်အားပေးစက်ရုံ #စီမံကိန်း #YMG#Yangon_Media_Group
#Local_News
Published_ 27 February 2023
အခုရက်ပိုင်းအတွင်း Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံနှင့်ရေဒီယိုထုတ်လွှင့်မှုများ အချိန်(၁)မိနစ်မှ(၁၈) မိနစ်အထိ ယာယီပြတ်တောက်နိုင်ကြောင်း သိရသည်၊၊
Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြုပြီး မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားက ထုတ်လွှင့်နေသည့်TV Channel များနှင့် ရေဒီယို အစီအစဉ်များသည်မတ်လ (၆)ရက်မှ (၁၇)ရက်အထိနေ့စဉ် တစ်မိနစ်ကနေ (၁၈)မိနစ်လောက်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင်သည်ဟု နိုင်ငံပိုင်သတင်းစာ၌ ထုတ်ပြန်ထားသည်၊၊
နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ဂြိုဟ်တုက ပေးပို့ထုတ်လွှင့်နေသည့်အရုပ်/အသံ အချက်အလက်များ ခေတ္တ ယာယီပြတ်တောက်မှုများဖြစ်ပေါ်ခြင်းဖြစ်သည်၊၊
Sun Outage ဖြစ်စဉ်သည် နှစ်စဉ်ကြုံတွေ့ ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လမှာ တစ်ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် တစ်ကြိမ် ကြုံတွေ့ရကြောင်းဖော်ပြထားသည်၊၊
ယင်းဖြစ်စဉ်သည် ထုတ်လွှင့်သည့်ဂြိုဟ်တု၊ ဖမ်းယူတဲ့TVRO (စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ် မူတည်ပြီး Sun Outage ဖြစ်သည့်အချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိကြောင်းသိရသည်၊၊
#ymg/tthl #ရုပ်သံနှင့်ရေဒီယို # ထုတ်လွှင့်သည့်ဂြိုဟ်တု #Signal #အချိန်ပိုင်းပြတ်တောက်နိုင် #Sun Outage #YMG #Yangon_Media_Group
Page 1548 of 2351