#Local_News
Published_ 19 September 2022
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အရှည်ပေ ၃၂၀၀ ကျော်ရှိ ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ် (၂) ကို တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။
မန္တလေး-လားရှိး-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ်(၂)သည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုလမ်းကြောင်း ကန်ပိုက်တီမှ မြစ်ကြီးနားမြို့ကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော လီဒိုလမ်းမကြီးပေါ်၌ တည်ရှိနေတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။
အဆိုပါ တံတားကို တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)က တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး တံတားအရှည် ပေ ၃၂၁၂ ဒသမ ၀၉၉ ပေ၊ ယာဉ်သွားလမ်း အကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၁ မီတာ၊ ရေလမ်းကင်းလွတ် အကျယ် ပေ ၃၅၀ နှင့် ရေလမ်း ကင်းလွတ်အမြင့် ၂၆ ပေ ၃ လက်မ ရှိကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published - 18 September 2022
ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ငွေကြေးပိုလျှံတဲ့သူတွေက လာရောက်ကစားနေတဲ့အတွက် ကားဈေးတွေဟာ အရင်ကထက် မြင့်တက်လာတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 18 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တေးသံရှင်မောင်သိန်းဝင်းနှင့်အတူ
-"ကလေးဘဝကတည်းက သီချင်းဆိုချင်ခဲ့တာဖြစ်ပြီး ၈တန်းနှစ်တွင် သီချင်းစဆိုဖြစ်ခဲ့ကြောင်း
-မျက်လုံးချင်းစကားပြောနေသည်သီချင်းက ဘက်စုံပံ့ပိုးမှုအားကောင်းခဲ့လို့ အောင်မြင်ခဲ့တာဖြစ်ကြောင်း
-အဆိုတော်တစ်ယောက်ဖြစ်ဖို့ အသံကောင်းရုံနဲ့မရဘဲ ဆိုဟန်ကောင်းဖို့လိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။

#LocalNews
Published - 18 September 2022
ကိုဗစ်ကူးစက်မှု များပြားလာသည့်အတွက် လူအများစုဝေး နေထိုင်သည့်နေရာများတွင် ကိုဗစ်ရောဂါကပ်အသွင် ဖြစ်ပွားလာနိုင်ကာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အလေးထားပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်း၊ ပရဟိတဂေဟာ၊ ဘာသာရေး အဖွဲ့အစည်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေနှင့် သင်တန်းများ၊ ဘော်ဒါဆောင်များ၊ အားကစားသမားတွေကို စခန်းသွင်း လေ့ကျင့်ခြင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ လူအများစုဝေး နေထိုင်သည့်နေရာ (Institution)များတွင် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားနိုင်သည့်အတွက် လူအများ စုဝေးနေထိုင်ရာနေရာများဆီသို့ ရောက်ရှိနေထိုင်ရသူတွေသည် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်တွေကို အတိအကျ ပူးပေါင်းလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စက်တင်ဘာလဆန်းပိုင်းကစပြီး ပြည်တွင်း၌ ကိုဗစ်ကူးစက်မှု ပိုမိုများပြားလာနေပြီး နေ့စဉ် လူနာသစ် ၂၀၀ ကျော်နှင့် အထက် တွေ့ရှိနေရကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
ယင်းအပြင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားပါက ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်မှာဖြစ်သည့်အတွက် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်လည်း အသိပေးကြေညာထားသည်။
လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၃၆ ဒသမ ၅ သန်း ရှိပြီး အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၀၅ ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 18 September 2022
အုန်းခွံဖြင့် ဖန်တီးပြုလုပ်ထားတဲ့ အုန်းခွံမာကြယ်သီးတွေ အပါအဝင်အုန်းခွံမာလက်မှု ထုတ်ကုန်တွေကို ပြည်ပဈေးကွက်ရရှိအောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ အုန်းခွံမာလက်မှုထုတ်ကုန်လုပ်ငန်းရှင် ကိုဖိုးဇော်က ပြောပါတယ်၊၊
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 18 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တေးသံရှင်မောင်သိန်းဝင်းနှင့်အတူ
-"ကလေးဘဝကတည်းက သီချင်းဆိုချင်ခဲ့တာဖြစ်ပြီး ၈တန်းနှစ်တွင် သီချင်းစဆိုဖြစ်ခဲ့ကြောင်း
-မျက်လုံးချင်းစကားပြောနေသည်သီချင်းက ဘက်စုံပံ့ပိုးမှုအားကောင်းခဲ့လို့ အောင်မြင်ခဲ့တာဖြစ်ကြောင်း
-အဆိုတော်တစ်ယောက်ဖြစ်ဖို့ အသံကောင်းရုံနဲ့မရဘဲ ဆိုဟန်ကောင်းဖို့လိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1548 of 2022