#Local_News
Published _ 18 November 2022
လတ်တလောမှာ မီးစက်သုံးဖို့လိုအပ်ချက်တွေရှိနေကြပေမယ့်လည်း မရှိမဖြစ်လိုတဲ့ သူတွေပဲဝယ်ယူနိုင်တဲ့အတွက် မီးစက်ဈေးကွက်သိသိသာသာရောင်း အားတက်လာတာမရှိသေးဘူးလို့ မီးစက်ရောင်းဝယ်ရေးလုပ်ငန်းတွေထံမှသိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 18 November 2022
ပြည်တွင်းသကြားလက်ကျန် များပြားနေတဲ့အတွက် ကြံရာသီစချိန်မှာ သကြားဈေးကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 18 November 2022
၁။ ပြည်တွင်းသကြားလက်ကျန်များနေ၍ ကြံရာသီစတင်ချိန် သကြားဈေးကျဆင်းနိုင်
၂။ မရှိမဖြစ်လိုသူများသာဝယ်ယူနိုင်သဖြင့် မီးစက်ဈေးကွက်အနည်းငယ်သာတက်
၃။ ဒီဇင်ဘာလတွင် မိုင်းများမှ ပစ္စည်းအသစ်များထွက်မည်ဖြစ်သည့်အတွက် ရွှေပြတ်လပ်မှုမရှိဟုဆို
၄။ ကမ္ဘာ့ဖလားပြိုင်ပွဲမှတဆင့် ကာတာတို့၏ ရိုးရာအမဲလိုက်ငှက်အားကစားထွန်းကားစေရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 18 November 2022
၁။ ပြည်တွင်းသကြားလက်ကျန်များနေ၍ ကြံရာသီစတင်ချိန် သကြားဈေးကျဆင်းနိုင်
၂။ မရှိမဖြစ်လိုသူများသာဝယ်ယူနိုင်သဖြင့် မီးစက်ဈေးကွက်အနည်းငယ်သာတက်
၃။ ဒီဇင်ဘာလတွင် မိုင်းများမှ ပစ္စည်းအသစ်များထွက်မည်ဖြစ်သည့်အတွက် ရွှေပြတ်လပ်မှုမရှိဟုဆို
၄။ ကမ္ဘာ့ဖလားပြိုင်ပွဲမှတဆင့် ကာတာတို့၏ ရိုးရာအမဲလိုက်ငှက်အားကစားထွန်းကားစေရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_18 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ပြည်ပကို ပဲတန်ချိန် ၉ သိန်း ၃ သောင်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၃၆ ဒသမ ၂၀ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 18 november 2022
ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mart အနီး ဆေးလိပ် အစားထိုးသုံးစက်ရောင်းချသည့် ဆိုင်တစ်ဆိုင်ကို ယနေ့ နိုဝင်ဘာလ ၁၈ရက် နံနက်ပိုင်းက အုပ်စုဖွဲ့၍ ဖောက်ထွင်းမှုကို ခံခဲ့ရကြောင်း သိရသည်။
ယနေ့ နံနက် ၃ နာရီ ၅၃ မိနစ်ခန့်က House Of Flavors အမည်ရှိ အဆိုပါဆိုင်ကို လူ ၆ ဦးက ဖောက်ထွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်း တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါဆိုင်တွင် ညအိပ်စောင့်သော ဝန်ထမ်းတစ်ဦးအား အိပ်ငွေ့ချကာ ဖောက်ထွင်းဝင်ရောက်ခြင်းဖြစ်ကြောင်း၊ ဆိုင်မှတန်ဖိုးကြီးသည့် ပစ္စည်းများကို သယ်ဆောင်သွားကြကြောင်းနှင့် လူကိုမူ အန္တရာယ်မပေးခဲ့ကြောင်း သိရှိရသည်။
ကျူးလွန်သူများမှာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီးနှစ်ယောက်ဖြစ်ပြီး ဆိုင်နောက်ဖေးမှန် တံခါးရှိ သံပန်းကို ဖျက်ဆီးကာ ဆိုင်အတွင်းမှ တန်ဖိုးကြီးပစ္စည်းများ ကာလတန်ဖိုး သိန်း (၇၀) ကျော်ကို ယူဆောင်သွားခဲ့ကြောင်း အဆိုပါ ဖောက်ထွင်းခံရသည့် လုပ်ငန်းလုပ်သူများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိအချိန်တွင် ဖောက်ထွင်းခံရမှုကြောင့်ပုဇွန်တောင်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်းလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_New
Published_18 November 2022
ပြည်တွင်းသို့ လျှပ်စစ်ကားတင်သွင်းခွင့်အတွက် ကုမ္ပဏီ ၂၆ ခု လာရောက်လျှောက်ထားကြောင်း နစကပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အဆိုပါ လျှောက်ထားသည့်ကုမ္ပဏီများကို ခွင့်ပြုထားခြင်းမရှိသေးဘဲ စိစစ်နေဆဲဖြစ်ကြောင်း ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ယင်းက အထင်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ပြည်ပက Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ်၊ Semi-Knocked Down-SKD စနစ်တို့နှင့် တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များကို အခွန်မကောက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဘက်မှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ နေရာ(၅)ခုတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် အားသွင်းရုံ (၅) ခုကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အားသွင်းရုံ (၁) ခုမှာ EV (၅၀) စီး အားဖြည့်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အားသွင်းရုံ (၅)ခုကို ဇီးရိုးမိုင် အမှတ်(၃)လမ်းဆုံ၊ (၁၁၅)မိုင် ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင် (၃၅၂/၃) စကားအင်းလမ်းဆုံတိုတွင် တည်ဆောက်ရန် လျာထားကြောင်းလည်း သိရသည်။
photo-singtech
#ymg/sth
#Yangon_Media_Group
Page 1541 of 2141